» သတင်း

ပြည်တွင်းရွှေစျေး ၃၈ သိန်းနီးပါး ရောက်ရှိလာ

"ရက်နှစ်ဆယ်အတွင်း တစ်ကျပ်သားကို ကိုးသောင်းလောက် စျေးတက်လာတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ။ စျေးတက်နေတော့ ပြန်ရောင်းကြတဲ့သူတွေလည်း များတယ်။" ဟု ရန်ကုန်မြို့၊ လသာမြို့နယ်၌ ရွှေဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။

မင်းပြား၌ စစ်ဘေးရှောင်များ ခိုလုံရာအနီးတွင် လက်နက်ကြီးကျည်များကျ၍ ထပ်မံထွက်ပြေးတိမ်းရှောင်ရ

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများမှာ ဆက်တိုက်ဖြစ်နေခြင်းကြောင့် မင်းပြားမြို့၊ ဥက္ကာပျံဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ ဘေး လွတ်ရာသို့ ထပ်မံတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

နယ်မြေမ​အေးချမ်းသည့်ဒေသများ၌ ART ဆေးဖြတ်ထားကြသည့် HIV ကူးစက်ခံရသူ များစွာရှိလာ

"ဆေးဖြတ်ရင် မသောက်တော့ရင် သေမှာပဲလေ၊ သူတို့မသောက်တော့တာက သေသွားလဲ ပြီးရောဆိုပြီး အဆုံးသတ်ချင်ကြတာလည်း ဖြစ်နိုင်တာပေါ့၊ အဆင်မပြေမှုတွေများနေ တော့ လူတွေကရှေ့မဆက်ချင်ကြတော့ဘူး ထင်ပါတယ်။"

အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံဆိုသည်ကိုလက်ခံရန် အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ တိုက်တွန်း

"အစ္စရေးဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ အစ္စရေးနဲ့ ပါလက်စတိုင်းနိုင်ငံ သီးခြားရပ်တည်ရေးကိုလက်ခံဖို့ ဆွေးနွေးခဲ့တယ်။ နေတန်ရာဟုသာ အစ္စရေး ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်ဆိုရင် အစ္စရေးနဲ့ ပါလက်စတိုင်း သီးခြားနိုင်ငံအဖြစ်ရပ်တည်ရေး ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ပြောလို့မရဘူး။"

အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား တင်းမာမှုများဖြေလျော့ရန် အပြန်အလှန်သဘောတူ

အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့် ကုလသမဂ္ဂအဖွဲ့တို့က တင်းမာမှုများကို သည်းခံချုပ်တည်းရန် တောင်းဆိုခဲ့သလို၊ တရုတ်နိုင်ငံကလည်း ကြားဝင်စေ့စပ်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့၌ နေအိမ်တစ်လုံးမီးလောင် ၁၅ ရက်သားကလေးတစ်ဦး သေဆုံး

"အိမ်က မြေစိုက်အိမ်ပါ။ အမျိုးသမီးက ထမင်းဟင်းချက်ပြီးတော့ ကျန်ခဲ့တဲ့မီးစကနေ‌ ထရံကိုကူးစက်လောင်တာပါ။ အမျိုးသမီးက အိမ်မှာမရှိဘူး။ ကလေးက အိပ်ပျော်ရင်း ကျန် ခဲ့တာပါ။ ကလေးက မီးထဲပါသွားပြီး၊ မီးလောင်သေဆုံးသွားပါတယ်။"

မြောက်ကိုရီးယားက ရေအောက်သုံး နျူကလီးယားလက်နက်စနစ် စမ်းသပ်

"မြောက်ကိုရီးယား ကာကွယ်ရေးဌာနဟာ ကိုရီးယားအရှေ့ပင်လယ်ထဲမှာ ‘Haeil-5-23’ အမည်ရှိ ရေအောက်သုံး နျူကလီးယားလက်နက်စနစ်ကို စမ်း သပ်ခဲ့တယ်။ ဒီစမ်းသပ်မှုဟာ မြောက်ကိုရီးယားရဲ့ ရေအောက်နျူကလီးယား တုံ့ပြန်မှုတွေကို ပိုမိုအားကောင်းစေတယ်။"

ပေါက်တောမြို့၌ စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ခန့်ရှိလာပြီး၊ စာနပ်ရိက္ခာများပြတ်လပ်လာ ဟုဆို

အခုဆိုရင် ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံတကာ NGO အဖွဲ့တွေက ကူညီမှုလည်းမရှိတော့ ကျွန်တော်တို့လို အရပ်ဖက်ပရဟိတအဖွဲ့တွေက နိုင်သလောက်တော့ ကူညီပေးပါတယ်။ နိုင်ငံခြားရောက် ရခိုင်သူ၊ ရခိုင်သားတွေကတော့ တက်နိုင်သလောက် ကူညီပေးပါတယ်။

အီရန်နှင့်ပါကစ္စတန်နိုင်ငံကြား ဖြစ်ပွားနေသည့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ပါကစ္စတန်နဲ့ အီရန်နိုင်ငံကြားဖြစ်နေတဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုတယ်။ တွေ့ဆုံဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်စေလိုတယ်။ နိုင်ငံအချုပ်အခြာ အာဏာပိုင်နက်တွေကို လေးစားမှုအပြည့်နဲ့ ဆောင်ရွက်စေလိုတယ်။"

ဒီပဲယင်း၌ ဒေသခံသုံးထောင်ကျော် အရေးပေါ်စစ်ရှောင်ရ

ယမန်နေ့ နံနက်ပိုင်းက ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာအတွင်း စစ်ကြောင်းဝင်ရောက်မှုကြောင့် အဆိုပါရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံသုံးထောင်ကျော်မှာ အရေးပေါ်စစ် ဘေးတိမ်းရှောင်ရကြောင်း သိရသည်။