» သတင်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ၏ အဆိုပြုဆုံးဖြတ်ချက်များကို အမေရိကန်အစိုးရ ဗီတိုအာဏာသုံးဖွယ်ရှိနေ

အယ်ဂျီရီးယားနိုင်ငံသည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲပြီး လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန် တောင်းဆိုမည့်အဆိုပြုချက်မူကြမ်းများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများကြား လာမည့်ရက်ပိုင်းအတွင်း မဲခွဲဆုံးဖြတ်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ လုပ်ငန်းများကို ပြန်ရုတ်သိမ်းရန် Axiata Group စီးပွားရေးလုပ်ငန်းစု စီစဉ်နေ ဟုဆို

အဆိုပါစီးပွားရေးလုပ်ငန်းစုသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေပြီး ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၃၀၀၀ ကျော်ကို တည်ဆောက်၊ စီမံခန့်ခွဲခြင်းများ လုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။

ရုရှားအတိုက်ခံခေါင်းဆောင် သေဆုံးမှုအတွက် သမ္မတပူတင်ကို သမ္မတဂျိုးဘိုင်ဒန် ဝေဖန်ပြစ်တင်

ရုရှားအတိုက်ခံခေါင်းဆောင် Alexei Navalny သည် အကျဉ်းထောင်ထဲတွင် သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတက ရုရှားသမ္မတ ပူတင်ကို တိုက်ရိုက်ဝေဖန်ပြစ်တင်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်

သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများ၊ အာဏာအလွှဲသုံးစားမှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရ ကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ပြည်ပထွက်ပြေးကာ ပြည်ပနိုင်ငံများတွင် ၁၄ နှစ်ကြာနေထိုင်ခဲ့သူဖြစ်သည်။

ပြင်သစ်သမ္မတနှင့် ယူကရိန်းသမ္မတတို့ လုံခြုံရေးဆိုင်ရာသဘောတူညီချက်ကို လက်မှတ်ရေးထိုး

အဆိုပါ လုံခြုံရေးသဘောတူညီချက်ထဲတွင် ပြင်သစ်နိုင်ငံသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပေးမည့်အပြင် ယူကရိန်းစစ်သားတွေကိုလည်း လေ့ကျင့်သင်ကြားပေးမည့်အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိမှတ်ပြုမည်မဟုတ်ဟု ဝန်ကြီးချုပ်နေတန်ရာဟု ဆို

အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံကြား ကာလအတန်ကြာဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရန်အတွက် အမေရိကန်နိုင်ငံသည် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ်အသိမှတ်ပြုပေးရန် လိုလားနေကြောင်း သတင်းများထွက်ပေါ်နေချိန်တွင် အစ္စရေးဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်များကို လက်နက်များရောင်းချခြင်းမရှိဟုထိုင်းဗိုလ်ချုပ်ကြီး ဆို

ထိုင်းစစ်တပ်၏ ဗိုလ်ချုပ်ကြီးဖြစ်သူ ဂျာရိုအန်ချိုင်းက "လက်နက်မှောင်ခို ကုန်ကူးမှုတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုဖြစ်လာချိန်တိုင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် မြန်မာနိုင်ငံရှိ ပီဒီအက်ဖ်အဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ လက်နက်တွေဟာ ထိုင်းတပ်မတော်ထံကနေ ရရှိတာမျိုးမရှိဘူးဆိုတာ ပြသနေပါတယ်။" ဟုပြောသည်။

ရာဖယ်မြို့အတွင်းမှ အရပ်သားများထွက်သွားချိန်တွင် တိုက်ခိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

အစ္စရေးဝန်ကြီးချုပ်က "တိုက်ပွဲဇုန်ထဲကနေ အရပ်သားတွေအားလုံး ထွက်သွားချိန်မှာ ရာဖယ်မြို့ကို အင်အားအပြည့်နဲ့ အပြီးသတ်နိုင်ပွဲရချိန်အထိ တိုက်ခိုက်သွားမယ်။ ပြန်ပေးဆွဲခံထားရသူအားလုံး ပြန်လွှတ်မြောက်ရေးအတွက် စစ်ရေးဖိအားပေးမှုများ ထပ်မံလုပ်ဆောင်ရမှာဖြစ်တယ်။" ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့မည်ဟု ထိုင်းကုမ္မဏီ ဆို

"မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေ မြင့်တက်လာနေတယ်။ ထိုင်းဘတ်ငွေနဲ့ယှဉ်ရင် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ထိုင်းနိုင်ငံမှာ လာရောက်ဆေးဝါးကုသဖို့ ရှောင်ရှားလာတာတွေရှိနေတယ်။ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေ ရှိနေပေမယ့် အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ပိုမိုကောင်းမွန်လာဖွယ်ရှိနေပါတယ်။"

တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ကို စစ်သင်္ဘောအပေါ်မှ ပထမဆုံးအကြိမ်အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်စစ်တပ် ဆို

အီရန်ဗိုလ်ချုပ်ကြီး ဟူစိန် ဆာလာမီက "စစ်သင်္ဘောပေါ်ကနေ တာဝေးပစ်ဒုံးကျည်တစ်စင်း အောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်။ အိုမန်ပင်လယ်ကွေ့အတွင်းမှာ ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့တာပါ။" ဟု ပြောသည်။