ဂါဇာ၊ ဇူလိုင် ၂၇
ဂါဇာမြောက်ပိုင်းသို့ အကူအညီပေးရေးပစ္စည်းများကို အစ္စရေးက လေကြောင်းမှပစ်ချခဲ့ခြင်းကြောင့် ကယ်ဆယ်ရေးစခန်းတစ်ခုမှ ရွှေ့ပြောင်းနေထိုင်သူများ၏ တဲများပေါ်သို့ တိုက်ရိုက်ပြုတ်ကျခဲ့ရာ ပါလက်စတိုင်း ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက ပြောကြားသည်။
ဂါဇာကမ်းမြှောင်သို့ အကူအညီများဝင်ရောက်ခြင်းကိုခွင့်ပြုရန်နှင့် လွယ်ကူချောမွေ့စေရေးကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို လေကြောင်းမှချပေးခဲ့ကြောင်း အစ္စရေးစစ်တပ်က စနေနေ့တွင် ကြေညာခဲ့သည်။
သို့သော် ဂါဇာမှဒေသခံသတင်းရင်းမြစ်များက Al Jazeera သို့ပြောကြားရာတွင် အချို့သောကယ်ဆယ်ရေးပစ္စည်းများသည် မြောက်မှ တောင်ဘက်ကမ်းရိုးတန်းတစ်လျှောက် al-Rasheed လမ်းအနီးရှိတဲများကို ထိမှန်သွားခဲ့ကြောင်း ပြောကြားသည်။
အချို့သောကယ်ဆယ်ရေးပစ္စည်းများကို ဂါဇာမြောက်ပိုင်းရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဝေးကွာသောနေရာများကို ချပေးခဲ့ပြီး၊ အစ္စရေးစစ်တပ် တပ်စွဲထားသည့်နေရာအနီးသို့ ပစ္စည်းအများအပြားကို ကြဲချခဲ့သည်။

လပေါင်းများစွာ နိုင်ငံတကာဖိအားပေးမှုများ ရှိလာပြီးနောက်၊ တနင်္ဂနွေနေ့တွင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသများရှိ ၎င်းတို့နေ့စဉ်စစ်ဆင်ရေးများကို နည်းဗျူဟာအရ ခေတ္တရပ်ခဲ့ပြီး အကူအညီပေးရေးစင်္ကြံအသစ်များ ထူထောင်ခဲ့သည်။
အစ္စရေး၏ လေကြောင်းပစ်လွှတ်မှု စစ်ဆင်ရေးနှင့် ဂါဇာရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံများကို “ကမ္ဘာ့ရှေ့မှောက်တွင် ၎င်းတို့၏ပုံရိပ်ကို ဖြူစင်အောင်ဆေးကြောရန်ရည်ရွယ်သည့် သင်္ကေတနှင့် လှည့်စားသည့်လှုပ်ရှားမှု” ဟုယူဆကြောင်း ဟားမတ်စ်အဖွဲ့က ပြောကြားသည်။
ပါလက်စတိုင်းအပေါ် ငတ်မွတ်ခေါင်းပါးရေးလှုပ်ရှားမှုကို အဆုံးသတ်ရေး အစ္စရေး၏ဝိုင်းရံထားမှုကို ရုတ်သိမ်းရန် နိုင်ငံတကာတောင်းဆိုချက်များကို ရှောင်ဖယ်နေသည်ဟု ဟားမတ်စ်ကပြောကြားပြီး၊ ၎င်းသည် “အငတ်ဘေးကို စီမံခန့်ခွဲရန် တွက်ချက်ထားသောမူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်” ဟု ပြောကြားသည်။
“ဂါဇာကမ်းမြောင်ဒေသသို့ အစားအစာနှင့် ဆေးဝါးများရောက်ရှိလာခြင်းသည် နှစ်သက်စရာမဟုတ်ပါ၊ ၎င်းသည် သဘာဝအခွင့်အရေးတစ်ခုဖြစ်ပြီး၊ အရေးတကြီးလိုအပ်နေသည့် ကပ်ဘေးကိုရပ်တန့်ပေးတဲ့” နာဇီများသိမ်းပိုက်ထားသည့်ဒေသမှ လုပ်ရပ်မျိုးသာဖြစ်သည်ဟု ဟားမတ်စ်က ပြောကြားသည်။
ဟားမတ်စ်သည် အရပ်သားများ အစုလိုက်အပြုံလိုက်သေဆုံးစေသည့် မူဝါဒများအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတွင် တိုက်ရိုက်တာဝန်ရှိပြီး၊ အကူအညီများကို ကိုင်တွယ်ဖြေရှင်းမှုနှင့် ပါလက်စတိုင်းတို့ ငတ်မွတ်ခေါင်းပါးသေဆုံးရမှုများအတွက် “စစ်ရာဇ၀တ်မှုများဟု ပြတ်ပြတ်သားသား” ခေါ်ဆိုခဲ့သည်။
Credit: Al Jazeera
#ယနေ့ခေတ်
ဂါဇာမြောက်ပိုင်းသို့ အကူအညီပေးရေးပစ္စည်းများကို အစ္စရေးက လေကြောင်းမှပစ်ချ ၁၁ ဦးထက်မနည်းဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်