» သတင်း

လားရှိုးတွင် အင်ဗာတာအပူလွန်ကဲရာမှ စျေးဆိုင်ခန်းနှင့် ကားနှစ်စီး မီးလောင်

“အင်ဗာတာကနေမှ အပူလွန်ကဲပြီးလောင်တာဗျ။ ဆိုင်က ကုန်ဆိုင်ဆိုတော့ သူ့ကုန်ပစ္စည်းတွေတော့လောင်သွားတယ်။ အဲ့ဒါအပြင် ကားကနှစ်စီးနဲ့ ဆိုင်ကယ်က သုံးစီးမီးလောင်သွားတယ်။ ဆုံးရှုံးမှုကတော့ မသိရဘူး။ လူထိခိုက်မှုတွေတော့မရှိပါဘူး။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လွတ်လပ်ရေးကြေညာခြင်းမပြုရန် ရှီကျင့်ဖျင်နှင့် ထိပ်သီးအစည်းအဝေးအပြီး နာရီပိုင်းအကြာတွင် ထိုင်ဝမ်အား ထရမ့် သတိပေး

"ကျွန်တော်က တစ်ယောက်ယောက်ကို လွတ်လပ်ရေးပေးဖို့ မမျှော်လင့်ပါဘူး" ဟု အမေရိကန်သမ္မတက ဘေဂျင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နှစ်ရက်ကြာ ထိပ်သီးအစည်း အဝေးအပြီးတွင် သောကြာနေ့က Fox News သို့ ပြောကြားခဲ့သည်။

ကွန်ဂိုတွင် အီဘိုလာရောဂါ ထပ်မံဖြစ်ပွားဟု အာဖရိကပြည်သူ့ကျန်းမာရေးအေဂျင်စီ ကြေညာ၊ သေဆုံးသူ ၆၅ ဦးရှိ ဟုဆို

အာဖရိက၏ ထိပ်တန်းပြည်သူ့ကျန်းမာရေးအေဂျင်စီက ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ အီတူရီပြည်နယ်တွင် အီဘိုလာရောဂါဖြစ်ပွားမှုကို အတည်ပြုခဲ့ပြီး သံသယရှိသူ ၂၄၆ ဦးအနက် ၆၅ ဦး သေဆုံးခဲ့ကြောင်း မေလ ၁၅ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့သည်။

ISIS ဒုတိယခေါင်းဆောင်ကို ဖယ်ရှားလိုက်ပြီဟု ထရမ့်ပြောကြား

"ဒီညမှာ ကျွန်တော့်ရဲ့ ညွှန်ကြားချက်အရ၊ ရဲရင့်တဲ့အမေရိကန်တပ်ဖွဲ့တွေနဲ့ နိုင်ဂျီးရီးယား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ကမ္ဘာပေါ်မှာအတက်ကြွဆုံး အကြမ်းဖက်သမားကို စစ်မြေပြင်ကနေဖယ်ရှားဖို့ သေချာစီစဉ်ထားပြီး အလွန်ရှုပ်ထွေးတဲ့ မစ်ရှင်တစ်ခုကို အပြစ်အနာအဆာမရှိ လုပ်ဆောင်ခဲ့ကြပါတယ်။” ဟု ထရမ့်က ပြောကြားသည်။

အီရန်သည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ခွင့်မရှိကြောင်း သမ္မတ ရှီကျင့်ဖျင်နှင့် သဘောတူညီခဲ့သည်ဟု ထရမ့် ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ၎င်း၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံအား နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မပြုနိုင်ကြောင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်ဆွေးနွေးမှုများတွင် သဘောတူညီခဲ့ကြောင်း ပြောကြားသည်။

အီရန်စစ်ပွဲအတွင်း ယူအေအီးနိုင်ငံသို့ နေတန်ယာဟု လျှို့ဝှက်သွားခဲ့ခြင်းမရှိဟု ယူအေအီး ဆို

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေး-အမေရိကန် အီရန်စစ်ပွဲအတွင်း ယူအေအီးသို့ တိတ်တဆိတ်သွားရောက်လည်ပတ်ခဲ့ကြောင်း ၎င်း၏ရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် လျှို့ဝှက်လာရောက်လည်ပတ်မှုတစ်စုံတစ်ရာ မဖြစ်ပွားခဲ့ကြောင်း ယူအေအီးက ငြင်းဆိုခဲ့သည်။

တရုတ်ထိပ်သီးအစည်းအဝေးတွင် ထိပ်တိုက်ဖြစ်နိုင်ခြေကို ရှီကသတိပေးပြီး ထရမ့်က ပြတ်ပြတ်သားသားပြော

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ၎င်းနိုင်ငံနှင့် အမေရိကန်အကြား ပဋိပက္ခဖြစ်နိုင်ခြေကို ရှောင်ရှားရန် ပြင်းထန်သောသတိပေးချက်များပြုခဲ့ပြီး ထိုင်ဝမ်နှင့်ဆက်ဆံရေးကို ဝါရှင်တန်၏ကိုင်တွယ်မှုသည် “ပဋိပက္ခများ” ဖြစ်ပေါ် စေနိုင်ကြောင်း ဧည့်သည်သမ္မတ ဒေါ်နယ်ထရမ့်ကို သတိပေးခဲ့သည်။

အီရန်စစ်ပွဲ၊ ကုန်သွယ်ရေးနှင့် အမေရိကန်က ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတို့နှင့်ပတ်သက်၍ တရုတ်သမ္မတနှင့် ဆွေးနွေးရန် ထရမ့် ပေကျင်းသို့ရောက်ရှိ

Air Force One လေယာဉ်သည် တရုတ်နိုင်ငံမြို့တော်သို့ ဆင်းသက်ပြီးနောက် တရုတ်နိုင်ငံက ထရမ့်အား ခမ်းနားထည်ဝါစွာကြိုဆိုခဲ့ပြီး အနီရောင်ကော်ဇောခင်းခဲ့သည်။ ခေါင်း ဆောင်များသည် ကြာသပတေးနေ့တွင် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲများနှင့် တရားဝင်ညစာစားပွဲတစ်ခု ကျင်းပမည်ဖြစ်သည်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေ ဟုဆို

ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီ မိနစ် ၃၀ အချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အ နောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)…

အမေရိကန်နှင့် ဆွေးနွေးမှုများတွင် တိုးတက်မှုရှိသော်လည်း သဘောတူညီချက်မရသေးဟု ဂရင်းလန်း ဝန်ကြီးချုပ် ဆို

ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေနှင့်ပတ်သက်၍ ဒိန်းမတ်၊ ဂရင်းလန်းနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဆွေးနွေးမှုများသည် တိုးတက်မှုရှိနေသော်လည်း သဘောတူညီချက်တစ်ခု မရသေးကြောင်း ဂရင်းလန်းဝန်ကြီးချုပ်က မေလ ၁၂ ရက်၊ အင်္ဂါနေ့တွင် ပြောကြားသည်။