» သတင်း

သင်္ဃန်းကျွန်းမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်း

“မီးလောင်မှုဖြစ်စဉ်ကိုတော့ ကျွန်တော်မသိဘူးဗျ။ အိမ်တစ်လုံးပဲဗျ။ မီးလောင်တာကတော့။ လူထိခိုက်မှုကတော့ မီးသတ်ကတစ်ဦး၊ နှစ်ဦးတော့ ဒဏ်ရာအနည်းငယ်ရတယ်။ မှန်ကွဲစလေးတွေစင်တာဗျ။ အရမ်းတော့မပြင်းပါဘူး။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနကို တရုတ်ဟတ်ကာအဖွဲ့ တိုက်ခိုက်ခဲ့ ဟုဆို

Mustang Panda ၏ ကနဦးတိုက်ခိုက်မှုများထဲတွင် မြန်မာအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးနှင့်ပတ်သက်ပြီး အီမေးလ်အတုအယောင် ပြုလုပ်တိုက်ခိုက်ခြင်းများလည်းပါဝင်ပြီး၊ PlugX malware ဗိုင်းရပ်စ်ကို ဖြန့်ကြတ်ချထား တိုက်ခိုက်ခြင်းများရှိခဲ့ကြောင်း CSIRT-CTI အဖွဲ့က ဆိုသည်။

ဗိုလ်မြတ်ထွန်းလမ်းထောင့်တွင် ကားတိုက်မှုဖြစ် ခုနစ်ဦးဒဏ်ရာရ

“ကျွန်တော်တို့အသင်းကို ဖုန်းဆက်လာတော့ ၆ နာရီကျော်ပြီးပေါ့နော်။ ဟွန်ဒိုင်း Light truck ကားနဲ့ Taxi နဲ့တိုက်တာ။ အရှိန်ကတော့ ပြင်းပုံပဲဗျ။ ဟွန်ဒိုင်းကားပေါ်မှာ ခုနှစ်လောက်တော့ပါတယ်။ Taxi ပေါ်မှာတော့ ငါးဦးလောက်ပါတယ်။ ကားနှစ်စီးပေါ်ကနေဆို စုစုပေါင်းခုနစ်ဦး ဒဏ်ရာရတယ်။…

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအစီအစဉ်ကို အစ္စရေးအစိုးရလက်ခံ ဟုဆို

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် အီဂျစ်နှင့် ကာတာနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ပြီး ပြီးခဲ့သောသီတင်းပတ်အတွင်း ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အပစ်ခရပ်စဲရေး သဘောတူညီချက်အစီစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူညီအဖြစ် ယူရို ၁၉ သန်းကူညီမည်ဟု ဥရောပသမဂ္ဂ ဆို

အဆိုပါ ယူရို ၁၉ သန်းသည် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ ၂ ဒသမ ၆ သန်း အပြင်၊ တိုက်ပွဲများကြောင့် သက်ရောက်မှုဒဏ်ခံရသူများကို ကူညီပေးနိုင်ရန် အထောက်ပံ့ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်ဖြစ်ရန် ကုန်သည်များ မျှော်မှန်း

"ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်ပွင့်စေချင်တယ်။ လမ်းကြောင်းပြောင်းပြီး တင်ပို့ရအောင်လည်း အဆင်မပြေဘူး။ တခြားသစ်သီးတွေ ဘာညာကတော့ ပို့လို့ရတာပေါ့။ ရေထွက်ကုန်တို့၊ ဆန်တို့က မရဘူး။ အဆင်မပြေဘူး။ အဲဒီတော့ မူဆယ်နယ်စပ်ဂိတ်ကိုပဲ ပြန်ဖွင့်ဖို့ မျှော်လင့်ရတာပေါ့။"

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုများတွင် စွမ်းအင်ကဏ္ဍာက အများဆုံးဖြစ်နေ ဟုဆို

အဆိုပါ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများမှာ ဘရူးနိုင်း၊ တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ မာရှယ်ကျွန်းစုနိုင်ငံများ၊ တောင်ကိုရီးယား၊ ဆာမာအို၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန် အမေရိကန်နှင့် အဖွဲ့အစည်းများ တိုက်တွန်း

ထို့အပြင် အခြားလူများစွာမှာလည်း မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်သို့ မိမိသဘောဆန္ဒမပါဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ၊ လူပေါင်း ၂.၆ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရ ပြီး၊ လူပေါင်း ၁၈ သန်းကျော် အကူအညီလိုအပ်လျက်ရှိရာ ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုကျယ်ပြန့်လျက်ရှိနေသည်ဟု ထပ်မံဖော်ပြထားသည်။

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းကွဲ၍ ခရီးစဉ်အချို့ ခေတ္တရပ်နား

ယမန်နေ့ နံနက် ၇ နာရီက ကျောက်တံခါးမြို့နယ်၊ ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံခါးဘူတာအကြား၌ ကုန်ရထားတစ်စင်း မောင်းနှင်လာစဉ် မိုင်းပေါက်ကွဲခဲ့ရာ စက်ခေါင်းနှင့် တွဲသုံးတွဲတို့ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာ့သတ္တုတူးဖော်ရေးကဏ္ဍ ဆက်လက်လည်ပတ်နိုင်ရေး သြစတြေးလျမှ ကူညီနေ ဟုဆို

သတ္တုတူးဖော်ရေးသည် နစကအတွက် နိုင်ငံခြားငွေရင်းမြစ်၏ အမြတ်အစွန်းအလွန်ကြီးမားသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ငှားရမ်းခများ၊ အမြတ်ငွေခွဲဝေမှုနှင့် အခွန်ပေးဆောင်မှုတို့မှတဆင့် သတ္တုတူးဖော်ထုတ်လုပ်ကဏ္ဍမှ ဝင်ငွေများရရှိနေကြောင်း သိရသည်။