» သတင်း

ပတ်စ်ပို့နှင့်စပ်လျဥ်းပြီး သံရုံးငွေစာရင်းသို့ ငွေပိုသွင်းမိလျှင် ပြန်ထုတ်ရန်အခက်အခဲရှိဟုဂျပန်သံရုံးထုတ်ပြန်

လက်ရှိ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် စာအုပ်ကြေး၊ ပျောက်ဆုံးဒဏ်ကြေး၊ ဝင်ငွေခွန်နှင့် ဗီဇာကြေးတို့အား လျှောက်ထားသူများမှ မြန်မာသံရုံး၏ ငွေစာရင်းဖွင့်လှစ်ထားသည့် SUMMITOMO MITSUI BANKING CORPORATION ( GOTANADA BRANCH )…

အီရန်က ရုရှားကို မြေပြင်ပစ်ဒုံးကျည်များ ထောက်ပံ့ပေးခဲ့ ဟုဆို

အီရန်နှင့် ရုရှားစစ်ဘက်တာဝန်ရှီသူများသည် ပြီးခဲ့သောနှစ်နှောင်းပိုင်းတွင် နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီလအစောပိုင်းမှစတင်ပြီး ဒုံးကျည်များကိုသင်္ဘောများဖြင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

မိုင်းပွန်အနီး တိုက်ပွဲကြောင့် ရှမ်းတောင်နှင့် ရှမ်းအရှေ့သို့ ဆက်သွယ်ထားသည့်လမ်းများ ပိတ်ထား

"တိုက်ပွဲဖြစ်လို့ မနေ့မနက်က ဟိုပုံး-မိုင်းပွန်-လွိုင်လင်လမ်းကို ညနေပိုင်းအထိ ပိတ်ထားရတယ်။ ညနေ ၅ နာရီလောက်က ခဏပြန်ဖွင့်ပေးပြီး ပြန်ပိတ်ထားတယ်။ ဒီမနက်တော့ မိုင်းပွန်-လွိုင်လင်လမ်းကို ပြန်ဖွင့်ပေးထားပြီး တောင်ကြီး-ဟိုပုံးကနေ မိုင်းပွန်အထိလာတဲ့လမ်းကို ပိတ်ထားတယ်။ လမ်းမှာလည်း ကားတွေပိတ်မိနေတယ်။"

လွိုင်ကော်၌ ဗုံးများကျရောက်ပေါက်ကွဲ၍ နေအိမ်များမီးလောင်

"တိုက်ပွဲမဖြစ်ဘဲ ဒရုန်းဗုံးတွေကျရောက်လို့ နေအိမ်တွေ မီးလောင်တာလို့ သိရတယ်။ ရွှေတောင်နဲ့ မင်္ဂလာရပ်ကွက်က အိမ်တချို့တော့ ကုန်သွားတယ်။ အများစုက စစ်ရှောင်နေရတော့ ဘယ်လောက်အထိလောင်တယ်ဆိုတာတော့ မသိရသေးဘူး။" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ နေရပ်စွန့်ခွာသူ ၂ ဒသမ ၇ သန်းခန့်ရှိလာ

"အိမ်ပြန်လို့မရဘဲ စစ်ရှောင်စခန်းတွေမှာဘဲ နေရတဲ့ စစ်ရှောင်တွေက တစ်ထောင်လောက်ရှိတယ်။ ကုန်ဈေးနှုန်းတွေ မြင့်လာတဲ့အတွက် စစ်ရှောင်တွေကို ထောက်ပံ့ပေးရတာ အ ရင်ကထက် ပိုခက်ခဲလာတယ်။" ဟု စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများပြန်လွှတ်မြောက်ရေး ဟားမက်နှင့် သဘောတူညီမှုအသစ်ရရှိရန် ကြိုးပမ်းမည်ဟု အစ္စရေးအစိုးရ ဆို

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲရပ်တန့်စေဖို့ တွေ့ဆုံဆွေးနွေးရန် တွန်းအားပေးမှုများ မြင့်တက်နေချိန်တွင် အစ္စရေးအစိုးရအဖွဲ့ဝန်ကြီးဖြစ်သူ ဘန်နီဂန်ဇ့်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

နျူကလီးယားပစ္စည်းများကို မှောင်ခိုယူဆောင်ရန်ကြိုးပမ်းခဲ့သော ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်ကို အမေရိကန် ထပ်မံစွဲချက်တင်မည်

ဂျပန်ယာကူဇာ ဂိုဏ်းခေါင်းဆောင်နှင့် ၎င်း၏လက်ထောက်တစ်ဦးဖြစ်သူ ဆွန်ဖို ဆင်ဟာစီရီတို့သည် မူးယစ်ဆေးဝါး၊ လက်နက်နှင့် နျူကလီးယားပစ္စည်းများကို မှောင်ခိုကုန်ကူးမှုများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ အကြီးအကဲဖြစ်သူ Anne Milgram က ပြောသည်။

သန်လျင်ခြောက်လမ်းသွားလမ်းမကြီးတွင် ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်

ရန်ကုန်​တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ​ခြောက်လမ်းသွားလမ်းမကြီး၊ ဒဂုံ-သီလဝါကားလမ်း၊ ကုလားဝဲ​ကျေးရွာ၊ ကုလားဝဲတံတားအဆင်းတွင် ​ဖေ​ဖော်ဝါရီ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီ ၂ မိနစ်က ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့​ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

အစိုးရအသစ်ဖွဲ့စည်းရန် ပါကစ္စတန်နိုင်ငံ၏ အင်အားအကြီးဆုံးပါတီကြီးနှစ်ခု သဘောတူညီခဲ့သော်လည်း အစိုးရဖွဲ့နိုင်သည့်မဲအရေအတွက် မရသေး

PML-N ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်နေရာပေါင်း ၇၉ နေရာအနိုင်ရခဲ့ပြီး၊ PPP ပါတီက လွှတ်တော်နေရာပေါင်း ၅၄ နေရာတွင်အနိုင်ရခဲ့ကာ ဝန်ကြီးချုပ်ဟောင်း အင် မရမ်ခန်းဦးဆောင်သော PTI-Ind ပါတီက ရွေးကောက်ပွဲတွင် လွှတ်တော်နေရာပေါင်း ၁၁၆ နေရာရရှိခဲ့ကြောင်း…

ချောင်းဆုံမြို့နယ်တွင် ​ဝါယာ​ရှော့ဖြစ်ရာမှ အိမ် ၁၇ လုံး မီး​လောင်ကျွမ်း

အဆိုပါ မီးလောင်မှုဖြစ်စဉ်တွင် ကားသွားသည့်လမ်းများ ကျဉ်းမြောင်းခြင်းကြောင့် မီးသတ်ကားများ အချိန်မီဝင်မရဘဲ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံ​ဆွေ့ခဲ့ရ​​ကြောင်း ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်​ရေးအဖွဲ့က သိရသည်။