» သဘာဝပတ်ဝန်းကျင်

ရာသီဥတုပြောင်းလဲမှုရဲ့ အချက်ပေးခေါင်းလောင်းသံ

ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေက ကြိုးစားနေကြပေမဲ့ အခုထက်ထိ အောင်မြင်မှုမရသေးပါဘူး။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ စက်သုံးဆီကို အသုံး ပြုနေရဆဲဖြစ်သလို ကာဗွန်ထုတ်လွှတ်မှုလျော့ကျအောင် အပြည့်အဝ မလုပ်ဆောင်နိုင်သေးပါဘူး။ ပိုဆိုးတာက ချမ်းသာတဲ့နိုင်ငံကြီးတွေရဲ့ လုပ်ဆောင်မုကြောင့် ဆင်းရဲတဲ့နိုင်ငံတွေဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို ပိုခံစားလာရတဲ့အချက်ပါပဲ။

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အတွက် ဘာတွေပြင်ဆင် လုပ်ဆောင်သင့်သလဲ

ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲမှုတွေနဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်က ဆက်စပ်နေပါတယ်။ သစ်တောပြုန်းတီးမှု၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးက်ရုံတွေ လည် ပတ်မှု၊ ရုပ်ကြွင်းလောင်စာ အလွန်အကျွံသုံးစွဲမှုတွေကြောင့် ကမ္ဘာကြီးပူနွေးလာရတာပါ။ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကို ၂ ဒီဂရီစင်တီဂရိတ်မှာ ကန့်သတ်ထားဖို့ ကမ္ဘာ့နိုင်ငံတွေက ကြိုးစားနေကြပေမဲ့ အောင်မြင်မှုမရသေးပါဘူး။ ပြန်လည်ပြည့်ဖြိုးမြဲ…

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လူတိုင်းမှာ တာဝန်ရှိတယ်

၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်ဖို့ အလားအလာများနေကြောင်း မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု ပုံမှန်မဟုတ်မှုတွေ ရှိနိုင်သလို စိုက်ပျိုးရေးကို အားထားနေရတဲ့နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်ပြီး စားနပ်ရိက္ခာမဖူလုံမှုတွေ တွေ့ကြု့နိုင်ခြေရှိတာ မေ့မထားသင့်ပါဘူး။

သဘာဝဘေးအန္တရာယ်‌ကြောင့် ထိခိုက်မှုတွေ လျော့ကျဖို့ ဆိုရင်…

မြန်မာနိုင်ငံမှာလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆိုးရွားတဲ့ရေကြီးရေလျှံမှုနဲ့ တွေ့ကြုံခဲ့ရပြီး လူပေါင်းရာချီ သေဆုံးခဲ့ရပါတယ်။ တောင်ပေါ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့နယ်မှာ ရေကြီးမှုဖြစ်ခဲ့တာကို ပြန်လည်ဆန်းစစ်ကြည့်ရင် သစ်တောနဲ့ သစ်ပင်တွေကို အလွန်အကျွံခုတ်လှဲမှုတွေနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။

လေထုညစ်ညမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ

လေထုညစ်ညမ်းမှုတွေနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကတော့ အဆုတ်ရောင်ရောဂါ၊ အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ခေါင်းကိုက်ဝေဒနာ၊ ပန်း နာရင်ကျပ်ရောဂါတို့ဖြစ်ပါတယ်။ ဒါ့အပြင် နဂိုက ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်ရောဂါရှိသူတွေအတွက်လည်း လေထုမသန့်ရှင်းမှုကြောင့် ရောဂါကို ပိုဆိုးသွားစေနိုင်တာကို သတိပြုရမှာပါ။

အပူဒဏ်အန္တရာယ်… မပေါ့ဆပါနဲ့

တိုင်းနဲ့ ပြည်နယ်တွေမှာ နေ့အပူချိန်တွေ စံချိန်တင်မြင့်တက်နေလို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပူဒဏ်ခံစားနေရတယ်လို့ ဆိုရမှာပါ။ ငွေကြေးတတ်နိုင်သူ လူတန်းစားတွေက အပူဒဏ်သက်သာအောင် အဲကွန်းလေအေးပေးစက်တွေနဲ့နေနိုင်ပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ယပ်ခတ်နေရုံပဲ တတ်နိုင်ပါတယ်။ ပန်ကာဖွင့်ဖို့အတွက် မီးမှန်မှန်မရရှိတဲ့အခါ အပူဒဏ်ကို ခါးစည်းခံနေရတော့တာပါပဲ။

ရေသယံဇာတတွေ စနစ်တကျထိန်းသိမ်းဖို့ ဘာကြောင့်အရေးကြီးလဲ

နွေရာသီရောက်လာရင် မြန်မာနိုင်ငံရဲ့ဒေသအတော်များများမှာ ရေရှားပါးမှုနဲ့တွေ့ကြုံလာရပါတယ်။ အထူးသဖြင့် ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာပါ။ ရေရရှိနိုင်မယ့်အရင်းအမြစ်တွေ နည်းပါးသွားတာကြောင့် ရေတစ်ပုံးရဖို့အတွက် မိုးမလင်းခင်ကတည်းက ရေသွားခပ်ရသူတွေလည်းရှိပါတယ်။ ၂၀၂၄ ခုနှစ်ဟာ အယ်လ်နီညို အပူလှိုင်းသက်ရောက်မှု ခံစားရတဲ့နှစ်ဖြစ်တဲ့အတွက် ရေရှားပါးမှုတွေ ပိုများလာဖွယ်ရှိပါတယ်။

ပလတ်စတစ်ပစ္စည်းတွေ ဘာကြောင့် လျှော့သုံးသင့်တာလဲ

ပလတ်စတစ်အိတ်တွေ ဒါမှမဟုတ် ပလတ်စတစ်နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းထဲကို ပူပူနွေးနွေးဟင်းတွေ၊ စားစရာတွေ ထည့်လိုက်တဲ့အခါ ပလတ်စတစ်မှာမှာ ပါဝင်နေတဲ့ ဓာတ်တစ်မျိုးက အစားအသောက်ထဲမှာ ပျော်ဝင်သွားပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

အချိန်မဆိုင်းပဲ လုပ်ဆောင်ရမယ့် ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျှော့ချရေး

IEA လို့ခေါ်တဲ့ နိုင်ငံတကာစွမ်းအင်အေဂျင်စီရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အိန္ဒိယနိုင်ငံက ကျောက်မီးသွေးအသုံး ပြုမှု ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး၊ တရုတ်နိုင်ငံက ၅ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့…

ကျွန်မတို့ကိုယ်တိုင် ပါဝင်ရမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

မြန်မာနိုင်ငံဟာ ကမ္ဘာ ပေါ်မှာ သတ္တမမြောက် ဒီရေတောအများဆုံးရှိတဲ့နိုင်ငံလို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ သစ်တော၊ သယံဇာတ အကဲဖြတ်ချက် အစီရင်ခံစာအရ သိရတာမို့ ဒီရေတောများများ ပြုစုပျိုး ထောင်နိုင်လေ အကျိုးရှိလေပါပဲ။