» သတင်း

ထိုင်း​ရောက် မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၈ ဦး လစာမရဘဲ အလုပ်ထုတ်ခံ​ရ ဟုဆို

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဘော်ထော်ရပ်ကွက်ရှိ PE MAT Co,Ldt တွင် အလုပ်လုပ်နေ​သည့် မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၈ ဦးမှာ လစာမရသည့်အပြင် စက်ရုံသူဌေးက အ​ကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံလိုက်ရ​ကြောင်း WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့…

ကွတ်ခိုင် နမ့်ဖက်ကာတိုက်ပွဲကြောင့် တစ်လအတွင်း ဒေသခံ ၁၈ ဦးသေဆုံးကာ တစ်ထောင်ဝန်းကျင် စစ်ရှောင်ရ

"လေကြောင်းတိုက်တာရော၊ လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့်ပါ ဒေသခံတွေ ထိခိုက်သေဆုံးတာပါ။ ရပ်ကွက် (၄) မှာ သေဆုံးသူငါးဦးနဲ့ ရပ်ကွက် (၃) က ခြောက်ဦးကိုသာ ဘယ်သူတွေဆိုတာ သိရတယ်။ ကျန်တဲ့သူတွေကတော့ အလောင်းပဲတွေ့ရတာ။ ဘယ်သူမှန်းမသိရဘူးလို့ ဒေသခံတွေက ပြောတယ်။"

ထို့ကော်ကိုးလမ်း၌ လမ်းကြေးအဆမတန်ပေးရပြီး သွားလာရေးအဆင်မပြေ ဟုဆို

"ခရီးအရှည်က ၅၃ မိုင်၊ တစ်ညအိပ်ရတယ်။ တခါတလေ နှစ်ရက်လောက်ကားပိတ်တတ်တယ်။ ကားလေးလမ်းကြေး တစ်သိန်းနီးပါး။ ​ကားကြီး ၆/၇ သိန်းပဲ၊ကြိုက်တာတင် ကတ္တားမရှိဘူး။ ပစ္စည်းမစစ်ဘူး။ ဒေါနတောင်ကိုဖြတ်တဲ့ ထိုးကော်ကိုးလမ်းမှာပါ။"

ဗြိတိန်နိုင်ငံ၏ တပ်ဖွဲ့ဝင်အရေအတွက်နှင့် ကာကွယ်ရေးအသုံးစရိတ်ကို ပြန်လည်စဉ်းစားသုံးသပ်ရန် အမေရိကန်စစ်ဘက်အကြီးအကဲတစ်ဦး သတိပေး

ဗြိတိန် ကာကွယ်ရေးဦးစီးချုပ် ပက်ထရစ်ဆန်ဒါစ်က ရုရှားနိုင်ငံနှင့်စစ်ပွဲဖြစ်လာမည်ဆိုလျှင် ဝန်ကြီးများသည် ပြည်သူများကို ရွှေ့ပြောင်းပေးရမည့်အလုပ်ကို လုပ်ကိုင်ရမည်ဟု သ တိပေးပြောဆိုခဲ့ပြီးနောက် အမေရိကန်ရေတပ်အကြီးအကဲက ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

မလေးရှားတွင် မြေပြိုမှုဖြစ်ပွား မြန်မာနိုင်ငံသား နှစ်ဦးသေဆုံးပြီး သုံးဦးရှာဖွေနေဆဲ ဟုဆို

မလေးရှားအာဏာပိုင်များက မြေပြိုမှုကြောင့် ပိတ်မိနေဆဲဖြစ်သည့် မြန်မာနိုင်ငံသားသုံးဦးသည် အသက်ရှင်မည်ဟုယုံကြည်ကြောင်း၊ ရှာဖွေမှုများကို အရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့များကို ပြန်လည်ရုတ်သိမ်းမည်မဟုတ်ကြောင်း အမေရိကန်စစ်တပ် ဆို

ဆီးရီးယားနိုင်ငံတွင် ဖြန့်ကြတ်ချထားသော အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်က ယင်းကဲ့သို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်

ယူကရိန်းအကျဉ်းသားများလိုက်ပါလာသောလေယာဉ်ကို ယူကရိန်းစစ်တပ် ပစ်ချခဲ့ဟု ရုရှားစစ်ဘက် စွပ်စွဲ

ယူကရိန်းထောက်လှမ်းရေးအဖွဲ့က ရုရှား၏စွပ်စွဲချက်များကို ငြင်းဆန်ထားပြီး၊ ရုရှားသည် အကျဉ်းသားများ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး အန္တရာယ်ရှိအောင်လုပ် ဆောင်ခဲ့ကြောင်း ပြောသည်။

ယူကရိန်းအကျဉ်းသားများကို တင်ဆောင်လာသည့် ရုရှားစစ်လေယာဉ်ပျက်ကျ အားလုံးသေဆုံးဖွယ်ရှိနေ

ယူကရိန်းနှင့် ရုရှားတို့သည် အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရေး အစီအစဉ်အရ အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရန် စီစဉ်ထားပြီး၊ အကျဉ်းသားများကို စစ်လေယာဉ် ဖြင့် ခေါ်ဆောင်လာချိန်တွင် ယူကရိန်းနှင့် ရုရှားနယ်စပ်အနီးတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။

သီပေါမြို့တွင် ဒေသခံနှစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရရှိ

ယမန်နေ့ ညနေက သီပေါမြို့နယ်၊ တုံစင့်ကျေးရွာနှင့် ကုံးစုံစုရွာကြား တောလမ်းအတွင်းတွင် ဒေသခံနှစ်ဦးမိုင်းနင်းမိ၍ အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်ပြတ်ပြီး၊ အမျိုးသမီး မှာ ဒဏ်အချို့ရရှိခဲ့ကြောင်း သိရသည်။

နောင်ချိုတွင် ၁၂ ဘီးယာဥ် ချောက်ထဲထိုးကျ ယာဥ်​မောင်းနှင့် ယာဥ်အကူ ​သေဆုံး

"ဘိလပ်​မြေသယ်​ဆောင်လာတဲ့ Fuso ၁၂ ဘီးယာဥ် ဘရိတ်ပေါက်ပြီး ​ချောက်တွင်းတိမ်း​မှောက်မှုဖြစ်ပွားခဲ့တယ်။ ယာဥ်​မောင်းနဲ့ ယာဥ်အကူကို ညနေ ၄ နာရီ​​လောက်မှာ ​သေဆုံး လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။"