» သတင်း

ညစ်ညမ်းသော တစ်ခါသုံး ကလေးအနှီးများအကြောင်း မီဒီယာများက ဖော်ပြပြီးနောက် တရုတ်က စတင်စုံစမ်းစစ်ဆေး

တရုတ်သတင်းဌာန Economic Information Daily မှ ပြီးခဲ့သည့်အပတ်က သတင်းတစ်ခုအရ Huggies, Babycare နှင့် Bibabebe အမှတ်တံဆိပ်များမှ ကလးအနှီးများတွင် မူးဝေစေနိုင်သော အဆိပ်အတောက်ဖြစ်စေသော အရာတစ်မျိုးဖြစ်သည့် formamide ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရန်ကုန်-မန္တလေးအမြန်းလမ်းတွင် ယာဉ်တိုက်မှုဖြစ် သုံးဦးသေဆုံး၊ လေဦးဒဏ်ရာရ

ဇွန်လ ၂၂ ရက်၊ နံနက် ၃ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်းလမ်း မိုင်တိုင်အမှတ်  ၁၁၇/၇ ဖာလုံကြားတွင် ရတနာဖြိုး Express ယာဉ်က ရွှေမန္တလာ Express ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းကြောင့် အမျိုးသားသုံးဦးသေဆုံးခဲ့ပြီး၊ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့စစ်ရေးပဋိပက္ခ မြင့်တက်လာခြင်းကြောင့် မဲဆောက်နယ်စပ်ရှိ ကျောင်းတစ်ကျောင်း ရပ်ဆိုင်းထား

ထိုင်းနိုင်ငံ၊ တာ့ခ်နယ်စပ်ပြည်နယ် မဲဆောက်ခရိုင်ရှိ ကျောင်းတစ်ကျောင်းသည် တစ်ဖက်နယ်စပ်တွင် မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကရင်တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားတော့မည်ဟူသောသတင်းများ ထွက်ပေါ်လာပြီးနောက် လုံခြုံရေးစိုးရိမ်မှုများကြောင့် စာသင်ခန်းများကို ယနေ့ ရပ်ဆိုင်းလိုက်သည်။

ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေများ ဝင်ရောက်မှုကြောင့် နေအိမ်များနစ်မြုပ်

ဇွန်လ ၂၁ ရက်၊ နံနက် ၁ နာရီခန့်က၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေများဝင်ရောက်ပြီး ငှက်ပျောတောရပ်ကွက်၊ နမ့်မှော်ရွာ၊ လုံးခင်းစျေးတန်းနှင့် လုံးဝေခါမှော်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး၊ နေအိမ်များရေနစ်မြုပ်နေကြောင်း သိရသည်။

စစ်တမ်းကောက်ယူမှုအရ အီရန်သည် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် အနိုင်ရခဲ့သည်ဟု အစ္စရေးလူမျိုးများက ယုံကြည်ကြောင်း တွေ့ရှိ

စစ်တမ်းကောက်ယူခံရသူများ၏ ၉၂.၁ ရာခိုင်နှုန်းက အီရန်သည် ပဋိပက္ခမှ အနိုင်ရခဲ့သည် သို့မဟုတ် ပိုမိုရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး ၈၂.၉ ရာခိုင်နှုန်းက အစ္စရေး၏ ရေရှည်လုံခြုံ ရေး အားနည်းသွားသည်ဟု ခံစားရသည်။

ယူကရိန်းက ရေနံစက်ရုံများကို ပစ်မှတ်ထားလာသဖြင့် ခရိုင်းမီးယားတွင် လောင်စာဆီရောင်းချမှု ရပ်ဆိုင်း

ဓာတ်ဆီဆိုင်များသည် လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများကို ရောင်းချပေးမည်မဟုတ်ဘဲ ခရိုင်းမီးယား၏ "လည်ပတ်မှုနှင့် လုံခြုံရေး" ကို သေချာစေရန် အစိုးရအေဂျင်စီများထံသာ လောင်စာဆီရောင်းချမည်ဟု အုပ်ချုပ်ရေးမှူး Sergey Aksyonov က ပြောကြားသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းခံရသူများ ထိုင်းနိုင်ငံသားမဟုတ်သော မှတ်ပုံတင်ကတ်များရရှိ

ထိုင်းအစိုးရသည် နိုင်ငံသားမဟုတ်သူများအား တရားဝင်မှတ်ပုံတင်ကတ်များ ထုတ်ပေးနေပြီဖြစ်သည်။ အဆိုပါကတ် ကိုင်ဆောင်ထားသူများကို "မြန်မာနိုင်ငံမှ ရွှေ့ပြောင်းခံရသူများ" အဖြစ် တရားဝင်အသိအမှတ်ပြုသည်။

မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းကောင်းချောင်းသည် စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေ

“ဒီနေ့ နေ့လည်အထိက မိုးကရွာနေတုန်းမိုးရွာတော့ ရေတက်လာတာက ပိုစိုးရိမ်ရတယ်ပြောရမယ်။ မြေနိမ့်ပိုင်းတွေဆို ပိုဆိုတယ်လာလို့ လှေတွေနဲ့ပဲရတော့တယ်။ အခုတော့ နီး စပ်ရာဆွေမျိုးအိမ်နဲ့ ကယ်ဆယ်ရေးဖွင့်ပေးထားတဲ့နေရာတွေမှာ နေကြပါတယ်။ ပြောင်းတဲ့သူရှိသလို မပြောင်းတဲ့သူတွေလည်းရှိတယ်။ စားဖို့သောက်ဖို့ကတော့ ဒီထက်ရေတက်လာဦးမယ်ဆို ခက်ခဲမှာပါ။ လှူတဲ့သူတွေတော့ လှူနေပါတယ်။…

ကျူးဘားတော်လှန်ရေးနောက်ပိုင်း အကြီးမားဆုံး စီးပွားရေးပြောင်းလဲမှုအဖြစ် လွတ်လပ်သောစျေးကွက်ကို ဖော်ဆောင်နေ

စောင့်ကြည့်သူများက ကျူးဘား၏ လွတ်လပ်သောစျေးကွက်ပြုပြင်ပြောင်းလဲမှုအသစ်သည် ကျူးဘားတော်လှန်ရေးနောက်ပိုင်း ကွန်မြူနစ်စီးပွားရေးကို အကျယ်ပြန့်ဆုံး စီးပွားရေးပြုပြင်ပြောင်းလဲမှုဟု ခေါ်ဆိုခဲ့ကြပြီး သမ္မတဟောင်း ရာအူးလ် ကက်စထရို၏ မြေးဖြစ်သူက အင်တာဗျူးတစ်ခုတွင် ကျူးဘား၏စီးပွားရေးကို ရှေ့သို့တွန်းတင်ရန် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သံတမန် ဝစ်ကော့ဖ်နှင့် အီရန်ဝန်ကြီးတို့ ဆွစ်ဇာလန်တွင် တွေ့ဆုံဆွေးနွေးမည်

လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေးသည် အီရန်ကြားကာလစစ်ပွဲသဘောတူညီချက်ကို ရေရှည်တည်တံ့သော ဒေသတွင်းသဘောတူညီချက်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုများကို ပြန်လည်အသက်သွင်းနေပုံရသောကြောင့် အမေရိကန်သံတမန် စတိဖ် ဝစ်ကော့ဖ်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘစ် အာရာချီတို့သည် သောကြာနေ့တွင် ဆွစ်ဇာလန်သို့ သွားရောက်ဆွေးနွေးခဲ့ကြသည်ဟု အဆီရိုက ပြောကြားသည်။