» သတင်း

ဒေါ်လာလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်နေ

" ၂၀ ရက်ကျော်ထဲက ငွေလဲနှုန်း တဖြည်းဖြည်းတက်လာတာ။ ၂၃ ရက်က ၃၆၀၀ ကျပ်အထိရောက်လာပြီး၊ မနေ့က ၃၆၅၀ ကျပ်အထိရောက်လာတယ်။ ဒီနေ့တော့ နည်းနည်းပြန်ကျလာပြီး၊ နေ့လည်စျေးက ၃၆၃၀ ကျပ်ပါ။" ဟု ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက…

ကလေးတက္ကသိုလ်မှ ဖမ်းဆီးခံထားရသူများအနက် ပြန်မလွတ်သေးသူများရှိနေ ဟုဆို

"ချင်းပြည်နယ်ဘက်ကနေဆင်းလာတဲ့ PDF အဖွဲ့တွေနဲ့ ကလေးတက္ကသိုလ်အနီးမှာ တိုက်ပွဲဖြစ်ပြီး ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဖမ်းခံရတာလို့ သိရတယ်။ နာရီပိုင်းအကြာမှာပဲ တချို့ပြန်လွတ်လာတယ်။ ပြန်မလွတ်သေးတဲ့လူတွေ ရှိသေးတယ်လို့လည်း ကြားတယ်။ ပြန်လွတ်လာတဲ့သူတွေကို ကလေး ဒကစ(ဒေသကွပ်ကဲမှု စစ်ဌာနချုပ်)ထဲ…

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ သုံးသိန်းကျော်အထိရှိလာ

ယမန်နှစ်၊ နိုဝင်ဘာ ၁၃ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နစကနှင့် AA လက်နက်ကိုင်အဖွဲ့အကြား တကျော့ပြန်တိုက်ပွဲများကြောင့် ယခုလအထိ သုံးလအတွင်း ဒေသခံ ၂၆၈,၇၃၁ ဦး စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုင်းကအိမ်ရှင်အဖြစ် လက်ခံကျင်းပသော စစ်ရေးလေ့ကျင့်ခန်းတွင် မြန်မာနိုင်ငံမပါဝင်

ထိုင်းနိုင်ငံသည် COBRA GOLD 2024 စစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အာရှတိုက်ဒေသအတွင်းပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများတွင် အချိန်အကြာဆုံးပြုလုပ်သော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဖြစ်ကြောင်း သိရသည်။

မလှိုင်မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွား အဝေးသင်ကျောင်းသားတစ်ဦး သေဆုံး

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် သာသနာ့လိုင်စင်ယူထားသည့်ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ယာဉ်မောင်းသူ တက္ကသိုလ်ကျောင်းသားတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ပြီး ကျောင်းသူတစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးကိစ္စများနှင့်ဆက်နွယ်ပြီး ထိုင်းနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေး ကျဆင်းဖွယ်ရှိနေ ဟုဆို

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခအရေး ကိုင်တွယ်ဖြေရှင်းမှုများတွင် ထိုင်းနိုင်ငံက ပါဝင်ဆောင်ရွက်နေရသလို အခြားအိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသော ငွေကြေးဖောင်းပွမှုနှင့် အိမ်ထောင်စုကြွေးမြီဆိုင်ရာ ပြဿနာများအပါအဝင် စီးပွားရေးဆိုင်ရာပြဿနာများကို ညှိနှိုင်းဆောင်ရွက်နေရကြောင်း FTI ၏ဒုဥက္ကဋ္ဌက ပြောသည်။

ယူကရိန်းကို စစ်သားများစေလွှတ်မည်ဆိုလျှင် နေတိုးအုပ်စုနှင့် တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ဟု ရုရှားအစိုးရ ဆို

ပြင်သစ်သမ္မတ မက်ခရွန်က နေတိုးအုပ်စုဟာ ယူကရိန်းကို နေတိုးအုပ်စုဝင်နိုင်ငံများ၏ တပ်ဖွဲ့ဝင်များ စေလွှတ်ကောင်းစေလွှတ်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အငြင်းပွားမှုများဖြစ်လာခဲ့ကြောင်း သိရသည်။၊

ရာမာဒန်ကာလအတွင်း ဂါဇာစစ်ပွဲရပ်တန့်ထားရန် အစ္စရေးအဆင့်သင့်ရှိနေဟု အမေရိကန်သမ္မတ ဆို

အမေရိကန်သမ္မတက "ရာမာဒန်ကာလ လာတော့မယ်။ အစ္စရေးဟာ အဲဒီကာလအတွင်း ဂါဇာဒေသကို တိုက်ခိုက်တာမျိုးတွေမလုပ်ဖို့ သဘောတူညီဖွယ်ရှိနေပါတယ်။ ဟားမက်စ်အဖွဲ့လက်ထဲ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်မြောက်စေဖို့ အချိန်ပေးရဖွယ်ရှိနေပါတယ်။" ဟု ပြောသည်။

မြောက်ကိုရီးယားက ရုရှားကို အမြှောက်ကျည်ဆံပေါင်း သန်းနှင့်ချီပြီး ထောက်ပံ့ပေးခဲ့ဟု တောင်ကိုရီးယား ဆို

တောင်ကိုရီးယားဝန်ကြီးတစ်ဦးဖြစ်သော ရှင်ဝင်ဆစ်က မြောက်ကိုရီးယားသည် ကျည်ဆံများထည့်ထားသည့် ကွန်တိန်နာပေါင်း ၆၇၀၀ ကျော်ကို ရုရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါကွန်တိန်နာများထဲတွင်၁၅၂ မမ အမြှောက်ကျည်ဆံ ၃သန်း၊ ၁၂၂ မမ အမြှောက်ကျည်ဆံ ၅ သိန်းပါဝင်ခဲ့ကြောင်း ဆိုသည်။

ငွေဆောင်တွင် ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့်လုပ်ငန်းများ အခက်အခဲဖြစ်နေ

ငွေဆောင်ကမ်းခြေသို့ ၂၀၂၃ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၄ သိန်းကျော်အထိ ဝင်ရောက်မှုရှိခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲများအဖြစ်ခင်ကထက် လျော့နည်းနေပြီး ပြည်တွင်းခရီးသွားများကိုသာ အားထားနေရခြင်းကြောင့် ခရီးသွားများကို ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်များ အခက်အခဲဖြစ်နေပေါ်နေကြောင်း သိရသည်။