» အတွေးအမြင်

နိုင်ဝင်းဆွေဆီ ပို့ပေးပါ (၂)

သူ့အလောင်းကို မြေမြုပ်ချိန်မရတော့တဲ့အတွက် အသက်မဲ့တဲ့ခန္ဓာကိုယ်ပေါ်မှာ တော်လှန်ရေးရဲဘော်တချို့ တောပန်းပွင့်တွေ ဖုံးပေးခဲ့တယ်လို့ ရေးပါတယ်။ ရှင်သန်ရပ်တည်ရေး၊ ခုခံရေးစစ်ပွဲကြားမှာ ဘဝတစ်ခုလုံးကို ကျောပိုးအိတ်ထဲထည့် အားလုံးခရီးဆက်ကြရတဲ့အချိန် တောပန်းတွေဖုံးပေးခဲ့ကြတာကို ကျေးဇူးတင်မိပါတယ်။

နိုင်ဝင်းဆွေဆီ ပို့ပေးပါ

ဒါပေမဲ့လည်း ABSDF ရဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ နိုင်ငံရေးမုန်တိုင်း၊ လှိုင်းဂယက်တွေကြားမှာ ကျနော်ဟာ ဘာမှန်းမသိတဲ့အမှုတစ်ခုနဲ့ အရေးယူခံရသူတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ နောက်ရက်ကစပြီး ကျနော့်ကို အပြင်သွားလာခွင့်ပိတ်ပင်ပြီး အလုပ်ကြမ်းနဲ့ အကျယ်ချုပ်ချထားတဲ့အကြောင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့် (ကွယ်လွန်) က…

ငလျင်လှုပ်ရင် ဘယ်လို အကာအကွယ်ယူရမလဲ

သင်ဟာ အိမ်ထဲမှာရှိနေရင် ပြတင်းပေါက်၊ တံခါးပေါက်တွေနား မသွားပါနဲ့။ သင့်အိမ်တွင်းမှာ တောင့်တင်းတဲ့စားပွဲတွေ၊ ခုံတွေ၊ ကုတင်တွေကို လိုအပ်သလိုအသုံးချနိုင်ဖို့ ကြိုတင်စဉ်းစားပြင်ဆင်ပါ။ အပေါ်ကပြုတ်ကျ ပြတ်ကျလာနိုင်တဲ့အရာတွေကို သတိထားပါ။

မြန်မာနိုင်ငံရေးပဋိပက္ခတွေအပေါ် အမေရိကန်ရဲ့ချဉ်းကပ်မှုပုံစံ ပြောင်းလာမှာလား

အမေရိကန်အစိုးရအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးဟာ ဇွန်လ ၂၁ ရက်နေ့က ဗီယက်နမ်နိုင်ငံကိုရောက်ရှိလာခဲ့ပြီး မြန်မာရေတပ်တပ်ဖွဲ့မှ တပ်မှူးတစ်ဦးဖြစ်သူနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရှေ့အာရှနဲ့ ပစီဖိတ်ရေးရာဒုတိယဝန်ကြီး ဒန်နီရယ် ကရီတန်ဘတ်ချ်ဟာ မြန်မာရေတပ်တပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးဖြစ်သူ ကျော်လင်းဇော်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်တယ်လို့ အဲဒီအစည်းအဝေးနဲ့နီးစပ်နဲ့သူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထာဝရလင်းယုန်(သို့မဟုတ်) ဗန်းမော်တင်အောင်

ဆရာဗန်းမော်တင်အောင်ကွယ်လွန်သော ၁၉၇၈ တွင် ကျနော် ဆရာ့စာတွေဖတ်ဖူးနေပေပြီ။ ဆရာ့ဝတ္ထုများကိုတော့ အဖတ်နည်းသည်။ မှတ်တန်းအခြေပြု ပညာရပ်စာအုပ်များကိုသာ အလေ့အလာပိုများသည်။ အနုစကြဠာနှင့် မဟာစကြဝဠာ၊ သဘာဝသိပ္ပံ၊ သဘာဝတ္တ၊ ရုပ်ကမ္ဘာ၊ ဆိုရှယ်လစ်ဋီကာ၊ ဆိုရှယ်လစ်အဘိဓာန်၊ ဂျက်လန်ဒန် သူ့ဘဝနှင့် သူ့စာပေ၊…

ဟင်းရည်အပို သုံးရာ

ဘယ်သူမှ ဒီခေတ်မှာ မုန့်ဟင်းခါးအရည်ကို အလကားမပေးနိုင်တော့ဘူး။ ငါးစျေးသိလား၊ တစ်ပိဿာကို တစ်သောင်းခွဲနားကပ်နေပြီ။ ကြက်သွန် လေးထောင့်ငါးရာစျေး။ ကုလားပဲ ရှစ်ထောင် တစ်သောင်း။ စားအုန်းဆီ ခြောက်ထောင်နားကပ်နေပြီ သိလား။

တက်ဖို့ မစဉ်းစားနဲ့၊ ဆင်းဖို့သာ ပြင်

ယခင်ကဆို မနက်ဘက်မြိုထဲရောက်မှ ကော်ဖီသောက်သည်။ လမ်းထဲမှာက လူမစုံ။ မြိုထဲလမ်းပလက်ဖောင်းမှာ လူရှင်းနေချိန် မြစ်ဘက်ကတိုက်လာသည့် မနက်လေပြေနှင့် ကော် ဖီတစ်ခွက်သောက်ရတဲ့အရသာက မလဲနိုင်။ ယခု ဒီလိုပုံမှန်သောက်မည်ဆို အသုံးလျော့ရမည်။

ခွဲခွာစွန့်လွှတ်လိုက်ရခြင်းများ

စျေးသည်ငြီးတော့မှာ စက်သုံးဆီပြတ်လို့ ကားသမားတွေ ဒုက္ခများနေတာကို သိသည်။ ညက ဆီဆိုင်တွေရှေ့မှာ ကားတွေစီနေတာတွေ့သည်။ ဆီမရပါလို့ ဆိုင်းဘုတ်ထောင်ထား တာလဲ တွေ့သည်။ ဒီလောက်ထိဖြစ်မည်မထင်။ ရှေ့တုန်းကလဲ ဒီလိုပဲစျေးတက်လို့ ကားသမားတွေအော်ကြသည်။

လွမ်းမောဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့များ

၂၀၀၂ ခုနှစ်က ပဲကြာဇံ တစ်ပိသာကိုမှ ၁၆၀၀ ကျပ်ရယ်။ ကြက်သားက ၂၀၀၀ စျေး။ ငါးဖယ်လည်း ၂၀၀၀ စျေး၊ ဘဲဥ ၁၀ လုံး ၃၀၀၊ ကြက်သွန်နီ တစ်ပိသာ ၁၈၀ ကျပ်။…

အလုပ်ချိန် ၁၈ နာရီ

ထိုအချိန်တွင် မီးရောင်မှိတ်တုတ်မှိတ်တုတ်နှင့် သုံးဘီးဆိုင်ကယ်(ဘေးတွဲ) တစ်စီး မျက်နှာချင်းဆိုင်လမ်းမက မောင်းလာတာကို တွေ့လိုက်ရသည်။ ရလို့ရငြား ငှားကြည့်ရမှာပဲ ဆို သည့်စိတ်နှင့် လက်တားလိုက်မိသည်။