ပြင်ပငွေကြေးဈေးကွက် အရောင်းအဝယ်ခေတ္တရပ်နားထား ဟုဆို

ရန်ကုန်၊ ‌ဇွန် ၁၄

နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာသည့်အတွက် ပြင်ပငွေကြေးဈေးကွက်တွင် ဒေါ်လာအရောင်းအဝယ် ခေတ္တရပ်နားထားကြောင်း စုံစမ်းသိရှိရသည်။

ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၄၄၃၀ ကျပ်ရှိခဲ့ရာမှ တစ်ဒေါ်လာ ၄၅၆၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း၊ ထို့ကြောင့် အရောင်းများပြီ၊ အဝယ်မရှိခြင်းကြောင့် ဈေးကွက်ခဏပိတ်ထားကြောင်း သိရသည်။

“ အရောင်းကတော်တော်များနေတယ်။ အဝယ်မရှိဘူး။ တချို့တွေက ဝယ်စုထားပြီး ဈေးတတ်မှထုတ်ရောင်းတော့ ဈေးကပိုတတ်တယ်။ ခုချိန်မှာ ဘယ်သူမှ အရောင်းအဝယ်မ လုပ်ရဲဘူး။ အခြေအနေက ဘာမှန်းမသိလို့” ဟု Money Changer လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၇၀၀၀ ကျပ်ကျော်၊ စင်ကာပူတစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ်ဝန်းကျင်နှင့် ထိုင်းတစ်ဘတ် ၂၀၀ ကျပ်ကျော်၊ တရုတ်တစ်ယွမ် ၁၀၀၀ ကျပ်ဝန်းကျင်၊ မလေးရှားတစ်ရင်းဂစ် ၁၄၀၀- ၁၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။ အဆိုပါ နိုင်ငံခြားငွေလဲနှုန်းများသည် သမိုင်းတ လျှောက် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဗဟိုဘဏ်မှသတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာဈေးနှုန်းမှာ တစ်ဒေါ်လာ ၃၆၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အလားတူ ရွှေဈေးနှုန်းသည်လည်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာ၍ ပြည်တွင်းရွှေဈေးနှုန်းသည်လည်း အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားလျှင် ၇,၉၅၀,၀၀၀ အထိ မြင့်တက်လာခဲ့ပြီးနောက်ပိုင်း ရွှေကုန်သည်အချို့ ခေါ်ယူစစ်ဆေးခံနေရကြောင်း သိရသည်။

#စုစု

#ယနေ့ခေတ်

ပြင်ပငွေကြေးဈေးကွက် အရောင်းအဝယ်ခေတ္တရပ်နားထား ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.