» သတင်း

ထောက်ရှာပင်- ကမ်းနီရေနံမြေတွင် ရေနံတိုးမြှင့်ထုတ်လုပ်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် North Petro-Chem Corporation (Myanmar) Limited တို့ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံတွင် စက်သုံးဆီ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှဝယ်ယူတင်သွင်းနေရပြီး ပြည်တွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုမိုတူးဖော်ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ သံပရာကန်ရေနံချက်စက်ရုံကိုလည်း အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောကြားသည်။

အငြင်းပွားနယ်စပ်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို တိုက်တွန်း

နှစ်ပေါင်းများစွာကြာ အငြင်းပွားနယ်စပ်ကိစ္စတွင် သဘောထားကွဲလွဲမှုတစ်ခုကြောင့် ပြီးခဲ့သည့်နှစ်က အသက်ဆုံးရှုံးမှုများဖြစ်စေခဲ့သော ပဋိပက္ခနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို အမြန်ဆုံးပြန်လည်စတင်ရန် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံကို တိုက်တွန်းလိုက်သည်။

ဘားအံတွင် သံလွင်မြစ်အတွင်း ရေဆင်းကူးသည့် လူငယ်နှစ်ဦး ရေနစ်သေဆုံး

“ရေကူးရင်း ရေနစ်ပျောက်ဆုံးနေတဲ့ ကလေးနှစ်ယောက် ပြန်တွေ့ပါပြီ။ မနေ့ည ၈ နာရီကျော်လောက်က တစ်ယောက်တွေ့တယ်။ ဒီနေ့မနက် ၈ နာရီကျော်က တစ်ယောက်ထပ်တွေ့တယ်။ အသက်တွေက ၁၅ နှစ်အရွယ်တစ်ယောက်နဲ့ ၁၄ နှစ်အရွယ်တစ်ယောက်။ မိသားစုတွေနဲ့လည်း အဆက်အသွယ်ရပါပြီ။ ဒီရွာခံတွေပဲဆိုတော့။”

ပုပ်ရဟန်းမင်းကြီး လီယိုက ‘စစ်ပွဲတွေ လုံလောက်ပြီ’ ဟု ပြင်းပြင်းထန်ထန် ပြောကြား

ပုပ်ရဟန်းမင်းကြီး လီယိုက စစ်မက်လိုလားသူများကိုဝေဖန်ခဲ့ပြီး ငြိမ်းချမ်းရေးကိုလက်ခံပြီး "ချစ်ခြင်းမေတ္တာ၊ ဆင်ခြင်တုံတရားနှင့် ကောင်းမွန်သည့်နိုင်ငံရေးကို တစ်ဖန်ပြန်လည်ယုံကြည်ရန်" ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာကို စနေနေ့တွင် တိုက်တွန်းခဲ့သည်။

အီရန်နှင့်ဆွေးနွေးပွဲများ သဘောတူညီမှု မရရှိခဲ့ကြောင်း ဒုသမ္မတ ဂျေဒီဗန့်စ် ပြောကြား

အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်နှင့်ဆွေးနွေးပွဲများသည် သဘောတူညီချက် မရရှိခဲ့ကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး နောက်ဆုံးနှင့် အကောင်းဆုံးကမ်းလှမ်းချက်ကိုတင်ပြပြီးနောက် ထွက်ခွာသွားမည်ဟု ပြောကြားသည်။

ထိုင်းနိုင်ငံတွင် သင်္ကြန်ပွဲတော်ရုံးပိတ်ရက် နှစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် ၇၁ ဦးသေဆုံး

မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းတွင် အများစုမှာ မြန်နှုန်းမြှင့်မောင်းနှင်မှုကြောင့် ၄၅% ဖြစ်ပြီး အရက်သောက်ပြီးမောင်းနှင်မှုကြောင့် ၂၅% ဖြစ်သည်။ မတော်တဆမှု၏ ၆၁% တွင် မော်တော်ဆိုင်ကယ်များနှင့် ပတ်သက်ခဲ့သည်။

လားရှိုး-သီပေါလမ်းတွင် ခရီးသည်တင်ယာဉ်တိမ်းမှောက် လေးဦးသေဆုံး၊ ကိုဦးဒဏ်ရာရ

“ရွှေတောင်တန်းယာဉ်လိုင်းကလို့ သိရတယ်။ အန်စာတုံး။ အရှိန်လွန်တိမ်းမှောက်တာ။ လေးဦးသေတယ်။ ယာဉ်မောင်းအမျိုးသားတစ်ဦး၊ ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး။ အမျိုး သမီးနှစ်ဦးမှာ သေသွားတဲ့ကလေးရဲ့အမေပါတယ်။ ကိုဦးဒဏ်ရာရတယ်။ ကားပေါ်မှာ စုစုပေါင်း ၁၃ ယောက်ပါတာ။” ဟု ကမ်းလင့်လက် လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက…

ဟောင်ကောင်တွင် အလုပ်ခွင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု တိုင်ကြားချက်များ ၃၈% မြင့်တက်လာ

အလုပ်အကိုင်နှင့်သက်ဆိုင်သောနှောင့်ယှက်မှု တိုင်ကြားချက်များသည် ၂၀၂၄ ခုနှစ်တွင် ၁၅၆ ခုမှ ပြီးခဲ့သည့်နှစ်တွင် ၂၀၇ ခုအထိ မြင့်တက်လာခဲ့သည်။ အလုပ်ရှင်နှင့်ဝန်ထမ်း ဆက် ဆံရေးမရှိဘဲ အလုပ်ခွင်တွင် မျှဝေနေထိုင်သူများအကြား မလိုလားအပ်သော လိင်ပိုင်းဆိုင်ရာအပြုအမူများအပါအဝင် အလုပ်နှင့်မသက်ဆိုင်သောအမှုများသည် ၇၂ ခုမှ…

အီရန်စစ်ပွဲကြောင့် လက်ဘနွန်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေး

နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားမှုကြောင့် အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် လေကြောင်း တိုက်ခိုက်မှုများကို ရပ်တန့်စေခဲ့သော်လည်း လက်ဘနွန်နိုင်ငံရှိ အီရန်၏ ဟစ်ဇ်ဘိုလာမဟာမိတ်များကို အစ္စရေးက တိုက်ခိုက်နေသည့်စစ်ပွဲကို ယခုအချိန်အထိ ငြိမ်သက်အောင် မလုပ်နိုင်ခဲ့ပေ။

ရုရှားသမ္မတက အော်သိုဒေါ့စ် အီစတာပွဲတော် အပစ်အခတ်ရပ်စဲကြောင်း ကြေညာ၊ ယူကရိန်းသမ္မတ သဘောတူ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အော်သိုဒေါ့စ် အီစတာပွဲတော်အတွက် နှစ်ရက်ကြာ (၃၂ နာရီ) အပစ်အခတ်ရပ်စဲကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီး၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီက ကိယက်ဗ်မြို့သည် ယင်းအစီအမံကို လိုက်နာမည်ဟု ပြောကြားခဲ့သည်။