ဘန်ကောက်၊ ဩဂုတ် ၁၂
အလယ်တန်းစာမေးပွဲတွင် အမှတ်ပြည့်မရသောကြောင့် ၁၁ တန်းကျောင်းသားတစ်ဦးက ဆရာမတစ်ဦး၏မျက်နှာကို ထိုးကြိတ်ခဲ့ရာ ရဲတပ်ဖွဲ့ကိုတိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ ပုဂ္ဂလိကကျောင်းတစ်ကျောင်းတွင် သြဂုတ် ၅ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စာမေးပွဲတွင် အမှတ် ၂၀ မေးခွန်းအတွက် ၁၈ မှတ်ရရှိသည့် ကျောင်းသားတစ်ဦးက အမှတ်ပြည့်မရခဲ့ခြင်းနှင့်ပတ်သက်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်ကာ ဆရာ့မကိုမေးမြန်းရန် ဆရာမထံသွားရောက်ခဲ့သည်။
ဆရာမက ၎င်း၏ဖြေဆိုချက်များသည် မှန်ကန်သော်လည်း မေးခွန်း၏လိုအပ်ချက်အတိုင်း သူ့လုပ်ငန်းကို ရှင်းမပြနိုင်ခဲ့ကြောင်း ပြောသည်။ ထို့ကြောင့် အမှတ်ပြည့်မပေးနိုင်ခဲ့ကြောင်း ဆိုသည်။ သူမအနေဖြင့် သတ်မှတ်ထားသော တာဝန်တတ္တရားကို လိုက်နာခြင်းရှိ/မရှိ အခြားဆရာများကိုမေးမြန်းရန်လည်း သူမက အကြံပြုခဲ့သည်။
အခြားဆရာများနှင့်တိုင်ပင်ကာ အလားတူရှင်းပြချက်ကိုရရှိပြီးနောက် ကျောင်းသားသည် စာသင်ခန်းသို့ပြန်သွားပြီး သူ၏ရမှတ်ကိုတိုးပေးရန် တောင်းဆိုခဲ့သည်။ ဆရာမကငြင်းဆိုသောအခါ ၎င်း၏စိတ်ကိုထိန်းသိမ်းခြင်းမပြုဘဲ စားပွဲတစ်လုံးကိုကန်ထုတ်ကာ စာသင်ခန်းထဲမှ ထွက်သွားသည်။
၁၀ မိနစ်ခန့်အကြာတွင် သူသည် စာသင်ခန်းသို့ပြန်ဝင်လာပြီး သူ့အားပြန်လည်တောင်းပန်ရန် ဆရာ့မကိုပြောဆိုခဲ့သည်။ ဘယ်သူကတောင်းပန်ရမှာလဲဟု ဆရာမကပြန်လည်ပြောဆိုရာ ကျောင်းသားသည် မတ်တတ်ရပ်ပြီး အတန်းဖော် ၂၀ ကျော်ရှေ့တွင် ဆရာမ၏မျက်နှာကို လက်သီးဖြင့်ထိုးကြိတ်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ဆရာမ၏ဘယ်ဘက်မျက်လုံးတွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ ဦးခေါင်းရောင်ရမ်းပြီး၊ နံ ရိုးများထိခိုက်ခဲ့သည်။ သူမသည် ဆေးရုံတွင်ကုသမှုခံယူရန်လိုအပ်ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့သည်။
ကျောင်းသားမိဘများက ဆရာမကိုတောင်းပန်ရန် ဆက်သွယ်ခဲ့သည်။ အဆိုပါကျောင်းသားအား ဆိုင်းငံ့ထားပြီး ကျောင်းမှထုတ်ပယ်ရန် တောင်းဆိုခဲ့သည်။
Credit: bangkokpost.com
#ယနေ့ခေတ်
စာမေးပွဲရမှတ်ကိုမကျေနပ်သည့် ကျောင်းသားတစ်ဦး ဆရာမကို ကိုယ်ထိလက်ရောက်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်