ဆီးရီးယားနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်ရုတ်သိမ်း

ဒမတ်စကတ်၊ မေ ၂၅

ဆီးရီးယားအာဏာပိုင်များသည် ပိတ်ဆို့အရေးယူမှုများကို ရုတ်သိမ်းပေးသည့် အနောက်နိုင်ငံများနှင့်ဆက်ဆံရေး မြှင့်တင်ရန်ကြိုးစားနေစဉ် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးတိုက်ဖျက်မှုနှင့် မှောင်ခိုရောင်းချသူများကိုနှိမ်နင်းရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းမည်ဟု စနေနေ့ကကြေညာခဲ့သည်။

၁၄ နှစ်ကြာ ဆိုးရွားခဲ့သောပြည်တွင်းစစ်အပြီးတွင် ဆီးရီးယားနိုင်ငံကို ပြန်လည်စတင်ရန်နှင့် ပြန်လည်တည်ဆောက်ရန် စိတ်အားထက်သန်သော ဒမတ်စကတ်အာဏာပိုင်များက ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ခြင်းအတွက် ဝါရှင်တန်ကို ချီးကျူးခဲ့သည်။

ယခုလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပင်လယ်ကွေ့ခရီးစဉ်တွင် ဆီးရီးယား၏ ဂျီဟတ်ဝါဒီအဖြစ်မှ ပြောင်းလဲလာသော ကြားဖြတ်သမ္မတ Ahmed al-Sharaa နှင့်တွေ့ဆုံပြီးနောက် သောကြာနေ့တွင် ပိတ်ဆို့အရေးယူမှုများကိုရုပ်သိမ်းသည့် ကြေညာချက်ကို တရားဝင်ထုတ်ပြန်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြန်လည်ဖွဲ့စည်းမှုတွင် ပြုပြင်ပြောင်းလဲမှုများပါဝင်ပြီး ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာသည့် ခေတ်မီသော အရပ်ဘက်လုံခြုံရေးအဖွဲ့အစည်းတစ်ခု ဖန်တီးခြင်းလည်းပါဝင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ အလ် ဘာဘာက ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့တွင် နိုင်ငံသားများ၏ တိုင်ကြားစာဌာနတစ်ခု တည်ထောင်ခြင်းနှင့် ရဲတပ်ဖွဲ့နှင့် အထွေထွေလုံခြုံရေးအေဂျင်စီတို့ကို ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုအဖြစ် ပေါင်းစပ်ထည့်သွင်းခြင်း ပါဝင်သည်။

ဆီးရီးယား၏ ကုန်းမြေနှင့် ပင်လယ်နယ်နိမိတ်များအတွက် နယ်စပ်လုံခြုံရေးအဖွဲ့တစ်ဖွဲ့အား “တရားမ၀င်လုပ်ဆောင်မှုများ အထူးသဖြင့် မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကွန်ရက်များကိုတိုက်ဖျက်ရန်” တာဝန်ပေးမည်ဖြစ်ကြောင်း အလ် ဘာဘာက ပြောကြားခဲ့သည်။

ပြန်လည်ဖွဲ့စည်းမှုတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာန၏အခန်းကဏ္ဍကို အားကောင်းလာစေရန်နှင့် ဆီးရီးယားနိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများတွင် ၎င်းအဖွဲ့၏အရေးပါမှုကို ပိုမိုတိုးတက်စေရေး ပါဝင်သည်။

ဒီဇင်ဘာလတွင် ဘာရှာ အာဆတ် ရာထူးမှဖြုတ်ချခံရပြီးနောက် ဆီးရီးယားရှိသံရုံးများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် အစိုးရဌာနများနှင့် နိုင်ငံခြားရေးဌာနများအတွက်လုံခြုံရေးကို ကိုင်တွယ်ဆောင်ရွက်မည်ဖြစ် သည်။

ထင်ရှားသော ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်နေရာများတည်ရှိရာ စစ်ဘေးဒဏ်သင့်သည့်နိုင်ငံအဖြစ်မှ ခရီးသွားရဲအဖွဲ့သည် ခရီးသွားများနှင့် ခရီးစဉ်နေရာများကိုလုံခြုံစေရေး ဆောင်ရွက်မည်ဖြစ်သည်။

Ref: Bangkok Post

#ယနေ့ခေတ်

ဆီးရီးယားနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့မှုများကို အမေရိကန်ရုတ်သိမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.