» သတင်း

မိုးမိတ်၌ တိုက်ပွဲပြင်းထန်၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ

"မနက် ၅ နာရီကျော်က တိုက်ပွဲစဖြစ်တာ။ လက်နက်ကြီးနဲ့ပစ်နေတော့ အိမ်မှာမနေရဲပဲ အိမ်နဲ့နီးတဲ့ဘုန်းကြီးကျောင်းမှာ သွားရှောင်ရတယ်။ တချို့လည်း မိုးကုတ်နဲ့ သပိတ်ကျင်း ဘက်ကို ထွက်ပြေးနေကြတယ်။"

အီရန်နှင့် ပါကစ္စတန်နိုင်ငံကြား သံတမန်များ အပြန်အလှန်ခေါ်ယူ

အီရန်သည် ပါကစ္စတန်နိုင်ငံဆိုင်ရာ ၎င်းတို့သံအမတ်ကြီးကို ခေါ်ယူခဲ့သော်လည်း အဆိုပါသံအမတ်ကြီးသည် ပါကစ္စတန်နိုင်ငံတွင်သာ ရှိနေဆဲဖြစ်ပြီး၊ ပါကစ္စတန်အစိုးရ အာဏာပိုင် များက ပြန်ခွင့်မပေးသေးကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်ခြင်းများအတွက် အီရန်နိုင်ငံ အကျိုးဆက်များ ပြန်ရင်ဆိုင်ရမည်ဟု ပါကစ္စတန်အစိုးရ သတိပေး

အီရန်စစ်တပ်သည် ဒီဇင်ဘာ ၁၅ ရက်နေ့က ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံရှိ လက်နက် ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ပါကစ္စတန်အစိုးရက ဒေါသဖြစ်ခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနား၌ ဒူးလေးပါတီ နာယက၏နေအိမ် လက်နက်ကြီးဖြင့် ပစ်ခံရ

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် နေအိမ်၊ ကားဂိုဒေါင်အမိုးနှင့် ကားတစ်စီးပျက်စီးခဲ့ကာ ပစ်ခတ်ခံရမှုဖြစ်ပွားစဉ် ဒူးလေးပါတီနာယကမှာ အိမ်ပြင်ပသို့ ရောက်ရှိနေချိန်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မီးရှုးမီးပန်းထုတ်လုပ်ရေးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး

လာမည့် ဖေဖော်ဝါရီလတွင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်ခင် မီးရှုးမီးပန်းလိုအပ်ချက် မြင့်တက်လာခြင်းကြောင့် အမှာများနေရာ၊ စက်ရုံတွင် အရှိန်မြင့်ထုတ်လုပ် ရေးများ လုပ်ကိုင်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လမ်းမြေညှိယာဉ်တစ်စီး ချောက်ထဲထိုးကျ အမျိုးသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် လမ်းမြေညှိယာဉ်တစ်စီး ပေ ၁၅၀ ခန့်ရှိ ချောက်ထဲသို့ထိုးကျကာ အမျိုသားသုံးဦးလိုက်ပါလာပြီး တစ်ဦးမှာနေရာတွင်သေဆုံးကာ နှစ်ဦးမှာ ဒဏ်ရာရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးနိုင်ရန် ထိုင်းအစိုးရစဉ်းစားနေ ဟုဆို

မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို အဖြေရှာနိုင်ရန်အတွက် SAC အဖွဲ့ နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကြား တွေ့ဆုံဆွေးနွေးနိုင်ရန် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ကို စဉ်းစားနေကြောင်း ထိုင်းစစ်ဘက် သတင်းအရင်းမြစ်များက ပြောသည်။

နတ်တလင်း၌ မိုးရွာ၍ လေပြင်းတိုက်မှုကြောင့် နေအိမ်အချို့ပျက်စီး

ယမန်နေ့ နေ့လည် ၃ နာရီခွဲခန့်တွင် နတ်တလင်းမြို့နယ်အတွင်း မိုးရွာသွန်းကာ၊ လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာကိုးရွာထက်မနည်းမှ လူနေအိမ်အချို့ ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းတို့ဖြစ်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတက တရုတ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရဝေဖန်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာက ထိုင်ဝမ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော သမ္မတအသစ်ဖြစ်သေည့် လိုင်ချင်တေးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ရက်ပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

ပင်လယ်နီဒေသအတွင်းမှဖြတ်သန်းသော အမေရိကန်ကုန်စည်သင်္ဘောကို ဟူသီလက်နက်ကိုင်အုပ်စု ထပ်မံတိုက်ခိုက်

ပင်လယ်နီဒေသသည် ကမ္ဘာကုန်သွယ်ရေးတွင် အရေးပါသော ဒေသတစ်ခုဖြစ်နေပြီး၊ ကမ္ဘာတဝှမ်းမှ ရေလမ်းကြောင်းကိုအသုံးပြုကာ ဖြတ်သန်းနေသည့် ကုန်စည်သင်္ဘောအားလုံး ၏ ၁၅ ရာခိုင်နှုန်းက ပင်လယ်နီဒေသနှင့် အေဒင်ပင်လယ်ကွေ့များကို ဖြတ်သန်းသွားလာနေကြောင်း သိရသည်။