ထရမ့်၏ စစ်ရေးပြချီတက်ပွဲ၊ ‘No Kings’ ဆန္ဒပြပွဲများနှင့် ပတ်သက်သမျှ

ဝါရှင်တန်၊ ဇွန် ၁၄

အမေရိကန်စစ်တပ်၏ နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ဝါရှင်တန်ဒီစီ၌ စနေနေ့(ယနေ့)တွင် စစ်ရေးပြအခမ်းအနားတစ်ခု ကျင်းပရန်စီစဉ်ထားသည်။

အဆိုပါချီတက်ပွဲသည် ဒေါ်နယ်ထရမ့်၏ ၇၉ နှစ်မြောက်မွေးနေ့နှင့်လည်း တိုက်ဆိုင်မည်ဖြစ်ရာ အခြားမည်သည့်အရာနှင့်မှမတူကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။

ဒေါ်လာ ၄၅ သန်း (ပေါင် ၃၃ သန်း) ကုန်ကျမည့် အဆိုပါချီတက်ပွဲတွင် ယူနီဖောင်းဝတ်စစ်သား ၇၀၀၀ ကျော်နှင့်အတူ တင့်ကားများ၊ ဒါဇင်ပေါင်းများစွာသောစစ်ကားများ၊ ချီတက်အဖွဲ့များနှင့် မီးရှူးမီးပန်းများပစ်လွှတ်ခြင်းတို့ပါဝင်မည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးကိုဆန့်ကျင်သည့် ‘No Kings’ ဆန္ဒပြပွဲများကို အမေရိကန်တစ်ဝှမ်း ရှိ မြို့ပေါင်း ၁၅၀၀ ကျော်တွင်ပြုလုပ်ရန် စီစဉ်ထားသည်။

အစိုးရ၏အကျင့်ပျက်ခြစားမှုကို တုံ့ပြန်သည့်အနေဖြင့် ဆန္ဒပြပွဲများကို နိုင်ငံလုံးဆိုင်ရာ အံတုရေးနေ့အဖြစ် စီစဉ်သူများက သတ်မှတ်ထားသည်။

စစ်ရေးပြချီတက်ပွဲကို ဇွန်လ ၁၄ ရက်၊ စနေနေ့၊ ဒေသစံတော်ချိန် ညနေ ၆ နာရီတွင်စတင်မည်ဖြစ်ပြီး Washington Monument Grounds ပါဝင်သော National Mall ဝန်းကျင်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါချီတက်ပွဲအတွက် လက်မှတ်များမလိုအပ်သော်လည်း US Army ၏ ၀က်ဘ်ဆိုဒ်တွင် စာရင်းသွင်းခြင်းဖြင့် မြင်ကွင်းကောင်းသည့်နေရာကိုရရှိစေမည်ဟု ဆိုသည်။

ခမ်းနားသောချီတက်ပွဲသည် ဒေါ်လာ ၂၅ သန်းမှ ဒေါ်လာ ၄၅ သန်း (ပေါင် ၁၈.၃ သန်းနှင့် ပေါင် ၃၃ သန်း) ကြားကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း အမေရိကန်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဘတ်ဂျက်၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် ဒေါ်လာသန်းပေါင်းများစွာသည် DC လမ်းများပြုပြင်ရန်အတွက်ဖြစ်သော်လည်း တင့်ကားများနှင့် အခြားသံချပ်ကာယာဉ်ကြီးများအတွက်မဟုတ်ကြာင်း သိရသည်။

အမေရိကန်တွင် နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့် စစ်ရေးပြချီတက်ပွဲသည် သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘွတ်ရှ် လက်ထက် ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲအပြီးတွင်ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် အခမ်းနားဆုံးစစ်ရေးပြအခမ်းအနားဖြစ်သည့် အဆိုပါပွဲကို ခန့်မှန်းခြေ လူ ၂၀၀,၀၀၀ ခန့် လမ်းမပေါ်ထွက်ခဲ့ကြသည်။

အခြားသော စစ်ရေးပြချီတက်ပွဲအဖြစ် ၁၉၆၁ ခုနှစ်၊ သမ္မတဟောင်း John F Kennedy ကျမ်းသစ္စာကျိန်ဆိုပွဲ၊ ၁၉၅၃ ခုနှစ်၊ သမ္မတဟောင်း Dwight Eisenhower ၏ ပထမဆုံး ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် ၁၉၄၂ နှင့် ၁၉၄၆ ဒုတိယကမ္ဘာစစ်အတွင်းတွင် ကျင်းပခဲ့သည်။

No Kings လှုပ်ရှားမှုသည် အမေရိကန်တစ်ဝှမ်းရှိ မြို့ကြီးပေါင်း 1,500 ကျော်တွင် ထရမ့်အစိုးရကိုဆန့်ကျင်သည့် ချီတက်ဆန္ဒပြပွဲဖြစ်သည်။

“ သမ္မတထရမ့်က သူ၏မွေးနေ့တွင် လမ်းမများထက် တင့်ကားများနှင့် TV ပုံရိပ်များဖြင့် ခမ်းနားသည့်မြင်ကွင်းကို ပုံဖော်လိုသည်။

50501 Movement တွင် ဧပြီလကတည်းက အုပ်ချုပ်ရေးအဖွဲ့အား ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့သည့် အုပ်စုများက နောက်ကွယ်တွင်ပါဝင်သည်။ 50501 သည် ပြည်နယ် 50 ၊ ဆန္ဒပြပွဲ 50 ၊ လှုပ်ရှားမှုတစ်ခုအတွက်ဖြစ်သည်။

ချီကာဂို၊ နယူးယောက်၊ ဖီလာဒဲလ်ဖီးယား၊ ချားလော့၊ အတ္တလန်တာ၊ ဟူစတန်နှင့် ဖီးနစ်မြို့များအပါအဝင် မြို့ကြီးများတွင် ချီတက်ပွဲများကို အဓိကစီစဉ်ထားသည်။ အလာစကာမှ ဖလော်ရီဒါအထိ ပြည်နယ် ၅၀ လုံးတွင် ဆန္ဒပြရန်စီစဉ်ထားသည်။ ထရန့်၏ အမာခံနယ်မြေနှစ်ခုဖြစ်သည့် တက္ကဆက်နှင့် ဖလော်ရီဒါတို့တွင်လည်း ဒါဇင်နှင့်ချီသောဆန္ဒပြပွဲများကို စီစဉ်ထားသည်။

Ref: BBC

#ယနေ့ခေတ်

ထရမ့်၏ စစ်ရေးပြချီတက်ပွဲ၊ ‘No Kings’ ဆန္ဒပြပွဲများနှင့် ပတ်သက်သမျှ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.