» သတင်း

နမ္မတူ၌ ပရဟိတအသင်းသားများနှင့် ဒေသခံများအပါအဝင် ၁၃၀ ကျော် ဖမ်းဆီးခံထားရ ဟုဆို

ဇန်နဝါရီ ၅ ရက်နေ့က နမ္မတူမြို့နယ်တွင် မေတ္တာရှင်လူမှုကူညီရေးအသင်း၏ အသင်းခေါင်းဆောင် ကိုချစ်မွှေးနှင့် အသင်းသားများအပါအဝင်၊ ဒေသခံများ စုစုပေါင်း ၁၃၀ ကျော်ကို TNLA လက်နက်ကိုအဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဟားမက်စ်အဖွဲ့ဝင် ၉၀၀၀ ကျော် ရှင်းလင်းထားနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ဆို

အစ္စရေးစစ်တပ်က ၎င်းတို့သည် ဟားမက်စ်လက်နက်ကိုင်အုပ်စု၏ စစ်ဘက်အဓိကခေါင်းဆောင်နှစ်ဦးအပြင် ခေါင်းဆောင်ငယ် ၁၉ ဦးနှင့် ဟားမက်စ်အဖွဲ့ဝင် ထောင်နှင့်ချီပြီး ရှင်း လင်းနိုင်ခဲ့ကြောင်း ပြောသည်။

ပုသိမ်ကြီးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက် အမျိုးသားတစ်ဦး သေဆုံး

ဆိုင်မောင်းတဲ့သူက ဒီမြို့ကိုရောက်တာသိပ်မကြာသေးဘူး။ တိုးဂိတ်ပြင်နေတဲ့ရာကလည်း မီးကမှောင်တယ်။ လမ်းအထာကိုမသိတော့ ဆိုင်ကယ်ရောလူပါ တိုးဂိတ်ပြင်နေတဲ့ နေ ရာကြွင်းထဲကို ကျသွားတာ။ အရှိန်လွန်ပြီး။ ဒဏ်ရာက လည်ပင်းနဲ့ အုတ်နဲ့ရိုက်မိပြီး ဆုံးသွားတာ။

နယ်စပ်ဒေသများတွင် ဒုံးကျည်များ၊ ဒရုန်းများနှင့် တိုက်ခိုက်ရေးတပ်ရင်းများ ဖြန့်ကြတ်ချထားမည်ဟု အီရန်စစ်တပ် ဆို

အီရန်တပ်ဖွဲ့ဝင်များနှင့် ဒုံးကျည်များ ဖြန့်ကြတ်ချထားခြင်းသည် အခြားနိုင်ငံများကို ခြိမ်းခြောက်ခြင်းမဟုတ်ပဲ ထောက်လှမ်းရေးအချက်လက်များ ပိုမိုအား ကောင်းစေရန်နှင့် နိုင်ငံနယ်စပ်ဒေသ ပိုမိုလုံခြုံစေရန် ရည်ရွယ်ခြင်းသာဖြစ်ကြောင်း အီရန်ဗိုလ်ချုပ်ကြီးက ဆိုသည်။

မရမ်းကုန်းမြိုနယ်၌ လူငယ်တစ်ဦး ဝိုင်ဖိုင်ကြိုးပြုပြင်ရာမှ ဓာတ်လိုက်သေဆုံး

“ကျွန့်တော်တို့အသင်းကို ဖုန်းဆက်အကြောင်းကြားလာလို့ ကျွန်တော်တို့ရောက်တဲ့အချိန်တော့ လူနာကို မြေပြင်ဆေးကုသမှုတော့ အတက်နိုင်ဆုံးလုပ်ပေးပါတယ်။ လူနာက နေရာ မှာတင်ပဲ ဆုံးသွားခဲ့တာပါ။ ကျွန်တို့လည်း ဆေးရုံကိုပို့ပေးပြီး လူကြီးတွေကိုအပ်ခဲ့ပါတယ်။”

အစ္စရေးကို မည့်သူမှတားဆီးနိုင်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဆို

အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲက ရက်ပေါင်း ၁၀၀ ပြည့်သွားခဲ့ပြီဖြစ်ရာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက အစ္စရေးနိုင်ငံကို ဖိအားပေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ရန်သူမဖြစ်လိုကြောင်း ထိုင်ဝမ်သမ္မသစ် ဆို

တရုတ်အစိုးရ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Chen Binhua က ထိုင်ဝမ်ရွေးကောက်ပွဲရလဒ်သည် ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေကို တားဆီးနိုင်မည် မဟုတ်ကြောင်း ပြောသည်။

ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲများ စတင်ပြုလုပ်

အဆိုပါရွေးကောက်ပွဲက ထိုင်ဝမ်အနာဂတ်နှင့်ပတ်သက်ပြီး အရေးကြီးသော ရွေးကောက်ပွဲဖြစ်ပြီး ရွေးချယ်လိုက်သောခေါင်းဆောင် အမှားယွင်းများရှိလာပါက တရုတ်နိုင်ငံနှင့် စစ်ပွဲများဖြစ်လာနိုင်မည်ဟု သတင်းများထွက်ပေါ်နေသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးနေသူ ၁၄၂ ဦး ဖမ်းဆီးခံရဟု ကုလ ဆို

၂၀၂၃ ခုနှစ်၊ မြန်မာလူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်သည် ၂၀၂၃ ခုနှစ်အတွင်း တောင်းခံထားသောရန်ပုံငွေ၏ ၃၂ ရာခိုင်နှုန်းသာရရှိခဲ့ပြီး၊ အမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့် ရန်ပုံငွေလိုအပ်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

လူမှုကွန်ရက် စာမျက်နှာထက်တွင် ညစ်ညမ်းဗီဒီယိုနှင့် ​တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်လျှင် အရေးယူမည် ဟုဆို

"အင်တာနက် လူမှုကွန်ရက်စာမျက်နှာ​တွေမှာ အများပြည်သူ အမြင်မသင့်တဲ့ ညစ်ညမ်းဗီဒီယိုနဲ့ ​တေးသီချင်းများ ရိုက်ကူးထုတ်လွှတ်ခြင်း​တွေကို ထိ​ရောက်စွာ အ​ရေးယူ​ဆောင်ရွက် သွားပါမယ်။ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပ​ဒေနဲ့ ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေနဲ့အညီ အ​ရေးယူ​ဆောင်ရွက်သွားပါမယ်။"