» သတင်း

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရန် နယ်မြေလုံခြုံရေး စိုးရိမ်နေကြောင်း ကုန်သည်များ ဆို

"အခုတောင် နယ်စပ်ပြောင်းတင်ပို့မှုက ရပ်တန့်လုနီးပါးဖြစ်နေတာ။ မကြာခင်ဆို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ရတော့မှာ။ ရေကြောင်းနဲ့လည်း ပြောင်းကိုတင်ပို့ပါတယ်။ ဒါပေမယ့် နယ်စပ်က သွားတာအများဆုံးပေါ့။ တချို့ကုန်သည်တွေကတော့ လမ်းမှာအခက်အခဲဖြစ်မှာ၊ လုံခြုံရေးစိတ်မချရမှာကို စိုးရိမ်နေကြတာပေါ့။"

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နိုင်ငံရေးအရကိုယ်စားမပြုသူ မြန်မာကိုယ်စားလှယ်စေလွှတ်မည် ဟုဆို

လာအိုနိုင်ငံသည် Luang Prabang မြို့တွင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်နေ့မှစတင်ပြီး နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရေးအရကိုယ်စားမပြုသူတစ်ဦး ပြန်လည်တက်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။

မြင်းခြံ၌ ပစ်ခတ်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးနေသူငါးဦး တွေ့ရှိ

သေဆုံးသူအမျိုးသားငါးဦးမှာ ခန့်မှန်းအသက် ၂၀ နှင့် ၃၀ ကြားအရွယ်ရှိ လူငယ်များဖြစ်ကြောင်း သိရသည်။ သေဆုံးသူများမှာ အဆိုပါကျေးရွာနှင့် အနီးတဝိုက်ရှိကျေးရွာများတွင် နေထိုင်ကြသူများမဟုတ်ကြောင်း ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

သီပေါ-လားရှိုးကြားရှိ စဉ့်အင်ချောင်းကူး ကွန်ခိုက်ယာယီတံတား သွားလာခွင့်ရ ဟုဆို

"သီပေါဘက်ကနေလာမယ်ဆိုရင်တော့ စဉ့်အင်တံတားအနီးကနေ ညာဘက်လမ်းအတိုင်း ၁၅ မိနစ်ခန့်မောင်းရတယ်။ လားရှိုးဘက်နေ စဉ့်အင်ရွာ၊ နတ်စင်ညောင်ပင်အနီး ဘယ်ဘက်ကို ၁၅ မိနစ်မောင်းရမယ်။ လမ်းခရီးလည်း စိတ်ချရတယ်။ လုံခြုံမှုလည်း ရှိတယ်။"

ဘိလပ်မြေသယ်ယာဥ်တစ်စီး ​ဘရိတ်​ပေါက်ကာ ချောက်အတွင်းတိမ်း​မှောက် ယာဥ်မောင်း​သေဆုံး

"ဘိလပ်မြေသယ်ဆောင်လာတဲ့ ကုန်ကားတစ်စီး ပေ ၄၀ ခန့်အနက်ရှိတဲ့ ချောက်အတွင်းကို ဘရိတ်​ပေါက်ပြီး တိမ်း​မှောက်သွားပါတယ်။ ယာဥ်​မောင်းနဲ့ ယာဥ်​နောက်လိုက်ကို ​ချောက်အတွင်းက ကယ်ဆယ်ထုတ်​ပေးနိုင်ခဲ့​ပေမယ့် ယာဥ်​​မောက်က ​သေဆုံးလျက်ပဲ ပြန်​တွေ့ရှိခဲ့ပါတယ်။"

အသရေပျက်မှုအတွက် ဒေါ်နယ်ထရမ့်ကို ဒေါ်လာ ၈၃ သန်းကျော် နစ်နာကြေးပေးရန် အမေရိကန်တရားရုံးဆုံးဖြတ်

ဒေါ်နယ်ထရမ့်က ၎င်းသည် ၁၉၉၀ ခုနှစ်က စာရေးဆရာမကို Bergdorf Goodman အဆောက်အဦး၏ အဝတ်စားလဲခန်းအတွင်း အဓမ္မပြုကျင့်ခဲ့ဖူးကြောင်း ထုတ်ဖာ်ပြောဆိုထားရာ စာရေးဆရာမက ဒေါ်နယ်ထရမ့်ကို ၂၀၁၉ ခုနှစ်တွင် စတင်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ကော့ကရိတ်၌ တိုက်ပွဲပြင်းထန်နေကာ နေအိမ်အချို့ ပျက်စီး

ယမန်နေ့ညပိုင်းက နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခြင်းဖြစ်ကာ ယနေ့နံနက်ပိုင်းတွင် ပိုမိုပြင်းထန်လျက်ရှိကြောင်း သိရသည်။ တိုက်ပွဲအတွင်း ပစ်ခတ်မှုများကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထိုင်းနိုင်ငံတွင်ကျင်းပမည့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို လာမည့်လတွင် စတင်မည်

အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ မတ်လ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်အရေအတွက် ၉၀၀၀ ကျော် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးမိတ်တိုက်ပွဲအတွင်း စစ်ဘေးရှောင် ၆၀ ကျော်သေဆုံးခဲ့ ဟုဆို

"မိုးမိတ်မှာ စစ်ဘေးရှောင်တွေသေတာတော့ အတော်များတယ်ဗျ။ တစ်ချို့ကလည်း ၄၀ လို့ပြောတယ်။ တစ်ချို့ကလည်း ၆၀ လို့ပြောကြတယ်‌ဗျ။ မိုင်းနင်းမိပြီးသေတာများတယ်ဗျ။ တိုက်ပွဲစဖြစ်ထဲကသေတာ။ စစ်ဘေရှောင်ရင်းနဲ့ ဘုန်းကြီးကျောင်းရောက်မှ တစ်ယောက်သေသေးတယ်။ သူကိုထားတော့ ထားခဲ့ရတယ်။ မန္တလေးရောက်မှ ဆွမ်းသွတ်ပေးရတယ်။"

တရုတ်သမ္မတကို ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးတက်ရောက်ရန် ယူကရိန်းအစိုးရဖိတ်ခေါ်

တရုတ်နိုင်ငံသည် ယူကရိန်းနှင့်စစ်ပွဲဖြစ်ပွားနေသည့် ရုရှားနိုင်ငံနှင့်နီးစပ်သော နိုင်ငံဖြစ်ပြီး ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ကာ ရုရှားနိုင်ငံအပေါ် ဝေဖန်ပြစ်တင်ခြင်းမရှိကြောင်း သိရသည်။