» သတင်း

Meta(ခေါ်) Facebook ကုမ္ပဏီ၏ ပလက်ဖောင်းများဖြစ်သည့် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး အသုံးပြု၍မရ

Meta(ခေါ်) Facebook ကုမ္ပဏီ၏ ပလက်ဖောင်းများဖြစ်သည့် Facebook ၊ Instagram၊ Messenger နှင့် Threads ပလက်ဖောင်းများအားလုံး ယခုည ၁၀ နာရီခန့်မှစ၍ အသုံးပြုမရတော့ကြောင်း၊ တစ်ကမ္ဘာလုံးရှိ အကောင့်များအားလုံး ရပ်ဆိုင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

မအူပင်မြို့နယ်တွင် ပြီးခဲ့သည့်တစ်လအတွင်း ညမထွက်ရအမိန့် ချိူးဖောက်သည်ဆိုသည့် ဒေသခံ ၁၃ ဦး ဖမ်းဆီးခံရ

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ တစ်လအတွင်း ဒေသခံ ၁၃ ဦးကို သက်ဆိုင်ရာကထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကိုချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဖမ်းခံရသည့် ဒေသခံ ၁၃ ဦးတွင် အမျိုးသားလူငယ်များဆုံးဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟေတီနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွား ဝန်ကြီးချုပ်ပြည်ပထွက်ပြေးပြီး ကျောင်းများနှင့် ဆေးရုံများပိတ်ထားခဲ့ရ ဟုဆို

အကျဉ်းထောင်အတွင်းမှ ထွက်ပြေးလွှတ်မြောက်သွားသော အကျဉ်းသားထောင်ချီသည် အကြမ်းဖက်တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက်ပိုင်း ဟေတီအာဏာပိုင်များက နိုင်ငံအရေးပေါ်အခြေနေကြေညာခဲ့ရပြီး ဝန်ကြီးချုပ်ကလည်း ပြည်ပတွင်ရှိနေကြောင်း သိရသည်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလွန်ဆန်က မတ်လ ၅ ရက်နေ့တွင်ကျင်းပခဲ့သော အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာခြင်းသည် မြန်မာပြည်သူများနှင့် သက်ဆိုင်ရာအဖွဲ့စည်းအားလုံးအတွက် အကျိုးကျေးဇူးဖြစ်လာဖွယ်ရှိနေသည်ဟု ဆိုသည်။

အွန်လိုင်းလိမ်လည်ဂိုဏ်းများလက်တွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသား ၉၀၀ ကျော်ကို မိခင်နိုင်ငံသို့ပြန်ပို့ရန် ကူညီပေးခဲ့ဟု ထိုင်းဝန်ကြီးချုပ် ဆို

ထိုင်းဝန်ကြီးချုပ်က "တရုတ်နိုင်ငံသား ၉၀၀ ကိုမိခင်နိုင်ငံကို ပြန်ပို့နိုင်ဖို့ ထိုင်း၊ မြန်မာနဲ့ တရုတ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ဒီလုပ်ငန်းစဉ်ဟာ လူသားချင်းဆိုင်ရာအကူအ ညီပေးရမယ်ဆိုတဲ့အချက်ကိုအခြေခံပြီး စိတ်လိုလက်ရ ကူညီပေးခဲ့တာဖြစ်ပါတယ်။ အတင်းကြပ်ခိုင်းစေလို့ လုပ်ကိုင်တာမျိုးမဟုတ်ဘူး။" ဟု ပြောသည်။

ဧရာဝတီတိုင်းကထွက်သည့် ပင်လယ်ငါးစည်ဖောင်းခြောက်များ ပြည်ပဈေးကွက်သို့ ပြန်လည်မတင်ပို့နိုင်သေး

ဧရာဝတီတိုင်းမှထွက်ရှိသည့် ပင်လယ်ငါးစည်ဖောင်းခြောက်များ ပြည်ပဈေးကွက်ကို ပြန်လည်မတင်ပို့နိုင်သေးခြင်းကြောင့် ပြည်အတွင်းဈေးကွက်တစ်ခုတည်းသာ အားကိုးနေရသဖြင့် ငါးစည်ဖောင်းလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း ငါးစည်ဖောင်းခြောက်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တပ်ဖွဲ့ဝင်များပြန်လည်ရုတ်သိမ်းရန်သဘောတူညီခဲ့ ဟုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုများကြောင့် နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးက မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ၏အကျိုးစီးပွားများကို ဘေးကင်းစိတ်ချရရန်နှင့် ထိခိုက်မှုမဖြစ်စေရန်အတွက် တပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းရန် သဘောတူညီခဲ့ကြောင်း တရုတ်နှင့် ကချင်ဘာသာစကားများဖြင့်ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

နမ္မမတူမြို့တွင် ကလေးနှစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲပြီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

"မနေ့က နေ့လည် ၁၂ နာရီလောက်ကတော့ ဖြစ်မယ်ထင်တယ်။ ကလေးတွေက ဆိတ်ကျောင်းရင်းနဲ့ မိုင်းနင်းမိတာပါ။ ကလေ‌‌တွေအဖေက ပင်စင်စား၊ လေဖြတ်နေတာ။ အမေကလည်း ကျန်းမာရေးမကောင်းဘူး။ ကလေးတွေကလည်း ကျန်မားရေးချူခြာတယ်လို့ သိရတယ်။ ညီအကိုနှစ်ယောက် တစ်ယောက်ကတော့ ၁၄ နှစ်။…

ထိုင်းဝန်ကြီးချုပ်ဟောင်းယင်လပ်နှင့် အပေါင်းပါ ၅ ဦးကို စွဲဆိုထားသောစွဲချက်များမှတရားသေလွှတ်ပေးလိုက်ကြောင်း ထိုင်းတရားရုံးချုပ်ဆုံးဖြတ်

ထိုင်းအကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်နှင့် အပေါင်းပါငါးဦးတို့ သည် ထိုင်းဘတ်သန်း ၂၄၀ တန်ဖိုးရှိ “Thailand 2022 Roadshow” စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အာဏာ အလွှဲသုံးစားလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးဆွေးနွေးမည်

သြစတြေးလျနိုင်ငံသည် အာဆီယံအဖွဲ့၏ ပထမဆုံးမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပြီး၊ ယခုသီတင်းပတ်အတွင်းတွင်အာဆီယံနှင့် သြစတြေးလျနိုင်ငံကြား မိတ်ဖက်အဖြစ်ဆောင်ရွက်မှု နှစ် ၅၀ ပြည့်မည်ဖြစ်ရာ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။