ရွှေစင်အကယ်ဒမီရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ဓားပြတစ်ဦးကို သေနတ်နှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၄

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်တွင် ဩဂုတ် ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတစ်ဦးအား သက်​သေခံသေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။

ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်အား ​အမည်မသိလူ​လေးဦးက သေနတ်ကိုင်ဓားပြတိုက်ရာတွင် လုံခြုံရေးဝန်ထမ်းများက ပြန်လည်ခုခံဖမ်းဆီးခဲ့ရာ ဓားပြသုံးဦးအနက် တစ်ဦးကိုဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်။

“ ​သေနတ်ကိုင် ဓားပြတိုက်သူလေးဦးထဲက​ တစ်ဦးကို လုံခြုံ​ရေးဝန်ထမ်း​တွေက ရုန်းရင်းဆန်ခတ် ဖမ်းဆီးရမိပါ တယ်။ လုံခြုံ​ရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ လူစည်ကားတဲ့နေရာမှာ ဖြစ်သွားတာပါ။ စိုးထိတ်ဖွယ်ကောင်းပါတယ်” ဟု ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်​ဘေးတွင်​ နေထိုင်သူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အဆိုပါ ​သေနတ်ကိုင် ဓားပြတိုက်သူလေးဦးကို ရွှေစင်အကယ်ဒမီရတနာရွှေဆိုင် လုံခြုံ​ရေးဝန်ထမ်းက ပြန်လည်ဖမ်းဆီးခဲ့ရာ လုံခြုံ​ရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

​ယခုအခါ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်ရဲစခန်းက ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်အား ဝင်​ရောက်ဓားပြတိုက်မှုတွင်ပါဝင်သူ တရားခံကို ဖမ်းဆီးအ​ရေးယူထား​ကြောင်း သိရ သည်။

ထွက်​ပြေးလွတ်​မြောက်သွားသူ တရားခံများ အမြန်ဆုံးဖမ်းဆီးရမိ​ရေးအတွက် စုံစမ်းစစ်​ဆေးလျက်ရှိ​နေ​ကြောင်း သိရသည်။

အလားတူ မတ်လ ၂၃ ရက်‌က ပန်းဘဲတန်းမြို့နယ်၊ ဗန္ဓုလလမ်း ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ​​ရွှေ ၂၀ ကျပ်သားခန့် ဆုံးရှုံးခဲ့​ကြောင်း သိရသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – CJ

ယနေ့ခေတ်

ရွှေစင်အကယ်ဒမီရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး ဓားပြတစ်ဦးကို သေနတ်နှင့်အတူ ဖမ်းဆီးရမိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.