» သတင်း

အီရန်က ဘာရိန်းနှင့် ကူဝိတ်ကို တိုက်ခိုက်ပြီးနောက် စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုများကို ရပ်တန့်မည်ဟု ဝါရှင်တန် ခြိမ်းခြောက်

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် တနင်္ဂနွေနေ့တွင် ဘာရိန်းနှင့် ကူဝိတ်ကို ပစ်မှတ်ထားသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကိုစတင်ခဲ့ပြီး ဝါရှင်တန်က ၎င်းတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ပါက စစ်ပွဲအဆုံးသတ်ရန် ဆွေးနွေးမှုများကို “လုံးဝရပ်တန့်” မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းက ယခုနှစ်တွင် ဒါကာသို့ပြန်လာမည်ဟု ပြောကြား

ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ဟောင်း ရှိတ်ဟာစီနာသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် မျက်ကွယ်တွင် သေဒဏ်ချမှတ်ခံရပြီး လပေါင်းများစွာအကြာ ဇွန်လ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုအရ ယခုနှစ်အတွင်း နိုင်ငံသို့ ပြန်လာမည်ဟု ကတိပြုခဲ့သည်။

ဗင်နီဇွဲလားငလျင်ကြောင့် သေဆုံးသူဦးရေ ၁၄၀၀ အထိ မြင့်တက်

ဗင်နီဇွဲလားနိုင်ငံ၏ အင်အားပြင်းငလျင်များကြောင့် သေဆုံးသူဦးရေ ၁၄၃၀ ဦးအထိ ရောက်ရှိခဲ့ပြီး မြေငလျင်လှုပ်ခတ်ပြီး ၇၂ နာရီအကြာ မျှော်လင့်ချက်များ လျော့နည်းသွားချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များသည် စနေနေ့တွင် အပျက်အစီးများကြားမှ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရန် အပြေးအလွှားလုပ်ဆောင်ခဲ့ကြသည်။

တရုတ်နှင့် ရုရှားစစ်လေယာဉ်များ ၎င်း၏လေကြောင်းကာကွယ်ရေးဇုန်သို့ ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား ပြောကြား

ဆိုးလ်မြို့ရှိ ပူးတွဲစစ်ဦးစီးချုပ်များက တရုတ်နှင့် ရုရှားလေယာဉ်များသည် အရှေ့ပင်လယ်နှင့် တောင်ပင်လယ်ရှိ ကိုရီးယားလေကြောင်းကာကွယ်ရေးဇုန် (KADIZ) သို့ ဝင်ရောက်ပြီးနောက် ထွက်ခွာသွားခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၅၂၅ သန်းတန်ဖိုးရှိ တရားမဝင်မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

သူပုန်အဖွဲ့များသည် "နိုင်ငံရေးမရေရာမှုများသောကာလများကို အခွင့်ကောင်းယူပြီး တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြသည်" ဟု ပြည် ထဲရေးဝန်ကြီး ဦးညွန့်ဝင်းဆွေက ပြောကြားကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော််ပြထားသည်။

ဆယ်ကျော်သက်မိန်းကလေးကို သတ်ဖြတ်ပြီး အလောင်းကိုဖျောက်ဖျက်ခဲ့ဟု သြစတြေးလျအမျိုးသား ဝန်ခံ

ထိုင်းနိုင်ငံ၊ ပတ္တရားတွင် သြစတြေးလျအမျိုးသားတစ်ဦးသည် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ဖြတ်ပြီးနောက် အလောင်းကို ခရီးဆောင်အိတ်ထဲထည့်ကာ ရထားလမ်းအနီးတွင် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားသည်။

ဂျပန်နိုင်ငံတွင် ၅.၈ ပမာဏရှိသောငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး တိုကျိုနှင့် အခြားဒေသအများအပြားတွင်ခံစားရ ဟုဆို

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်၊ နံနက် ၁၀ နာရီ ၄၆ မိနစ်က ပြင်းအား ၅.၈ ပမာဏရှိသောငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး အနက် ၅၀ ကီလိုမီတာကို ဗဟိုပြုခဲ့သည်။…

မယ်ဆိုင်နယ်စပ်တွင် မုန့်ဘူးများထဲဝှက်ထားသော ငွေသားဘတ် ၂၃ သန်းကို ထိုင်းအကောက်ခွန် သိမ်းဆည်း

မြန်မာမှတ်ပုံတင်နံပါတ်ပြားပါရှိသော မော်တော်ယာဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ရှာဖွေခဲ့သည်။ ငါးအသားနှင့် အာလူးထုတ်ကုန်များဟု တံဆိပ်ကပ်ထားသော ကတ်ထူပုံးနှစ်ခုအတွင်းဝှက်ထားသော ထိုင်းဘတ် ၁၀၀၀ တန် ငွေစက္ကူများကို အရာရှိများကတွေ့ရှိခဲ့သည်။

ဂျပန်နိုင်ငံတွင် ပြင်းအား ၇.၂ ရှိသော ငလျင်လှုပ်ခတ် ကြီးကြီးမားမားပျက်စီးဆုံးရှုံးမှုမရှိ ဟုဆို

ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းမကြီးပေါ်ရှိ အီဝါတေးစီရင်စု ကမ်းလွန်ပင်လယ်ပြင်တွင် ဒေသစံတော်ချိန် နံနက် ၇:၃၀ က လှုပ်ခတ်ခဲ့သောငလျင်သည် မိုင်ရာပေါင်းများစွာအကွာရှိ တိုကျိုမြို့တွင် တုန်ခါမှုများကိုခံစားခဲ့ရသည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိပါ။

မင်္ဂလာဒုံတွင် ဓားနှင့်ထိုးပြီး ဆိုင်ကယ်လု

“ခရေပင်လမ်းခွဲကနေ လူနှစ်ယောက်က ဆိုင်ကယ်ကယ်ရီ ငှါးစီးလာတာ။ ကျောင်းကြီး(၄)လမ်းအရောက်မှာ ဆိုင်ကယ်အနောက်က တစ်ယောက်က ဖိနပ်ကျွတ်ကျခဲ့လိုဆိုပြီး ဆိုင်ကယ်ကိုရပ်ခိုင်းတယ်။ ရပ်ပေးတဲ့အချိန်မှာ ဆိုင်ကယ်သမားကို ဓားနဲ့စထိုးတယ်။ ဆိုင်ကယ်သမားက ဓာနဲ့တော့မထိုးပါနဲ့ ဆိုင်ကယ်တော့ယူသွားပါလို့ပြောတယ်။ အဲ့ဒါကို နှစ်ယောက်ကဝိုင်းထိုးတယ်။ ဆိုင်ကယ်သမားက ပြတ်ရှဒဏ်ရာသုံးချက်နဲ့ ဒဏ်ရာတွေရတယ်။”