ရန်ကုန်၊ ဇူလိုင် ၃၁
ယနေ့ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် နိုင်ငံတော်အရေးပေါ်ကာလသတ်မှတ်ချက်ကို သက်တမ်းတိုးခြင်းမပြုတော့ဘဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာလွှဲအပ်ဆောင် ရွက်စေခဲ့သည့်အမိန့်အား ပယ်ဖျက်ခဲ့သည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့သည်။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေခဲ့သည်။
ယခုအခါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းအားပေးအပ်ထားသည့်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြောင်းတင်ပြသည့် အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ထားခြင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့စွဲဖြင့် ပယ်ဖျက်လိုက်ကြောင်း ယာယီသမ္မတ(တာဝန်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်အမှတ် ၁/၂၀၂၅ ဖြင့်ထုတ်ပြန်သည်။
ဓာတ်ပုံ – သတင်းမှန်ပြန်ကြားရေး
အရေးပေါ်ကာလသက်တမ်းမတိုးဘဲ ကာ/လုံက ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ထားသည့်အမိန့်အား ပယ်ဖျက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်