» သတင်း

မြန်မာနိုင်ငံ၏စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားခင် အခြေအနေမျိုးသို့ ပြန်လည်မရောက်ရှိသေးဟု ကုလသမဂ္ဂ ဆို

စစ်ပွဲများအရှိန်မြင့်လာပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများလည်း ပိုဆိုးရွားလာသောကြောင့် မိသားစုများစွာသည် ငွေကြေးဒုက္ခရောက်ရသည့်အပြင် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းများလည်း အဆုံးစွန်အခြေအနေသို့ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

ငပုတောမြို့တွင်မီးလောင် နေအိမ် ၁၀ လုံးဆုံးရှုံးပြီး အိမ်ထောင်စု ၁၀ စုအိုးမဲ့အိမ်မဲ့ဖြစ်

ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းနေ အသက် ၇၂ နှစ်အရွယ် ဒေါ်ခင်နွဲ့ရီ၏ ဓနိမိုး၊ ဓနိကာအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းချက်ထားရာမှ ဘေးအကာဓနိသို့ မီးကူးစက်ပြီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဒေါ်ခင်နွဲ့ရီနေအိမ်အပါအဝင် နေအိမ် ၁၀ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးသူတစ်ဦးက…

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ မြန်မာစစ်​ဘေး​ရှောင်များအား နှင်ထုတ်နေ ဟုဆို

“မြန်မာနိုင်ငံမှာ နှစ်ဖက်တိုက်ပွဲ​တွေ​ကြောင့် ထွက်​ပြေးတိမ်းလာတဲ့ စစ်​ဘေး​ရှောင်များကို အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်က​နေ နှင်ထုတ်​နေပါတယ်။ ကျွန်တော်တို့နိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခိုလှုံ​​နေသူ​တွေကို ယာယီသာ နေခွင့်​ပေးထားခြင်းဖြစ်ပါတယ်။" ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ် မစ္စတာ အင်န်ဘီရန်ဆင်းက ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ပြောကြားခဲ့သည်။

ပြည်ပထွက်ခွာသူများလာခြင်းကြောင့် ဒေါ်လာဈေးကွက်လှုပ်ခတ်ခြင်း ဟုဆို

ပြည်သူ့စစ်မှုထမ်းဥပဒေ မထုတ်ပြန်ခင်က ဒေါ်လာဈေးသည် တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ဝန်းကျင်သာရှိပြီး၊ ဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ငွေလဲလှယ်နှုန်း တဖြည်းဖြည်းမြင့်တက်လာခဲ့ရာ မတ် ၉ ရက်အထိ တစ်ဒေါ်လာ ၃၆၅၀ အထိမြင့်တက်နေခြင်းဖြစ်သည်။

ရာမာဒန်ကာလအတွင်း အစ္စရေးနှင့် ဟားမက်စ်ကြား အပစ်ခတ်ရပ်စဲရေးရယူနိုင်ရန် ခက်ခဲနေဟု အမေရိကန်သမ္မတ ဆို

အမေရိကန်သမ္မတအပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူများသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးကို ရာမာဒန်ကာလအတွင်း ရယူနိုင်မည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် မျှော်လင့်ခဲ့သော်လည်း လက်ရှိအချိန်အထိ နှစ်ဖက်သဘောတူညီမှုမရနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့်မိန်းကလေးများအတွက် ပိုမိုရင်းနှီးမြှုပ်နှံရမည်ဟု ကုလသမဂ္ဂ ဆို

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအပြင် အာဏာအငြင်းပွားမှုများနှင့် ဆိုင်ကလုန်းမိုခါကဲ့သို့ ပြင်းထန်ဆိုးရွားသည့် ရာသီဥတုဒဏ်များကြောင့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူ သားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောသည်။

သာ​ကေတမြို့နယ်တွင် ​ကားတိုက်ခံရခြင်း​ကြောင့် အ​နှေးယာဥ်​မောင်းတစ်ဦး ​သေဆုံး

"​ဝေဇယန္တာမှတ်တိုင်မှာ အ​နှေးယာဥ်တိုက်မှုဖြစ်တာ မှန်ပါတယ်။ အ​နှေးယာဥ် ဆိုက္ကားသမားက ​နေရာမှာတင် ​သေဆုံးသွားပါတယ်။ တိုက်တဲ့ယာဥ်က အရှိန်ပြင်းပါတယ်။ ​သေဆုံးသူ အ​နှေးယာဥ်​မောင်းက အသက် ၆၅ နှစ်​လောက်ရှိမယ်။ ​သေဆုံးသူရုပ်အ​လောင်းကို ရန်ကုန်ပြည်သူ့​ဆေးရုံကြီးကို ပို့​ဆောင်​ပေးထားပါတယ်။" ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့မှ…

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တိုက်ပွဲများကြောင့် ကုန်တင်ယာဉ်မောင်းများ အခက်ကြုံ

"အခက်အခဲတွေကအများကြီးရှိတာပေါ့။ တိုက်ပွဲဖြစ်နေတဲ့အချိန်သွားရတာ ပိုဆိုးတယ်။ ကိုယ်တွေအတွက် အသက်အန္တရာယ်ရှိတယ်။ အခုချိန်က ပိုဆိုးတာပေါ့။ ကျီးလန့်စာစားသွားနေရတာပဲ။" ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၃၇သန်းကူညီပေးမည်ဟု ဂျပန်အစိုးရ ဆို

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း နေရပ်စွန့်ခွာသူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်းကူညီထောက်ပံ့ပေးထားပြီဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ချောင်းသာမြို့တွင် ဘိလပ်မြေကားတိမ်းမှောက် နှစ်ဦးသေဆုံး၊ ၁၄ ဦးထိခိုက်ဒဏ်ရာရ

“ဘိလပ်မြေကားနဲ့ ပါလာတဲ့သူတွေက လမ်းကြုံလိုက်လာတာပါ။ ဘိလပ်မြေကားက ချောင်းသာမြို့အဝင်မှာ ဆိုင်ကယ်တစ်စီးကို ရှောင်လိုက်တာ အရှိန်များပြီး ဘရိတ်ပေါက်သွားကာ လမ်းလယ်ကျွန်းပေါ်မှာ မှောက်သွားတာပါ။ အားလုံးက ဘိလပ်မြေနဲ့ပိသွားတာ။ ပုသိမ်ဆေးရုံပို့နေရင်းမှာ အမျိုးသားတစ်ယောက်သေတယ်။ ဒီမနက်မှာတော့ ပုသိမ်ဆေးရုံမှာပဲအမျိုးသမီးတစ်ယောက် ထပ်သေတယ်။ ကျ‌န်တဲ့အခြေအနေ စိုးရိမ်ရတဲ့သူတွေလည်းများတယ်။”