» သတင်း

နိုင်ဂျီးရီးယားတွင် လူစည်ကားသောဈေးကို လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၁၀၀ သေဆုံး

နိုင်ဂျီးရီးယား အနောက်မြောက် ဇမ်ဖာရာပြည်နယ်ရှိ လူစည်ကားသောဈေးတစ်ခုတွင် နိုင်ဂျီးရီးယားစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၁၀၀ သေ ဆုံးခဲ့ကြောင်း Amnesty International က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အာဏာပိုင်များအား ချက်ချင်းစုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။

စတားမာသည် ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများ မြင့်တက်လာသည်နှင့်အမျှ အရေးတကြီးအစည်းအဝေးနှင့် ရင်ဆိုင်နေရ

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာသည် ဝန်ကြီးလက်ထောက်များက နှုတ်ဆိတ်နပြီး ဥပဒေပြုအမတ် ၈၀ နီး ပါးက ၎င်းအားနုတ်ထွက်ရန် လူသိရှင်ကြားတောင်းဆိုပြီးနောက် အင်္ဂါနေ့တွင်ကျင်းပမည့် အစိုးရအဖွဲ့၏ အရေးတကြီးအစည်းအဝေးမတိုင်မီ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင် မနိုင်နှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်များနှင့် တိုင်ပင်ဆွေးနွေးနေသည်။

ထိုင်ဝမ်လက်နက်ရောင်းချမှုနှင့် ဟောင်ကောင်သူဌေးကြီး ဂျင်မီလိုင်ကိစ္စတို့ကို တရုတ်သမ္မတ ရှီနှင့် ဆွေးနွေးရန် ထရမ့်စီစဉ်

သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့လက်နက်ရောင်းချမှုနှင့် ထောင်ချခံရသော မီဒီယာသူဌေးကြီး ဂျင်မီလိုင်ကိစ္စတို့ကို သမ္မတ ရှီကျင့်ဖျင်နှင့် ယခုအပတ် ပေကျင်းတွင်ဆွေးနွေးမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

သန်လျင်မြို့နယ်တွင် လူငယ်နှစ်ဦး ရေနစ်သေဆုံး

မတ်လ ၁၁ ရက်၊ ညနေ ၆ နာရီခန့်က သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ် (၄) (ကန်နီရေကန်) တွင် လူငယ်ခြောက်ဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်နေသေဆုံးသွားခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ငြိမ်းချမ်းရေးအဆိုပြုချက်အား အီရန်၏တုံ့ပြန်မှုကို ထရမ့် ပယ်ချ

အမေရိကန်ပြည်ထောင်စုက ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ချက်ဖြင့် ကမ်းလှမ်းချက်တင်သွင်းပြီး ရက်အနည်းငယ်အကြာတွင် အီရန်က အထူးသဖြင့် အမေရိကန်၏ မဟာမိတ် အစ္စရေးသည် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာစစ်သွေးကြွများကို တိုက်ခိုက်နေသည့် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲကိုအဆုံးသတ်ရန် အာရုံစိုက်သည့် တုံ့ပြန်မှုတစ်ရပ် တနင်္ဂနွေနေ့တွင်…

ပတ္တရားမြို့တွင် တရုတ်နိုင်ငံသားများထံ တရားမဝင်သေနတ်များ ထောက်ပံ့ပေးမှုဖြင့် ငါးဦးကိုတရားစွဲဆို

ပတ္တရားမြို့တွင် ဖမ်းဆီးခံထားရသော တရုတ်နိုင်ငံသားတစ်ဦးနှင့် ဆက်စပ်နေသော တရားမဝင်လက်နက်ထောက်ပံ့ရေးကွန်ရက်တွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် ထိုင်းရေတပ်အရာရှိများနှင့် အရပ်သားများဖြစ်သည့် သံသယရှိသူငါးဦးကို စစ်လက်နက်များ တရားမဝင်ပိုင်ဆိုင်ရောင်းချမှုဖြင့် တရားစွဲဆိုထားသည်။

လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာနိုင် ဟုဆို

မနက်ဖြန်နံနက်အထိခန့်မှန်းချက်အရ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းအပြည့်ဖြစ်ကြောင်း သိရသည်။

သထုံမြို့တွင် ယာဉ်တိုက်မှုဖြစ် မိန်းကလေးသုံးဦး သေဆုံး

“မိန်းကလေးသုံးယောက်က ဆိုင်ကယ်စီးလာတာ။ တစ်ဖက်ကလာတဲ့ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာ။ သထုံ-ဘားအံလမ်းမကြီး မြို့သစ်နဲ့ ရဲဘော်ရွာနားမှာ။ အသက်တွေက ၁၇၊ ၂၀ ဝန်းကျင်တော့ရှိပြီ။ သူတို့တွေကိုတော့ ဘယ်ကဆိုတာ သေချာမသိရဘူး။ မိသားစုနဲ့တော့ အဆက်သွယ်ရပါပြီ။ တိုက်တဲ့ကားကလူလည်း တိုက်မိတဲ့နေရာမှာပဲ ရပ်နေပါတယ်။ သက်ဆိုင်ရာကတော့…

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူငယ်သုံးဦး ရေနစ်သေဆုံး

“သူတို့သူငယ်ချင်းခြောက်ယောက် သဲချောင်းကိုသွားလည်ရင်းနဲ့ ချောင်းထဲကို ရေဆင်းကူးကြတာ။ တစ်ယောက်က ရေနစ်နေရင်းနဲ့ နောက်နှစ်ယောက်ထပ်ပါသွားတာ။ အသက်တွေကတော့ ၁၈၊ ၁၉၊ ၂၀၊ တွေလောက်ရှိမယ်။ မိန်းကလေးကတော့ ဒုတိယမြောက်ရှာတွေ့တယ်။ သုံးယောက်လုံးတော့ပြန်တွေ့ပါပြီ။ မိသားစုတွေ အမျိုးတွေနဲ့တော့ အကုန်အဆက်အ သွယ်ရပါပြီ။”

ဗိုင်းရပ်စ်ကူးစက်ခံရသော အပျော်စီးသင်္ဘောမှ ခရီးသည်များကို စပိန်နိုင်ငံက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး

သင်္ဘောပေါ်ရှိ ခရီးသည်များကို ကမ်းခြေသို့ပို့ဆောင်ရန်အတွက် နိုင်ငံသားအလိုက် အုပ်စုများခွဲထားသည်။ ၎င်းတို့ကို ဘတ်စ်ကားဖြင့် ဒေသခံလေဆိပ်သို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး စင်းလုံးငှားလေယာဉ်များက ၎င်းတို့၏နေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်သည်။