» သတင်း

မြန်မာနိုင်ငံရေးတွင်ပါဝင်နေသောအဖွဲ့စည်းများနှင့် စေ့စပ်ဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်မည်ဟု ထိုင်းအစိုးရ ဆို

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဆီဟာဆက် ပွန်ကက်ကီအိုက ဖေဖော်ဝါရီလနောက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်နှင့် မြန်မာနိုင်ငံ၊ မြဝတီမြို့အနီးတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးဇုန်တစ်ခုကို တည်ထောင်သွားရန် စီစဉ်ထားကြောင်း ထပ်မံပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါး တရားမဝင်တင်သွင်းမှုကြောင့် မြန်မာနိုင်ငံသား ၅၅ ဦး ဖမ်းဆီးခံခဲ့ရဟု မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့ ဆို

မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က ပြီးခဲ့သောနှစ်အတွင်း မူးယစ်ဆေးဝါးများ တရားမဝင်တင်သွင်းရန်ကြိုးပမ်းခဲ့သော လူပေါင်း ၃၈၅ ဦးကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံသား ၅၅ ဦးပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအရေးနှင့်ပတ်သက်ပြီး ကုလမသဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို အချိန်နှင့်နေရာ ပိုပေးရမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂလုံ ခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းမြစ်က ပြောသည်။

ရမ်းဗြဲတိုက်ပွဲကြောင့် ဒေသခံထောင်ချီ၍ စစ်ရှောင်နေရကာ နေအိမ်များပျက်စီး

"ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေစဖြစ်တာ။ တိုက်ပွဲစဖြစ်ကာစကနေ အခုအထိဆို မြို့ပေါ်ကလူ အကုန်လုံးနီးပါးပဲ စစ်ရှောင်နေရတာ။ မြို့ပေါ်ကနေအိမ်တွေဆိုလည်း ဗုံးထိတာနဲ့ လက်နက်ကြီးထိတာတွေနဲ့ ပျက်စီးကုန်တယ်။ အခုအထိလည်း အပျက်အစီးတွေကို ဘယ်သူမှသွားမရှင်းရဲသေးဘူး။"

ကောလင်း၌ တိုက်ပွဲပြင်းထန်နေ၍ ဒေသခံများ စစ်ရှောင်နေရ

"မြို့ခံအများစုကတော့ လွန်ခဲ့တဲ့နှစ်လကျော်လောက်ထဲက စစ်ရှောင်နေရတာ။ တချို့ကလည်း ပြီးခဲ့တဲ့လက တိုက်ပွဲတွေငြိမ်နေလို့ အိမ်ခဏပြန်ကြတယ်။ အခုတော့ တိုက်ပွဲတွေပြန်ဖြစ်လာလို့ အိမ်ခဏပြန်တဲ့သူတွေပါ စစ်ရှောင်ရတာ။" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ဆုတ်ခွာလာသော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဟုဘင်္ဂလားဒေရှ့်အစိုးရ ဆို

ဘင်္ဂလားဒေရှ့်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်ဘက်ခြမ်းတွင် ပြီးခဲ့သောရက်ပိုင်းက တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကားတိုက်မှုဖြစ် အမျိုးသားတစ်ဦး သေဆုံး

ကားနှစ်က အိုးအိမ်မှတ်တိုင်နားမှာ မျက်နှာချင်းဆိုင် ဝင်တိုက်ပါ။ အိမ်စီးကားပေါ်က အိမ်စီးကမျိုးသားကတော့ ဒဏ်တွေနဲ့ အခင်းဖြစ်တဲ့နေရာမှာတင် ဆုံးသွားပါတယ်။ ကုန်တင်ကားပေါ်က အမျိုးသားနှစ်ဦးကတော့ ထွက်ပြေးသွားပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားမတော်တစ်ဆမှုကြောင့် တစ်လအတွင်း သေးဆုံးသူ ၁၃ ဦးရှိ ဟုဆို

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတိုက်မှု ၁၃ မှု၊ သေဆုံးသူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၃…

အီရန်လက်အောက်ခံ လက်နက်ကိုင်အဖွဲ့စည်းများကို ထပ်မံတိုက်ခိုက်မည်ဟု အမေရိကန်အစိုးရ သတိပေး

ဂျိတ်ဆူလီဗန်က "အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရမယ်ဆိုရင် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။" ဟု ပြောသည်။

နိုင်ငံအတွင်းမှခွဲထွက်မည့် ကြိုးပမ်းမှုတိုင်းကို တားဆီးရပ်တန့်နိုင်ရန် လုပ်ပိုင်ခွင့်နှင့်အင်အားသုံးမည်ဟု ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ သတိပေး

ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးဖြစ်သူ အီဒေါအို အေနိုက "နိုင်ငံကိုအပိုင်းပိုင်းဖြစ်အောင် ကြိုးပမ်းမှုတွေကို ရပ်တန့်ဖို့ အင်အားသုံးဖြေရှင်းတာတွေ၊ လုပ်ပိုင်ခွင့်တွေအတိုင်း လုပ်ဆောင်တာတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘူး။" ဟု ဆိုသည်။