» သတင်း

သာပေါင်းမြို့နယ်တွင် နွေစပါးစိုက်ချိန် လယ်ထွန်စက်ခဈေးနှုန်း နှစ်ဆကျော်မြင့်တက် တောင်သူများအခက်တွေ့

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးသောအချိန်က လယ်တစ်ဧကကို ထွန်စက်ခငွေ ကျပ် ၆၅,၀၀၀ ဈေးသာရှိခဲ့ပြီး၊ လက်ရှိနွေစပါးစိုက်ပျိုးချိန် လယ်တစ်ဧကထွန်စက်ခငွေ ကျပ် ၁၂၀,၀၀၀ အထိ ဈေးတက်လာခြင်းကြောင့် တောင်သူများ အခက်အခဲများဖြစ်ပေါ်နေကြောင်း သာပေါင်းမြို့နယ်မှ တောင်သူတစ်ဦးက…

တားမြစ်ကုန်စည်များ အွန်လိုင်းတွင်ရောင်းချသူ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

လက်ရှိ မြန်မာ​ရွှေ့​ပြောင်းလုပ်သား မစ္စမီ၏အလုပ်ပါမစ်သည် ထိုင်းပြည်တွင်း တရားဝင်အလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး၊ အွန်လိုင်းမှတစ်ဆင့် တားမြစ်ကုန်စည်များကို တရားမဝင်ရောင်းချခဲ့မှုဖြင့် မဟာချိုင်ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေး​နေ​ကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲတွင် အိန္ဒိယနိုင်ငံသားများ ရုရှားဘက်မှပါဝင်တိုက်ခိုက်ရန် လက်မှတ်ရေးထိုးထားကြောင်း အိန္ဒိယအစိုးရ အတည်ပြု

ဒူးဘိုင်းအခြေစိုက် လူသစ်စုဆောင်ရေးအုပ်စုများသည် အိန္ဒိယနိုင်ငံသားများကို တရားမဝင်လူသစ်စုဆောင်းပြီး ရုရှားနိုင်ငံကူးလက်မှတ်ထုတ်ပေးကာ ရုရှားနိုင်ငံကို ပို့ဆောင်ခြင်းများရှိခဲ့ကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။

ပုသိမ်ထီးရောင်းအားကျဆင်းခြင်းကြောင့် လုပ်ငန်းရှင်များ အခက်ကြုံနေ

''အရင်က ဝယ်လက်တွေအရမ်းများတယ်။ တင်ပို့ရတာတွေ လက်ကိုမလည်ဖြစ်ခဲ့တာ။ အခုငုတ်တုတ်ကိုမေ့နေတယ်။ နိုင်ငံရေးမကောင်းကတည်းက အလုပ်က အဆင်မပြေဖြစ်လာတာ ဒီနေ့အထိပဲ ဆိုပါတော့။" ဟု အဆိုပါလုပ်ငန်းရှင်က ဆိုသည်။

ပုသိန်ကြီးမြို့နယ်တွင် ဆိုင်ကယ်နှစ်စီးလုယက်ခံရ အမျိုးသားနှစ်ဦး ဓားဒဏ်ရာများရရှိ

ယမန်နေ့၊ ည ၇ နာရီ မိနစ် ၂၀ ခန့်က ပုသိန်ကြီးမြို့နယ်၊ ရွာရှည်ရွာ ၁၂၀ လမ်းတောင့်တွင် အမျိုးသားနှစ်မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးကို အမျိုးသားခြောက်ဦးက လမ်းလည်တွင်ရပ်ခိုင်းပြီး ဓာဖြင့်ခုတ်ကာ ဆိုင်ကယ်နှစ်စီးကို လုယူထွက်ပြေးသွားခဲ့ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက…

၀န်ကြီးချုပ်ဟောင်း ဟွန်ဆန် ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌနေရာရယူရန် ကြိုးပမ်းနေ

ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်း ၃၈ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့သောနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ကာ သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခန့်အပ်ခဲ့သူဖြစ်သည်။

တန့်ဆည်၌ တိုက်ပွဲပြင်းထန်နေကာ ဒေသခံသောင်းချီ၍ စစ်ရှောင်ရ

"၂၁ ရက်နေ့က ကံထူးမရွာမှာ တိုက်ပွဲစဖြစ်တာကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေလို့ ရွာတွေမှာ ဘယ်သူမှမနေရဲဘူး။ ရွာပေါင်း ဆယ်ရွာကျော်လောက်က လူသောင်းချီပြီး ထွက် ပြေးနေရတယ်။" ဟု ဒေသတွင်းစစ်ရှောင်ကူညီသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပတ်စ်ပို့ရုံးခွဲများတွင် ယနေ့မှစ၍ Online booking စနစ်ဖြင့် လျှောက်ထားနိုင်ပြီ ဟုဆို

"အခုဆိုအရင်ထက် နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေက အရမ်းများတယ်။ မန္တလေးမှာဆိုရင် လူတောင်ပိတယ်ဆိုတော့ အဆင်မပြေဘူး။ ခုချိန်ထိ နိုင်ငံကူးလက်မှတ်က လျှောက်လို့ရပါသေးတယ်။" ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် အမေရိကန်ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ဗဟိုဘဏ်ရောင်းချပေးမည် ဟုဆို

"သူကတော့ ငွေဈေးတတ်ချိန်၊ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၊ ကုန်သွယ်မှုလိုငွေတွေကြောင့် ဒီရက်ပိုင်း ဆက်တိုက်ထုတ်ရောင်းပေးနေတာ။ ဒေါ်လာဈေးသာတတ်နေတာ အရောင်းမဝယ်သိပ်မဖြစ်ဘူး။ ငွေကြေးဈေးကွက်ကအေးတယ်။" ဟု Money Changer လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ယူကရိန်းအနေဖြင့် နေတိုးထံမှရရှိမည့် အက်ဖ် ၁၆ များကို ရုရှားကိုတိုက်ခိုက်နိုင်မည်ဟု နေတိုးအကြီးအကဲ ဆို

ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲဖြစ်ပွားချိန်ကာလတည်းက အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးရန် တောင်းခံခဲ့ပြီး ဒိန်းမတ်နှင့် နယ်သာလန်နိုင်ငံတို့က အက်ဖ် ၁၆ တိုက်လေယာဉ်များ ကူညီပေးရန် ကတိပြုထားကြောင်း သိရသည်။