ရန်ကုန်-မန္တလေးအမြန်လမ်းယာဉ်တိုက်မှု နှစ်ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၇

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းဖြတ်ကူသည့်အမျိုးသားကို ကုန်ကားတစ်စီးဝင်တိုက်ခဲ့ရာက နှစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၇ ရက်၊ ယနေ့နံနက်က ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၄၀/၀)နှင့် (၄၀/၁)ကြားတွင် လမ်းဖြတ်ကူးသည့်အမျိုးသားကို ကုန်ကားတစ်စီးဝင်တိုက်ခဲ့ရာက ကုန်ကာမောင်းသူနှင့် လမ်းဖြတ်ကူးသည့်အမျိုးသားတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကားတစ်စီးက ၄၈ မိုင်မှာကားပျက်နေတာ။ ပျက်နေတဲ့ကားထဲကလူက လေထိုးကျွတ်ဖာဆိုင်ကို အကူအညီတောင်းဖို့ ကားလမ်းကိုဖြတ်ကူးတာ။ အဲ့ဒီမှာ လမ်းမအတိုင်းမောင်းလာတဲ့ကုန်ကားက ဝင်တိုက်လိုက်တာ။ ကုန်ကားမောင်းသူရော တိုက်ခံရတဲ့သူပါ ဆုံးသွားတယ်။ နှစ်ဦးလုံးက အသက် ၃၅ ပတ်ဝန်းကျင်လောက်ရှိတယ်။ မိသားစုတွေနဲ့တော့ အဆက်သွယ်ရသွားပါပြီ။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင်သေဆုံးသွားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို နယ်မြေခံမီးသတ်တပ်ဖွဲ့မှ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-အမြန်လမ်းမီးသတ်

#ယနေ့ခေတ်

ရန်ကုန်-မန္တလေးအမြန်လမ်းယာဉ်တိုက်မှု နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.