» သတင်း

မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်အများအပြားကို ပင်လယ်ထဲသို့ စမ်းသပ်ပစ်လွှတ်

တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်ကြား ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံကလည်း စစ်လက်နက်ပစ္စည်းများ စမ်းသပ်နေခဲ့ရာ ကိုရီး ယားကျွန်းဆွယ်တွင် တင်းမာမှုအရှိန် မြင့်တက်လာနေကြောင်း သိရသည်။

အင်းစိန်မြို့နယ်တွင် ယာဉ်တိမ်းမှောက် အမျိုးသားတစ်ဦး ဒဏ်ရာရှိ

"ကုန်တင်ကားတစ်စီး အင်းစိန်ရွာမအနောက်မှာ အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားတာ။ ယာဉ်မောင်းက ကားခေါင်းခန်းထဲညပ်ပြီး ဒဏ်ရာတွေတော့ရတယ်။ မျက်ခုံးကွဲ၊ ပုခုံးအဆစ် လွဲ၊ တစ်ခြားဒဏ်ရာတွေလည်းရှိတယ်။ မြေပြင်မှတော့ ကုသမှုလုပ်ပေးပါတယ်။"

ငွေကြေးလိမ်လည်မှုများကို လိမ်လည်မှုတိုက်ဖျက်ရေးစင်တာ မဖွင့်နိုင်သဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှုမရှိသေး ဟုဆို

“ဒေသတွင်းနိုင်ငံများနည်းတူ (Anti-Scan Center) လိမ်လည်မှုတိုက်ဖျက်ရေး စင်တာများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့အတွက် ထိရောက်စွာကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးတာကို လည်း တွေ့ရပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲတစ်ခု၌ ပြောကြားခဲ့သည်။

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရစ်ကျောက်တုံးပိကာ မြန်မာတစ်ဦး သေဆုံး

အဆိုပါမီးရထားလမ်း လူကူးဂုံးကျော်တံတားသည် မြေပြင်မှ အမြင့် ၁၅ မီတာတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား၏ ရုပ်အလောင်းက ကျောက်တုံးအောက်တွင် ရောက်ရှိနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

သီပေါရှိ မိုးတေတံတားအနီးမိုင်းကွဲ တစ်ဦးဒဏ်ရာရ

"သူက နမ္မတူဘက်ကနေ ကုန်ပစ္စည်းတွေတင်ပြီး ကားမောင်းလာတုန်း မိုးတေတံတားနားအရောက်မှာ မိုင်းထိမှန်သွားတာ။ အသက်အန္တရာယ်တော့ မစိုးရိမ် ရဘူး။" ဟု ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။

မန္တလေး၌ အိမ်ရှင်၏ကလေးအား ပြန်ပေးဆွဲကာ ကျပ်သိန်းငါးရာဖြင့် ရွေးခိုင်းသည့် အိမ်ငှားသုံးဦးအား ဖမ်းမိ

ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးရာ ကလေးပြန်ပေးဆွဲသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို ယမန်နေ့ နေ့လည်ပိုင်းကဖမ်းမိခဲ့ပြီး မြစ်ငယ်မြို့နယ် ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ တိုက်ပွဲကြောင့် ဒေသခံခုနစ်ထောင်ကျော် စစ်ရှောင်နေရ

စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် တနင်္သာရီမြို့နယ်၌ ယမန်နှစ်၊ နှစ်ကုန်ပိုင်းမှစ၍ တိုက်ပွဲများမကြာခဏဖြစ်ပွားရာမှ ယခုလတွင်း ခပ်စိပ်စိပ်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောကြားသည်။

မလေးရှားပိုင်နက်အတွင်း မြန်မာနိုင်ငံသား ၉ ဦးနှင့်အတူ ငါးဖမ်းသင်္ဘောသုံးစင်းကို ဖမ်းဆီးခဲ့ဟု ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့ ဆို

ဖမ်းဆီးခံရသော ငါးဖမ်းလှေနှင့် မြန်မာနိုင်ငံသားများသည် မလေးရှားရေပိုင်နက်အတွင်း တရားဝင်ငါးဖမ်းခွင့်မရထားသလို၊ တရားဝင်စာရွက်စာတမ်း အထောက်ထားများ လည်းမရှိကြောင်း ပီနန်ရေကြောင်းအာဏာပိုင်အဖွဲ့က ပြောသည်။

အိန္ဒိယနိုင်ငံလေဆိပ်နားတွင် မြန်မာစစ်လေယာဉ်လမ်းချော် ၆ ဦး ဒဏ်ရာရ ဟုဆို

မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လေယာဉ်သည် အသေးစားလေယာဉ်ဖြစ်ပြီး လူပေါင်းတစ်ဒါဇင်ကျော်ကို တင်ဆောင်ပျံသန်းသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ လေ ယာဉ်ပေါ်တွင်လိုက်ပါသွားသူပေါင်း ၁၄ ဦးအနက် ၆ ဦးဒဏ်ရာရခဲ့ပြီး၊ ရှစ်ဦးဘေးကင်းခဲ့ကြောင်း ဆိုသည်။

မန္တလေးမြို့တွင် အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး သေဆုံး

အမရပူရမြို့နယ်၊ ထုံးဘုံမြစ်ငယ်လမ်းတွင် အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦး ကားတိုက်ခံရပြီး နေရာတွင်သေဆုံးနေကာ၊ ယာဉ်‌မောင်းမှာ ထွက်ပြေး သွား‌ခဲ့ကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။