» သတင်း

ဖားကန့်တိုက်ပွဲအတွင်း ဒေသခံအချို့ ထိခိုက်သေဆုံး

တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ယမန်နေ့ နံနက်အစောပိုင်းက ဆိုင်းတောင်ကျေးရွာလမ်းပေါ်၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုး သားလေးဦးကိုတွေ့ရကြောင်း ဖားကန့်မြို့၌နေထိုင်သူတစ်ဦးက ပြောကြားသည်။

အီရတ်လက်နက်ကိုင်အုပ်စုများကို လက်တုံ့ပြန်မည်ဟု အမေရိကန်အစိုးရ ဆို

"အဲဒီတိုက်ခိုက်မှုတွေကို တုံ့ပြန်သွားမှာပါ၊ အမေရိကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေကို တားဆီးနိုင်ဖို့ လုပ်ဆောင်သွားမယ်။ အမေရိကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေကို တာဝန်ယူခြင်းတာဝန်ခံဖြစ်အောင် ပြန်လုပ်ဆောင်သွားမယ်။"

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု သမ္မတလောင်း ဒီဆန်းတစ် ဆို

ဒီဆန်းတစ်သည် ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသော သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းခဲ့ပြီး၊ သမ္မတဟောင်းဒေါ်နယ်ထရမ့်၊ သံအမတ်ကြီး နီကီဟာလေးတို့ နှင့် အကြိတ်အနှယ်ယှဉ်ပြိုင်ခဲ့ပြီးနောက် သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့်အစီအစဉ်ကို ရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ် စံဖူးရွာတွင် ပစ်ခတ်မှုဖြစ်ကာ နေအိမ် ၃၀ နီးပါး မီးလောင်

"အဲ့ဒီညနေက သူတို့အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီးတော့ ညှိနှိုင်းကြတယ်။ မနက်မိုးလင်းတော့ အဲ့ဒီကားတွေက ပေါက်ကွဲမှုဖြစ်ပြီး ရွာကိုပါမီးစွဲသွားတာ။ နေအိမ် ၂၇ လုံး မီးထဲပါသွား တယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့တွင် ယာဥ်သုံးစီးဆင့်တိုက် လူတစ်ဦး​သေဆုံး ၁၁ ဦးဒဏ်ရာရ

မော်လမြိုင်ဘက်မောင်းနှင်လာသော Probox ယာဉ်တစ်စီးသည် အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့နှင့် ယာဥ်သုံးစီးဆင့်တိုက်မှု​ကြောင့် လူတစ်ဦးသေဆုံးပြီး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦး အပိုင်းပိုင်းခုတ်ဖြတ်အသတ်ခံရ

အဆိုပါ လေးထပ်တိုက်အဆောက်အဦး၏ အခန်းတွင် အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနှင့် ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် အလုပ်သမားများ ခေါ်ယူပေးနေ သူ၊ အသက် ၂၃ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသားနှင့်အတူ နေထိုင်အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

ဒီပဲယင်း၌ ဒေသခံငါးဦးအား ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

ဇန်နဝါရီလ ၁၉ ရက်က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၌ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး၊ ဇန်နဝါရီလ ၂၀ ရက်၊ ယမန်နေ့က ပိဋကတ်ကျကျေးရွာတွင် အမျိုး သားတစ်ဦး စုစုပေါင်းငါးဦးတို့အား ဓါးဒဏ်ရာများစွာဖြင့် သေဆုံးလျက်တွေ့ရကြောင်း သိရသည်။

ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင်နိုင်ငံတည်ထောင်ရန် ခွင့်ပြုမည်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

"ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်းမှာ အစ္စရေးနိုင်ငံကို ထပ်မံခြိမ်းခြောက်မှုတွေမဖြစ်အောင် ဟားမက်စ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့အချက် နဲ့ ပါလက်စတိုင်းအချုပ်အခြာအာဏာပိုင် နိုင်ငံကိုတည်ဆောက်မှာကို ကန့်ကွက်တယ်ဆိုတာ ပြောခဲ့တယ်။"

အစ္စရေးအစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဆောင်ရန် အစ္စရေးပြည်သူများ တောင်းဆို

ဆန္ဒပြသူများက အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုဦးဆောင်သော အစ္စရေးအစိုးရအဖွဲ့သည် နိုင်ငံလုံခြုံရေးနှင့်ပတ်သက်ပြီး ကိုင်တွယ်မှုမှားယွင်းခဲ့ကြောင်း၊ ရွေးကောက်ပွဲအသစ်ကို အမြန်ဆုံး ကျင်းပပေးစေလိုကြောင်း တောင်းဆိုခဲ့သည်ဟု သိရသည်။

ချမ်းမြသာစည်မြို့၌ ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

ချမ်းမြသာစည်မြို့နယ်၊ ၅၈ လမ်းနှင့် ၁၀၇ ထောင့်တွင် ဆိုင်ကယ်နှင့် အိမ်စီးကားတို့ အရှိန်မထိန်နိုင်ပဲ ဝင်တိုက်ခဲ့ခြင်းကြောင့် ဆိုင်ကယ်မောင်းသူ မှာ နေရာတွင်သေဆုံးသွားခဲ့ပြီး၊ ဆိုင်ကယ်‌နောက်မှ လိုက်ပါတစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။