နောင်ပိန်ရွာတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူ၊ ကိုရင်လေးပါးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃၀

ရှမ်းနယ်(မြောက်ပိုင်း)၊ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗုပ္ပာရုံကျောင်းပေါ်သို့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲကာ ကိုရင်တစ်ပါးပျံလွန်တော်မူပြီး၊ ကိုရင်လေးပါး ပြင်းထန်ဒဏ်ရာရရှိကြောင်း ကနဦးသတင်းအရ သိရသည်။

ဇူလိုင် ၃၀ ရက်၊ နေ့လည်က နောင်ပိန်မြို့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗုပ္ပာရုံကျောင်းပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ကိုရင်တစ်ပါးလက်ပြတ်၍ ပျံလွန်တော်မှုခဲ့ပြီး၊ ကိုရင်လေးပါး အရေးပေါ်ကုသနေရကြောင်း သိရသည်။

“နောင်ပိန် ဗုပ္ပါရုံကျောင်းပေါ်ကိုကျတဲ့လက်နက်ကြောင့် ကိုရင်တစ်ပါး လက်ပြတ်သွားတယ်။ အခု ပျံလွန်တော်မူသွားပြီး။ ကိုရင်လေးပါးကတော့ အရေးပေါ်ကုသဖို့ခေါ်သွားပါတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ပိန်ကျေးရွာသို့ စစ်ရှောင်လာသည့် စစ်ဘေးရှောင်ငါးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ကို နစကတပ်များက ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ကျောက်မဲမြို့ရှိနေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်များဖြစ်ပေါ်နေပြီး ဒေသခံ ၂၀၀၀ ကျော် နောင်ပိန်ဘက်သို့ တိမ်းရှောင်နေရကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဒေသခံ/ကိုအောင်မျိုး
#ယနေ့ခေတ်

နောင်ပိန်ရွာတွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူ၊ ကိုရင်လေးပါးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.