» သတင်း

ချောင်းသာကမ်းခြေတွင် စက်လှေတစ်စီးပေါ်မှ WY စာတမ်းပါ မူးယစ်ဆေးပြား ၂၆ သိန်းကျော်နှင့်လူနှစ်ဦး ဖမ်းဆီးရမိ

ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ သဲဖြူကျွန်းအနီး ရေမိုင် ၅ မိုင်ခန့်တွင် မတ်လ ၇ ရက်နေ့က စက်လှေတစ်စီးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးရာမှ ထိုသို့ WY စာတမ်းပါ မူးယစ်ဆေးများ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သက်ဆိုင်ရာနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

ဘီးလင်းမြို့နယ်တွင် ရထားနှင့်ဆိုင်ကယ်တိုက်မိ ဆိုင်ကယ်စီးသူအမျိုးသမီးတစ်ဦး ​ နေရာ၌ ​သေဆုံး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မီးရထားလမ်းကူးနေရာတွင် မတ် ၇ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က မီးရထားနှင့်ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်​စီးသူအမျိုးသမီးတစ်ဦး ​နေရာ၌ သေဆုံးခဲ့ရ​ကြောင်း မိုးကောင်း (RESCUE) လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြရန် မြောက်ကိုရီးယားစစ်တပ်ကို ကင်ဂျုံအမ်တိုက်တွန်း

မြောက်ကိုရီးယားခေါင်းဆောင်က "စစ်ရေးလေ့ကျင့်ခန်းတွေကို လက်တွေ့စစ်ပွဲပုံစံမျိုးအတိုင်း ရည်ရွယ်ပြီးလုပ်ဆောင်ဖို့၊ စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်းလိုပါတယ်။" ဟုပြောသည်။

ထိုင်ဝမ်ကို ခွဲထွက်ခွင့်ပေးမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးက "ထိုင်ဝမ်အတွက် လွှတ်လပ်ရေးရယူဖို့ ကြိုပမ်းနေတဲ့ ထိုင်ဝမ်ပြည်သူတွေဟာ သမိုင်းကိုဖျက်ဆီး၊ ပျက်စီးတာမျိုးဖြစ်အောင် လုပ်ဆောင်တာဖြစ်တယ်။ ထိုင်ဝမ်ကို အမိမြေကနေခွဲထွက်ဖို့ ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး။" ဟု ပြောသည်။

မြန်မာပြည်သူများအတွက် စိုးရိမ်မိကြောင်း ထိုင်းသံအမတ်ကြီး ဆို

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိစေရန်၊ အမျိးသားပြန်လည်သင့်မြတ်စေရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများပြုလုပ်စေရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပြင် အာဆီယံ၏အခြားမိတ်ဖက်နိုင်ငံများအားလုံး ဝိုင်းဝန်းကူညီပေးရန် ထိုင်းနိုင်ငံကမျှော်လင့်ထားကြောင်း သိရသည်။

ဖေ့ဘွတ်စ်နှင့်အင်စတာဂရမ်တို့တွင် နည်းပညာပိုင်းချို့ယွင်းချက်ရှိလာခဲ့ပြီးနောက် မီတာကုမ္မဏီ၏ရှယ်များ ကျဆင်း

ဖေ့ဘွတ်စ်နှင့် အင်စတာဂရမ် လူမူကွန်ရက်များသည် နည်းပညာပိုင်းချို့ယွင်းချက်များဖြစ်လာခဲ့ပြီးနောက် မတ်လ ၅ ရက်၊ ညပိုင်းတွင် အသုံးပြုသူများကြား အဆင်မပြေဖြစ်လာခဲ့ပြီးနောက် အသုံးပြသူများက တိုင်ကြားမှုများရှိခဲ့ပြီး ဖေ့ဘွတ်စ်နှင့်ပတ်သက်ပြီး တိုင်ကြားစာ ၅ သိန်းကျော်၊ အင်တာစဂရမ်နှင့်ပတ်သက်ပြီး တိုင်ကြားစာ ၁ သိန်းနီးပါးရှိခဲ့ကြောင်းDowndetector…

ရုရှားစစ်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ပြန်ကြောင်း ICC ဆို

အဆိုပါတရားရုံးသည် ပင်လယ်နက်ဒေသရှိ ရုရှားရေတပ်အုပ်စု အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဗစ်တာ ဆိုကိုလောဗ့်နှင့် လေကြောင်းတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဆာဂေး ကိုလက်ကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ​အေးဘုရားလမ်းတွင် ​မော်​တော်ယာဉ်သုံးစီးဆင့်တိုက် ကလေးငယ်တစ်ဦး အပါအဝင် လူနှစ်ဦးထိခိုက်

"ကမ္ဘာ​အေးဘုရားမုခ်​ဦး​ရှေ့မှာတင် တက္ကစီယာဥ်နှစ်စီးနဲ့ အိမ်စီးကားတစ်စီးတိုက်မိတာ မှန်ပါတယ်။ ဒဏ်ရာရလူနာ​တွေက သိပ်ပြီးပြင်းပြင်းထန်ထန်မဖြစ်သွားပါဘူး။ မနက်အ​စောပိုင်းဆို​တော့ ရုံးဆင်း၊ ရုံးတက်ချိန် လူကများတယ်။ ဖြစ်စဥ်အတိအကျ​တော့ မသိလိုက်ရပါဘူး။ လူနာ​တွေကို ​မြောက်ဥက္ကလာပ​ဆေးရုံကြီးကို ပို့​ဆောင်​ပေးခဲ့ပါတယ်။"

မိုးမောက်နှင့် ရွှေကူမြို့နယ်တွင် စစ်ရေးတင်းမာနေကာ ဒေသခံများ တိမ်းရှောင်နေရ

ပြီးခဲ့သည့်ရက်ပိုင်းက မိုးမောက်မြို့သစ်အဝင် စစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက်လက်နက်ကိုင်အဖွဲ့များ စစ်ရေးလှုပ်ရှားမှုများရှိနေကာ ကျေးရွာအချို့တွင် တိုက်ပွဲများဖြစ်ပွားနိုင်ကြောင်း သတင်းများထွက်ပေါ်နေ၍ ဒေသခံများ ဘေးလွတ်ရာသို့ ကြိုတင်ရှောင်တိမ်းလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် စပါးဈေးကောင်းသော်လည်း တောင်သူများအကျိုးအမြတ်မရှိဖြစ်နေ

အခု ဧရာဝတီတိုင်းမှာ စပါးတင်း ၁၀၀ ကို ၁၈ သိန်းဈေးအထိပေါက်နေတယ်။ တောင်သူတွေလက်ထဲ စပါးမကျန်မှ စပါးဈေးကတက်လာတာ။ ကျွန်မတို့ကလည်း လက်ထဲကို စပါးမထားနိုင်ပါဘူး၊ စပါးစရိတ်ကတည်းက ရောင်းထုတ်ရတာ။ သွင်းအားစုဖိုး၊ ရိတ်စက်ခဖိုး၊ မျိုးစေ့ဖိုး၊ ဘေးကနေအတိုးနဲ့ဆွဲပြီး လယ်ထဲထည့်ထားတဲ့အကြွေး…