» သတင်း

မြောက်ဒဂုံ၌ ရှော့တိုက်ဒုံးအချို့အား သိမ်းဆည်းရမိ ဟုဆို

"လူမနေတဲ့ခြံကွက်ထဲမှာ ရှော့တိုက်ဒုံးသုံးလုံးကို 12 ဗို့ဘတ္ထရီသုံးလုံးနဲ့ ချိတ်ဆက်ထားပြီးတော့ စားပွဲတင်နာရီသုံးလုံးနဲ့ အချိန်ကိုက်ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အနောက်တောင်ဘက်ကို ချိန်ထားတာတွေ့လို့ သိမ်းဆည်းခဲ့ပါတယ်။" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းမှုကြောင့် ပြည်ပထွက်အလုပ်လုပ်ရန် ပြင်ဆင်နေသူများအကြား စိုးရိမ်မှုရှိလာ

"ဒီဥပဒေပြဌာန်းလိုက်တဲ့အတွက် စိုးရိမ်မှုတွေရှိတာပေါ့။ အခုက ဂျပန်သွားဖို့ပြင်နေတာ။ ပတ်စ်ပို့တွေပိတ်လိုက်မှာလည်း ကြောက်ရတယ်။ အခုဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိတော့ဘူး။ လမ်းတွေပျောက်နေပြီ။ ရွေးချယ်စရာမရှိတော့ဘူး ဖြစ်သွားတယ်။"

သတ်မှတ်ထောက်ခံစာပါမှသာလျှင် ကျောက်ဖြူ-ရန်ကုန် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ဝယ်ယူနိုင်မည် ဟုဆို

"ဒီသတင်းကမှန်ပါတယ်။ လောလောဆယ် ကျောက်ဖြူလေဆိပ်မှာတော့ စာထုတ်ထားတယ်။ စစ်တွေတော့မပါသေးဘူး။ လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ကလည်း ဧပြီလမှပဲရတော့မယ်။" ဟု လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရမည်ဆိုလျှင် နိုင်ငံအတွင်းသေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်ထားခြင်းကို ပယ်ဖျက်သွားမည်ဟု ဒေါ်နယ်ထရမ့် ကတိပြု

ဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် စွဲချက်များဖြင့်ရင်ဆိုင်နေရသော်လည်း လာမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားရာ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

ပါကစ္စတန်ရွေးကောက်ပွဲရလဒ်များကို အလုံးစုံထုတ်ပြန်ခြင်းမရှိသေးသည့်အတွက် အငြင်းပွားမှုအရှိန်မြင့်တက်နေ

အဆိုပါပါတီက ရွေးကောက်ပွဲရလဒ်များကို ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ အပြီးသတ်ကြေညာနိုင်ခြင်းမရှိပါက နိုင်ငံတဝှမ်း ရွေးကောက်ပွဲရလဒ်များ အမြန်ဆုံးထုတ်ပေးရန်အတွက် အစိုးရရုံးအပြင်ဘက်တွင် ဆန္ဒပြပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေရှ့်နှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ ဟုဆို

ဘင်္ဂလားဒေရှ့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်လက်များအရ ဘင်္ဂလားဒေရှ့်နိုင်ငံသည် နှစ်စဉ်ဂျင်းတန်ချိန် ၄ သိန်းခွဲလိုအပ်နေရာ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ အများဆုံးမှာယူနေရကာ၊ မြန်မာနိုင်ငံက ဘင်္ဂလားဒေရှ့်နိုင်ငံကို ဂျင်းတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

ကျောက်တော်ရှိ ကစ္ဆပနဒီတံတား တိုက်ပွဲကြောင့် ပျက်စီး

ယမန်နေ့ညက ကျောက်တော်မြို့နှင့် အနီးဝန်းကျင်တွင် နစကတပ်များနှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားစဉ် ကျောက်တော်မြို့အနီးရှိ ကစ္ဆပနဒီတံတားကို ဗုံးထိမှန်ကာ တံတားဘေးရှိ လူသွားလမ်းတွင် အကျယ် ၁၀ ခန့် ပေါက်ပြဲခဲ့ပြီး ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံပြီး မြန်မာအရေး ဆွေးနွေးဖွယ်ရှိ

ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန် ဦးဆောင်စီစဉ်ဆောင်ရွက်နေပြီး မကြာသေးမီက လည်း နစကတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။

မြန်မာနိုင်ငံပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မည်မဟုတ်ဘဲ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးကို အဓိကထားလုပ်ဆောင်မည်ဟု ထိုင်းအစိုးရ ဆို

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို အကူအညီပေးမည့်အစီစဉ်အား တစ်လအတွင်း စတင်လုပ်ကိုင်ပေးနိုင်မည်ဟုမျှာ်လင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ကာကွယ်ရေးဦးစီးချုပ်ကိုထုတ်မည်ဆိုလျှင် ယူကရိန်းတွင် ဆူပူအုံကြွမှုများ ဖြစ်လာနိုင်ဟု သတိပေး

ယူကရိန်းတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ကာကွယ်ရေးဦးစီးချုပ်နှင့် ယူကရိန်းထိပ်တန်းစစ်ခေါင်းဆောင်များ ထုတ်ခံရမည်ဆိုလျှင် မြို့တော်ကိယက်ဗ်တွင် ဆူပူအုံကြွမှုများလုပ် ဆောင်ရန် အဆင့်သင့်ရှိနေကြောင်း သတင်းအရင်းမြစ်များက ပြောသည်။