» အတွေးအမြင်

ဝါလကင်းလွတ် သီတင်းကျွတ်

မြင့်မြတ်အောင်မြင် “သာစွလေ မြောက်လေပြန်စ ကောင်းကင်လနှင့် အသဝတီ ပြည့်လာညီသော် ရာသီတူခွင် ရေပြင်လှတင့် ကြာမျိုးပွင့်၍ မြတ်ကျင့်ခေါင်ထွက် သီတင်းကျွတ်ကား” ဟု ညောင်ရမ်းခေတ် ဆယ့်နှစ်ရာသီဖွဲ့ လူးတားတွင် စာဆိုတော်ကြီး ဆီသည်ရွာစား ဦးအောင်ကြီးက လှပစွာနိဒါန်းပျိုး၍ သီတင်းကျွတ်လ…

ခေတ်ပြိုင်ကမ္ဘာထဲက ခေတ်ပြိုင်ကဗျာတစ်ပုဒ် ဘာသာပြန်ခြင်း

အများစုက အရင်းခံအကြောင်းတရားထိရောက်အောင် မလေ့လာကြသလို မစဉ်းစားကြပါ။ လတ်တလောဖြစ်နေတဲ့ အခြေအနေအပေါ်မှာပဲ စိတ်ခံစားမှု အလိုဖက်ပြီး သတ်မှတ်ဆုံးဖြတ် လုပ်ဆောင်နေကြတာက အမှန်တရားနဲ့ရော ငြိမ်းအေးမှုနဲ့ပါ ဝေးဝေးပြီး ကွာလှမ်းစေတာပါပဲ

မိုးမချုပ်ချင်လည်း ချုပ်နေရဦးမည်

ဘယ်မှာတော့ ဖုန်းတွေ၊ ပိုက်ဆံတွေ လုသွားပြန်ပြီ။ ဘယ်မှာတော့ ပစ္စည်းယူရုံတင်မက လူကိုပါသတ်သွားတာဆိုသည့် သတင်းများကြားတိုင်း မိဘကတစ်လှည့်၊ ဇနီးသည်ကတစ် လှည့် ကိုရှည်ကြီးထံ ဖုန်းဆက်ကြရသည်။

တာလပတ်အမိုးလေး လုံရဲ့လား

စက်ဘီးပိုပြင်ရ၍ ဝင်ငွေတိုးလာသည်ဟု ဆိုရသော်လည်း ကြီးမြင့်လာသည့် အရပ်ရပ်ကုန်ဈေးနှုန်းကြောင့် အလုပ်ပိုလုပ်ရ၍ လူပိုပင်ပန်းတာလျှင် အဖတ်တင်သည်။ စုမိဆောင်းမိ သည့်အဆင့်ကို မရောက်နိုင်သေးဘဲ ဂျာအေးသူ့အမေ ရိုက်သကဲ့သို့ လုံးလည်ချာလည် လိုက်နေသေးသည်။

အငြိမ့်ကား

မင်းသမီးရော အတီးဆရာတွေရော အညာနေပူပူ ဖုန်ထူထူမှာ ချွေးတလုံးလုံး တော်တော်ကြိုးကြိုးစားစားဆိုကြ၊ ကကြတာပါပဲ။ အညာကပေတရာလမ်းတွေက ဖုန်ပေါတယ်။ လမ်းပေါ်လူထူထူတက်လာပြီဆို လူလုံးအတိုင်း ဖုန်လုံးက တက်လိုက်လာတာပဲ။

အတက်ကြမ်းလေ အကြပ်ကြမ်းလေ

အလုပ်အကိုင်ရှားပါး၍သာ ရှိသည့်အလုပ်လေး အဆင်ပြေအောင် လုပ်ကိုင်နေကြရသော်လည်း ဝင်ငွေမတိုး၊ ထွက်ငွေတိုးလာ သည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ကိုညွန့်ကဲ့သို့ အခြေခံလူတန်းစားများ အတော်ပင်အခက်တွေ့ရသည်။

မိုးစက်တွေက ပူလိုက်တာ

ဆိုက်ကားအုံနာခ တစ်ရက်ကိုထောင့်နှစ်ရာ၊ အိမ်စရိတ်၊ ကလေးမုန့်ဖိုး၊ လကုန်လျှင် အိမ်ငှားခ စသည့်အထွေထွေအသုံးစရိတ်များပေါင်းလျှင် ကိုသောင်းတန်အတွက် တစ်နေ့တစ် သောင်းခွဲခန့် ဝင်ငွေရှိမှ အဆိုပါစရိတ်အားလုံး ကာမိရုံရှိမည်။

စျေးဝယ်… စျေးသည်… ဝဋ်ကြွေးရယ်

ယခုလည်း လဘက်ရည်ဆိုင်မှာ စျေးသည်နှစ်ယောက် လဘက်ရည်သောက်ရင်းပြောနေကြတာ ငွေကျပ်တည်းတဲ့ကိစ္စ။ လဘက်ရည်သောက်ရင်း သူတို့ပြောနေတာတွေကို တစ် ဘက်၀ိုင်းမှာထိုင်နေသည့်ကျနော်မှာ အာရုံစိုက်နားထောင်စရာမလိုဘဲ ကြားနေရသည်။ သူတို့ပြောနေသည်က နေ့ပြန်တိုးပေးရတာ မနိုင်တော့သဖြင့် အခက်တွေ့ကာ...

ထီးတစ်ချောင်းနှင့် မှတ်ချက်

ငွေလွှဲရာတွင် ယခင်လို Note နေရာတွင်ဘာမှမရေးဘဲ မလွှဲရန်နှင့် ထီးဝယ်ခြင်းအတွက်ဟု ရေးပေးရန်ပြော သည်။ ဒီလိုသတ်မှတ်ချက်က အထူးအဆန်း။ နေ့တိုင်းအလုပ်ထဲမှာ ငွေသိန်းချီလွှဲနေကြတာ ဒီလိုရေးတာ၊ ပြောတာမကြား။ ဒီစျေးထဲရောက်မှ ငွေတစ်သောင်းကျော်လွှဲတာ ဘာ ကြောင့်ဆိုပြီးရေးပေးရမည်ဆိုသည်။ တကယ်ကို အဆန်းကြီး။

စျေး…တောင်ကုန်း

ကျနော့် လစာမှာ ပြီးခဲ့သောနှစ်ကုန်ကမှ ၂၀၂၀ တုန်းကပေးခဲ့သည့် မူလလစာကိုပြန်ရသည်။ သို့သော် ကုန်စျေးနူန်းက ၂၀၂၀ တုန်းကလို မဟုတ်တော့။ ဒီတော့ မနက်စောစော စျေးသွားဖို့ အိမ်မှာကျနော် ဝေ့လည်ကြောင်ပတ်လုပ်ရတာက မူလတန်းကျောင်းသားတစ်ယောက် ကျောင်းတက်ဖို့ အီလေးဆွဲနေသလိုပင်။  မသွားချင်၊…