အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဦးဝိစာရလမ်းရှိ ရွှေစင်အကယ်ဒမီရတနာရွှေဆိုင်တွင် ဩဂုတ် ၁၄ ရက်၊ မွန်းတည့် ၁၂ နာရီက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတစ်ဦးအား သက်သေခံသေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဘယ်သူမှမသိလိုက်ဘူး။ ပစ္စည်းတွေပါသွားတော့မှ သိတာ။ မနက်ပိုင်းဆိုရင် လူကရှင်းတယ်။ တော်ရုံတန်ရုံဆို ဘယ်သူမှမသိဘူး။ ဟိုတစ်ခါ ၃၂ လမ်းထဲကရွှေဆိုင်ဆိုရင်လည်း မနက်ပိုင်းလုခံရတာ။” ဟု ပန်းပဲတန်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။