» သတင်း

ရခိုင်တွင် ​ရေလမ်း​ကြောင်းနှင့် ကုန်းလမ်းကြောင်းများ ပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာနှင့် အ​ခြေခံကုန်ပစ္စည်းများ ပြတ်လပ်နေ

ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများ​ကြောင့် ​ရေလမ်း​ကြောင်းနှင့် ကုန်းလမ်း​ကြောင်း ပိတ်ဆို့မှု​ဖြစ်ပွား​နေပြီး စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်မှုများ ဖြစ်ပွားနေ​ကြောင်း UNOCHA Myanmar ၏ မတ် ၃ ရက်၊ ​နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် ဆုရွေးချယ်မှုတွင် မြန်မာအမျိုးသမီးရှေ့နေတစ်ဦး ပါဝင်

အမေရိကန်နိုင်ငံသည် ကမ္ဘာတဝှမ်းတွင် သူမတူသော ရဲစွမ်းသတ္တိရှိသူ၊ အားမန်ခိုင်မာသူ၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှမှုရှိစေရေးနှင့် အမျိုး သမီးအပြင် မိန်းကလေးငယ်များကို စိတ်ခွန်အားမြှင့်တင်စေရေး စသောအခန်းကဏ္ဍများတွင် ခေါင်းဆောင်မှုရှိသူများကို ရွေးချယ်ပြီး နှစ်စဉ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုလဲတွင် ဒေသခံသောင်းချီ၍ ဆက်လက်စစ်ရှောင်နေရ

"ဖေဖော်ဝါရီ ၁၈ ရက်နေ့တည်းက ဒီနေ့အထိ ပုလဲနယ်တစ်ခုလုံးနီးပါးမှာ စစ်ကြောင်းထိုးတာ၊ ရွာတွေထဲကို ဝင်လာတာတွေကြောင့် ဘယ်သူမှအိမ်မှာမနေရဲဘဲ ထွက်ပြေးနေရတာ။ ဒီနေ့အထိဆို စစ်ရှောင်ရတာ ၁၅ ရက်လောက်ကြာလာတော့ စားနပ်ရိက္ခာလိုအပ်ချက်တွေ များလာတယ်။ ကျွန်တော်တို့အဖွဲ့တွေလည်း နိုင်သလောက်တော့ လှူဒါန်းနေပါတယ်။"

ပျားရည်မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် ပြည်ပသို့တင်ပို့နိုင်ခဲ့ ဟုဆို

ဂျပန်အပါအဝင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံသို့ နှစ်စဉ် ပျားရည်တန်ချိန် ၂၀၀ ခန့် တင်ပို့နေရပြီး၊ လက်ရှိအချိန်ထိ ပြည်ပသို့ မက်ထရစ်တန်ချိန် ၂၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ(နေပြည်တော်)မှ သိရသည်။

ရန်ကုန်-ဧရာဝတီတိုင်း ကုန်တင်ကားခ နှစ်ဆကျော်မြင့်တက်လာမှုကြောင့် ကုန်သည်များ အခက်တွေ့

ယခင်က ရန်ကုန်-ဧရာဝတီတိုင်းလမ်းကြောင်းတွင် တန် ၃၀ ဆံ့ကုန်တင်ကားတစ်စီးကို ငှားရမ်းခ ကျပ်လေးသိန်းဝန်းကျင်သာရှိခဲ့ပြီး ယခုအခါ ငွေကျပ် ၁၃ သိန်းကျော်အထိ ဈေး နှုန်းမြင့်တက်လာကြောင်း သိရသည်။

အစ္စရေးက ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရန် အဆိုပြုချက်များကို လက်ခံဖွယ်ရှိဟု အမေရိကန်အစိုးရ ဆို

စေ့စပ်ဆွေးနွေးသူများသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသောစစ်ပွဲကို အပစ်ခတ်ရပ်စဲနိုင်ရန် အရှိန်မြင့်ကြိုးပမ်းနေပြီး ရာမာဒန်ကာလမတိုင်ခင် အ ပစ်ခတ်ရပ်စဲနိုင်ရန် ကြိုးပမ်းနေရာ ဟားမက်စ်အဖွဲ့ခေါင်းဆောင်များသည် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် လာရောက်ဆွေးနွေးဖွယ်ရှိနေကြောင်း သိရသည်။

ထိုင်းလွှတ်တော်တွင် မြန်မာအရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ထိုင်းလွှတ်တော်အမတ်တစ်ဦးဖြစ်သော ရမ်ဆီမန် ရိုမီက "ဒီနေ့ကျင်းပခဲ့တဲ့ မြန်မာအရေးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံရေး အငြင်းပွားမှုတွေမှာပါဝင်နေတဲ့ ဘက်အားလုံးကြား တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဆွေးနွေးနိုင်အောင် ပြုလုပ်တဲ့ပထမအဆင့်ပါ။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံစေမယ့် နိုင်ငံရေးအဖြေတစ်ခုရဖို့ လမ်းခင်းပေးမှာပါ။" ဟု ပြော သည်။

ကိုရီးယားသို့ လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်လာပါက ဒဏ်ကြေးအဆ ၅၀ တိုးကောက်မည် ဟုဆို

"သူတို့ကို အကြိမ်ကြိမ်သတိပေးထုတ်ပြန်ထားပြီးသား။ တားမြစ်ပစ္စည်းတွေ မသယ်ဆောင်ဖို့အတွက်ပေါ့။ ဒါပေမယ့် တချို့အလုပ်သမားတွေက မလိုက်နာဘူး။ သယ်သွားကြ တယ်။ သူတို့အကြိမ်ကြိမ်သတိပေးထားရဲ့သားနဲ့ မြန်မာတွေက စည်းကမ်းဖောက်ဖျက်တာတွေများနေတော့ ဒဏ်ကြေးငွေကို တိုးမြှင့်ကောက်ခံမယ်ဆိုပြီး ကိုရီးယားဘက်က အ ကြောင်းကြားလာတာဖြစ်ပါတယ်။"

အိန္ဒိယနိုင်ငံသို့ မြန်မာ့ကွမ်းသီးခြောက်များတင်ပို့ရန် MoU ရေးထိုးပြီး ဟုဆို

"အခုတော့ ပြီးခဲ့တဲ့လက နှစ်ဖက်လက်မှတ်ရေးထိုးပြီးသွားပြီ။ အခုတင်ပို့မယ့်ပုံစံ၊ တင်ပို့ရမယ့်နေရာ၊ ဈေးနှုန်း၊ ငွေပေးချေမှုပုံစံတွေကို ညှိနှိုင်းနေတယ်။" ဟု မွန်ပြည်နယ်၊ ကွမ်းသီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်တောမည်မဟုတ်ဟု ပြင်သစ်အစိုးရ ဆို

ပြီးခဲ့သောသီတင်းပတ်အတွင်းက ကျင်းပခဲ့သော နေတိုးအဖွဲ့အစည်းအဝေးတစ်ခုအတွင်း ပြင်သစ်သမ္မတ မက်ခရွန်က ရုရှားကို ဟန့်တားနိုင်ရန်အတွက် အနာဂတ်တွင် ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များစေလွှတ်ခြင်း ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောဆိုခဲ့ရာ နေတိုးအဖွဲ့ နှင့် ရုရှားနိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့သည်။