ပေါင်မြို့တွင် ​လေဆင်နှာ​မောင်းတိုက်ခတ် ​နေအိမ် ၂၂ လုံးပြိုကျပျက်စီးပြီး လျှပ်စစ်မီးတိုင်များလဲကျ

ရန်ကုန်၊ ဇူလိုင် ၂၇

ပေါင်မြို့နယ်၊ အလှပ်​​ညောင်ဝိုင်တွင် လေဆင်နှာ​မောင်းတိုက်ခတ်မှု​ကြောင့် ​နေအိမ် ၂၂ လုံးပြိုကျပြီး လျှပ်စစ်မီးတိုင်များ လဲကျသွား​ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ​ပေါင်မြို့၊ အလှပ်​ညောင်ဝိုင်တွင် ဇူလိုင် ၂၇ ရက်၊ နံနက် ၄ နာရီ ၁၁ မိနစ်က ​လေဆင်နှာ​မောင်းတိုက်ခတ်မှု​ကြောင့် ​နေအိမ် ၂၂ လုံးပြိုကျပျက်စီးပြီး၊ ​ပေါင်မြို့နယ်မီးသတ်စခန်းတစ်လုံး ပျက်စီးသွား​ကြောင်း သိရသည်။

​” ​ငါးမိနစ်ခန့်ကြာ ​လေဆင်နှာ​မောင်းတိုက်ခတ်ခဲ့တယ်။ လူ​နေအိမ် ၂၂ လုံးနဲ့ ပေါင်မြို့နယ်မီးသတ်စခန်းတစ်လုံး ပျက်စီးသွားတယ်။ အဲဒီပြင် နှစ်ချို့သစ်​ပင်​တွေ လဲပြိုကျတာ​ကြောင့် လျှပ်စစ်မီးတိုင်တွေ လဲကျသွားပါတယ်။ လူထိခိုက်မှုမရှိ​ခဲ့ပါဘူး” ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ​နေအိမ် ၂၂ လုံးတွင် သွပ်မိုး၊ ပျဉ်ကာနေအိမ်များမှာ အလုံးစုံပြိုကျပျက်စီးသည့်အပြင် လျှပ်စစ်မီးတိုင်များလဲကျပြီး ​ပေါင်မြို့နယ်လုံးကျွတ် မီးပျက်​တောက်မှုဖြစ်ပွား​နေ​ကြောင်း သိရသည်။

ယခူအခါ ​လေဆင်နှာ​မောင်းတိုက်ခတ်မှု​ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်များ၊ သစ်ပင်များနှင့် လျှပ်စစ်မီးတိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း​ရေးလုပ်ငန်းများ ​ဆောင်ရွက်​နေ​ကြောင်း သိရသည်။

အလားတူ ဇူလိုင် ၂၄ ရက်၊ နံနက် ၇ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း​ဒေသကြီး၊ ဗိုလ်တ​ထောင်မြို့နယ်၊ သာ​ကေတမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် သန်လျင်မြို့နယ်တို့တွင် ​​နေအိမ်အ​ဆေက်အဦးများ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ယနေ့ခေတ်

ပေါင်မြို့တွင် ​လေဆင်နှာ​မောင်းတိုက်ခတ် ​နေအိမ် ၂၂ လုံးပြိုကျပျက်စီးပြီး လျှပ်စစ်မီးတိုင်များလဲကျ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.