» သတင်း

နိုင်ငံခြားသားခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် ကျန်းမာရေးကိစ္စဖြစ်ပေါ်ပါက မိမိစရိတ်ဖြင့်ကျခံရမည် ဟုဆို

"ပြည်တွင်းကိုလာရောက်တဲ့ ခရီးသွားတွေအနေနဲ့ သက်ဆိုင်ရာကျန်းမာရေးအရာရှိတွေရဲ့ ဆေးစစ်ချက်တွေကို ခံယူရမှာဖြစ်ပါတယ်။ အခု အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကလည်း ပြန်ဖြစ်နေတာဆိုတော့လေ။ သူတို့ရဲ့ထုတ်ပြန်ချက်ကို တိတိကျကျလိုက်နာဖို့လိုတယ်။ ခရီးသွားကုမ္ပဏီတွေကိုလည်း အကြောင်းကြားထားတာရှိပါတယ်။"

လူမြင်ကွင်းတွင် သေဒဏ်ပေးသည့်အတွက် တာလီဘန်အစိုးရကို ကုလသမဂ္ဂပြစ်တင်

အာဖန်ဂန် ကုလသမဂ္ဂလူအခွင့်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဂျရေမီ လောရမ့်က "ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ အာဖန်ဂန်နစ္စတန်နိုင်ငံရှိ ဘောလုံးကွင်းထဲမှာ လူသုံးဦးကို လူအများအပြားရှေ့မှာ ကွပ်မျက်ခဲ့တယ်။ လူမြင်ကွင်းမှာ ကွပ်မျက်တဲ့စနစ်ဟာ ရက်စက်လွန်းတယ်။ အဲဒီကွပ်မျက်ခြင်းဟာ သဘာဝမကျဘူးလို့ထင်မိပါတယ်။" ဟုပြောသည်။

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို အပန်းဖြေရာတွင်အသုံးပြုခြင်းကို ပိတ်ပင်မည်ဟု ထိုင်းအစိုးရ ဆို

ထိုင်းနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် ဆေးခြောက်ကို ဆေးဝါးကုသရန်ရည်ရွယ်ချက်အတွက် ပထမဆုံးအကြိမ် အသုံးပြုခွင့်ပေးခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အပန်းဖြေရာတွင်အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။

ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါချုပ်အပါအဝင် သုံးဦးအား ဖမ်းဆီးထားကြောင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ဆို

ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားပြီးနောက် ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်အောင်၊ အင်္ဂလိပ်စာဌာနမှူး ဒေါ်စုစုလတ်နှင့် မြို့ပြအင်ဂျင်နီယာဌာနမှူး ဒေါ်နန္ဒာလွင်တို့သုံးဦးအား နေ့လည် ၁၂ နာရီဝန်းကျင်က ကျောင်းဝင်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် ချောင်းဝတံတားတည်ဆောက်မှု ၈၉ ရာခိုင်နှုန်းပြီးပြီ ဟုဆို

"လက်ရှိ တံတားတစ်စင်းလုံးရဲ့ တည်ဆောက်မှုလုပ်ငန်း ၈၉ ရာခိုင်နှုန်း ဆောင်ရွက်နေပြီးစီးပြီဖြစ်တယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ ရေရှည်ခိုင်ခန့်စေဖို့အတွက်ကြပ်မတ်လုပ်ဆောင်နေတာ။ ဒီတံတားက ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမယ့်တံတားပါ။ ဒေသနှစ်ခုဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့တံတားပါ။"

မိုင်းခွဲခံရသည့်တံတား ပြုပြင်ပြီး၍ ရန်ကုန်-မော်လမြိုင်လမ်း၌ ကားများပြန်လည်သွားလာနိုင်ပြီ ဟုဆို

"မနေ့က ည ၇ နာရီလောက်ကစပြီး လမ်းပွင့်တာ။ ကားလမ်းတစ်ခြမ်းကို ပြင်ပြီးသွားတော့ ကားကြီး၊ ကားငယ် အလှည့်ကျသွားရတယ်။ လုံးဝသွားမရတာထက်စာရင် လမ်းပွင့်သွားတော့ သွားရတာအဆင်ပြေသွားတယ် ပြောရမယ်။" ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။

ရေကြည်မြို့နယ်တွင် ကိုဗစ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် တောင်းခံနေသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေ

အဆိုပါ ကိုဗစ်ချေးငွေ အကြွေးကျန်များကို လာမည့်မတ်လ ပထမအပတ်နောက်ဆုံးထားပေးဆပ်ရန်၊ ပျက်ကွက်ပါက ဖမ်းဆီးပြီး ဘဏ်တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဟုကျေးရွာအုပ်ချုပ်ရေးမှူးများက အစည်းအဝေးခေါ် ပြောဆိုတောင်းယူနေခြင်းဖြစ်သည်ဟု ရေကြည်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

တရုတ်ပြည်သို့ တစ်ခါသုံးကတ်ဖြင့် သွားရောက်မည့်သူများကို ခေတ္တဆိုင်းငံ့ထား ဟုဆို

လက်ရှိတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် နယ်စပ်ဂိတ်များ၌ လူအလွန်များပြားနေသဖြင့် တရုတ်ပြည်၌ တစ်ပတ်နေထိုင်ခွင့် တစ်ခါသုံးကတ်နှင့် သွားရောက်သူများကို တရုတ်ပြည်ဘက်မှ ခေတ္တဆိုင်းငံ့ထားပြီး မူဆယ်ခရိုင်အတွင်းနေထိုင်၍ သန်းခေါင်စာရင်းရှိသူများကိုသာ စာအုပ်အနီဖြင့် တစ်နှစ်နေထိုင်ခွင့်ရှိသူများကို ဦးစားပေးသွားခိုင်းနေကြောင်း သိရသည်။

ချောင်း​ရေဆင်းချိုးရာက အမျိုးသားတစ်ဦး ​ရေနစ်​သေဆုံး

မန္တလေးတိုင်း​ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆည်​တော်​ချောင်းမကြီးတွင် ဖေ​ဖော်ဝါရီ ၂၇ ရက်၊ ည​နေ ၅ နာရီခွဲက အမျိုးသားတစ်ဦး ချောင်းရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်း)မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​​​ခေတ်သို့ ​ပြောသည်။

ဂျပန်နိုင်ငံ​ရောက် မြန်မာကျောင်းသားများ တစ်လလျှင် ယန်း ၃၀,၀၀၀ ရရှိမည့် ပညာသင်ဆုလျှောက်ထားရန် သံရုံးထုတ်ပြန်

အဆိုပါ Daiozu Memorial Foundation ပညာသင်ဆုချီးမြှင့်ရန်အတွက် နိုင်ငံတကာကျောင်းသား ၂၅ ဦး ရွေးချယ်သွားမည်ဖြစ်ပြီး၊ ထောက်ပံ့ကြေးအား တစ်နှစ်ကို နှစ်ကြိမ် ပေးအပ်မည်ဖြစ်ပြီး တစ်နှစ်လျှင် ယန်း ၃၆၀,၀၀၀ (တစ်လလျှင် ယန်း ၃၀,၀၀၀)ပေးအပ်သွားမည်ဖြစ်​ကြောင်း သိရသည်။