» သတင်း

ကန့်ဘလူ၌ ဒေသခံသောင်းချီ၍ စစ်ရှောင်နေရ

ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ ကန့်ဘလူမြို့နယ်၊ သပြေသာကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများအတွင်း စစ်ကြောင်းဝင်ရောက်မှုများကြောင့် ဒေသခံနှစ်သောင်းထက်မနည်းမှာ ယနေ့အထိ စစ်ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် အပြီးသတ်ဆုံးဖြတ်ခြင်းမရှိသေးကြောင်း ဟားမက်စ်အဖွဲ့ ဆို

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေရာ ကာတာ၊ အီဂျစ်နှင့် အမေရိကန်နိုင်ငံတို့က အပစ်ခတ်ရပ်စဲရန် ကြားဝင်ကြိုးပမ်းနေကြောင်း သိရသည်။

အင်းစိန်မြို့နယ်ရှိ ငါးဖမ်းစက်လှေပေါ်တွင် ရေလုပ်သားတစ်ဦး သေဆုံး

အင်းစိန်မြို့နယ်၊ ကမ်းနားအနောက်ဘက်ရှိ ငါးဖမ်းစက်လှေပေါ်တွင် မြောင်းမြမြို့၊ တောင်ကလေးကျေးရွာမှလာသည့် အသက် ၅၂ နှစ်အရွယ် ရေလုပ်သားတစ်ဦး အိပ်ပျော်နေရာမှ သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြာချက်အရ သိရသည်။

ယီမင်နိုင်ငံရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို အမေရိကန်နှင့် ဗြိတိန်တို့ပူးပေါင်းပြီး ထပ်မံတိုက်ခိုက်

အမေရိကန်စစ်တပ်က ဗြိတိန်စစ်တပ်နှင့်ပူးပေါင်းပြီး ယီမင်နိုင်ငံအတွင်း နေရာပေါင်း ၁၃ နေရာရှိ ပစ်မှတ်ပေါင်း ၃၆ ခုကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ ပင်လယ်ထဲမှ တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မိုးမိတ်မြို့နယ်မှ စစ်ဘေးရှောင်များ၏ ခံစားချက်အသံများ

တွေ့တွေ့သမျှတွေကို အကုန်ပစ်တာဆိုတော့ ဆိုင်ကယ်သမားတွေဆို တုန်းလုံးတွေလဲ ပေါ့နော်။ သုံးရက်လောက်ပြေးရတာ။ ပြီးတော့ အဲ့သုံးရက်လုံးက ထမင်းငတ်ခဲ့ရတယ်။ ဘာအစီစဉ်မှမရှိပဲ ပြေးရတာဆိုတော့ တစ်ချို့ အသက် ၆၀ အရွယ်တွေဆို ပြေးရင်းနဲ့ ဆုံးသွားတာလည်းရှိတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အကျဉ်းထောင်သို့ပြန်ပိုရန် ထိုင်းပြည်သူများ ဆန္ဒပြ

သက်ဆင်သည် ထိုင်းနိုင်ငံသို့ ပြန်လာချိန်တွင် အကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်ခဲ့ရပြီးနောက် အကျဉ်းထောင်တွင်နေထိုင်နေသည့် ပထမဆုံးညတွင် ကျန်းမာရေးမကောင်းသည့်အတွက် အကျဉ်းထောင်မှ ရဲတပ်ဖွဲ့အထူးဆေးရုံသို့ ပို့ဆောင်ကာ လက်ရှိအချိန်အထိ နေထိုင်ကုသနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွာနေသည့်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေရှ့်ပိုင်နက်သို့ကျူးကျော်မှုမရှိစေရန် စောင့်ကြည့်နေဟု ဘင်္ဂလားဒေရှ့်အစိုးရ ဆို

ဘင်္ဂလားဒေရှ့်အစိုးရသည် မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့်ရှ်နိုင်ငံနှင့် နိုင်ငံသားများ ထိခိုက်နစ်နာမှုမရှိစေရန် လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆီးရီးယားနှင့် အီရတ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များကို အမေရိကန်စစ်တပ် လက်တုံ့ပြန်တိုက်ခိုက်

အမေရိကန်စစ်တပ်သည် အီရန်နှင့်ဆက်နွယ်နေသည့် ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့များ၏ ဒရုန်းနှင့် ဒုံးကျည်သိုလှောင်ထားသော အဆောက်အဦးများအပြင်အမိန်ပေးစင်တာ၊ ထိန်းချုပ်ရေးစင်တာအပါအဝင် ပစ်မှတ်ပေါင်း ၈၅ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာ၌ လျှပ်စစ်မီးပြတ်တောက်ချိန် သုံးရက်ကြာမြင့်နေ၍ ဒေသခံများ အခက်ကြုံနေ

ဖေဖော်ဝါရီ ၁ ရက်၊ ညပိုင်းက မုံရွာမြို့အနောက်ဘက်ခြမ်း၊ ဆားလင်းကြီးမြို့ နယ်၊ ညောင်ပင်ကြီးကျေးရွာရှိ လျှပ်စစ်တာဝါတိုင်တစ်ခု မိုင်းဖောက်ခွဲခံရ၍ မုံရွာမြို့နယ်အပါအဝင် အနီးဝန်းကျင်မြို့နယ်အချို့တွင် လျှပ်စစ်မီးပြတ်တောက်နေခြင်းဟု သိရသည်။

မလေးရှားဝန်ကြီးချုပ်ဟောင်း၏ ပြစ်ဒဏ်များမှ ထောင်ဒဏ် ၆ နှစ်လျော့ချပေးခဲ့ ဟုဆို

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်သည် အကျင့်ပျက်လာဘ်စားမှုများကျူးလွန်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ယင်းပြစ်ဒဏ်ကို ၆ နှစ်လျော့ပေါ့ပေး ခဲ့ကြောင်း သိရသည်။