» သတင်း

မြဝတီအနီး ရဟတ်ယာဉ်တစ်စင်း ပျက်ကျ၊ ငါးဦးသေဆုံး ဟုဆို

"KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 ရဟတ်တစ်စီးအား ပစ်ချနိုင်ခဲ့ပြီး၊ အဲ့ဒီလေယာဉ်ပေါ် လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ်အေးမင်းနောင်အပါအဝင် ဗိုလ်မှူးသုံးဦးနဲ့ ဗိုလ်ကြီးတစ်ဦး စုစုပေါင်းငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်။" ဟု KNU က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကော့ကရိတ်မြို့၌ နေအိမ်ရာချီ မီးလောင်ပျက်စီး

"လက်နက်ကြီးကျတဲ့ အခြေအနေတွေလည်းရှိတယ်။ မီးရှို့ခံရတာတွေလည်းရှိတယ်။ ပုံတွေတက်လာတော့ သူ့အိမ်ကိုယ့်အိမ်ဆိုပြီး ပြောကြဆိုကြတာပေါ့။ လက်နက်ကြီးကျရုံနဲ့တော့ မီးမလောင်ပါဘူး။ ကျွန်တော်တို့အများကြီး မြင်တွေ့ခဲ့ဖူးပါတယ်။ ရှို့မီးကြောင့်လည်းလောင်တာပါ။"

ရေစကြိုရှိ ကြူရွာ မီးရှို့ခံရ

"မနေ့က ညနေသုံးနာရီလောက်ထဲက မီးရှို့ခံရတာ။ ညပိုင်းအထိ မီးမငြိမ်းဘူး။ ရွာတောင်ဘက်ပိုင်းလောက်က စလောင်တာ။ မီးလောင်သွားတဲ့အိမ်တွေက အိမ်ရှင်တွေက စစ်ရှောင်နေရတော့ ဘာပစ္စည်းမှ မသယ်လိုက်နိုင်ဘူး။" ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် လူပေါင်း ၁၈သန်းကျော် လူသားချင်းဆိုင်ရာ စာနာမှုအကူညီ လိုအပ်နေဟု ကုလအထူးကိုယ်စားလှယ် ဆို

၎င်းက မြန်မာပြည်သူများနှင့်ပတ်သက်ပြီး နစက၏တုံ့ပြန်မှုများက အခက်ခဲပြဿနာဖြစ်စေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီလိုအပ်မှုနှင့် နေရပ်စွန့်ခွာရမှုများက အခက်ခဲပြဿနာများထဲတွင် ထိပ်ဆုံးမှာရှိနေကြောင်း ပြောသည်။

မိုးမိတ်တိုက်ပွဲကြောင့် မြို့တွင်းရှိ အဆောက်အအုံများစွာပျက်စီး ဟုဆို

ဆယ်ရက်နီးပါးကြာဖြစ်ပွားသည့် မြို့ပေါ်တိုက်ပွဲကြောင့် လူနေအိမ်တစ်ရာထက်မနည်းနှင့် ဘာသာရေးအဆောက်အဦအချို့ ပျက်စီးခဲ့ပြီး၊ မြို့မစျေးမှာ တစ်စျေးလုံးနီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် ဒေါ်မာလာသန်းထိုက် တက်ရောက်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက "မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အာဆီယံရဲ့မူဝါဒတွေဟာ အပြောင်းအလဲရှိမှာမဟုတ်ဘူး။ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးအရ ကိုယ်စားမပြုသူကို တက်ရောက်ခွင့်ပေးခဲ့ပေမယ့် အာဆီယံအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်မှုရှိလာမှာ မဟုတ်ဘူး။" ဟု ပြောသည်။

ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး

"ကျွန်တော်ဆီကို ဖုန်းဝင်တာတော့ ၅ နာရီကျော်လောက်ပါ။ ကုန်တင်ကားနဲ့ ဆီဘောက်ဆာ မျက်နှာချင်ဆိုင်ဝင်တိုက်တာ။ ဆီဘောက်ဆာကားပေါ်က ယာဉ်မောင်းကတော့ နေမှာဆုံးသွားတယ်။ ယာဉ်နောက်လိုက်ကတော့ ဒဏ်ရာရတယ်။ ဆီက ဂါလံ ၃၀၀၀ ပါတယ်။ အကုန်လုံးမှောက်သွားတယ်။"

ဗန္ဓုလသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်စီးခ တိုးမြှင့်ကောက်ခံ

"ယာဉ်စီးခ ၄၀၀ ကောက်မယ်လို့ အခုမှသာပြောတာ။ ကောက်တာဖြင့် ကြာနေပြီ။ ယာဉ်လိုင်းတိုင်းပဲ။ အတတ်အဆင်း ၄၀၀ ဆိုပြီး ပြောကောက်တာ။ ယာဉ်စီးခတိုးတောင်းလို့ တိုင်လည်းအလကားပဲ။" ဟု YBS စီးခရီးသည်တစ်ဦးက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသားတစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံး

"လယ်ဆယ်ကန်ထဲကို အမျိုးသားတစ်ဦး ရေဆင်းကူးတာ တစ်နာရီ​ကျော်ကြာ​နေပြီ။ ပြန်မတက်လာဘူး။ ​ဘေးပတ်ဝန်းကျင်ရှိတဲ့လူ​တွေက မသင်္ကာလို့ သက်ဆိုင်ရာကို ဖုန်းဆက်အကူအညီ တောင်းခံလာတယ်။ ​ရေနစ်ပြီး ​သေဆုံး​နေမှုကို စိစစ်​တွေ့ရှိရပါတယ်။"

မြေပြိုကျမှုကြောင့် သေဆုံးခဲ့သောမြန်မာနိုင်ငံသားငါးဦး၏ ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိ ဟုဆို

ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၂ နာရီကျော်က Blue Valley တောင်ကြားနားတွင် မြန်မာနိုင်ငံသားမိသားစုဝင် ငါးဦးနေထိုင်နေသည့်အိမ်သည် မြေပြိုမှုဒဏ်ကို ရုတ်တရက်တွေ့ကြုံခဲ့ရ ပြီးနောက် လူများ မြေကြီးအောက်ရောက်ရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။