» သတင်း

ယီမင်နိုင်ငံကို ဒုတိယမြောက်နေ့အဖြစ် အမေရိကန်စစ်တပ် ထပ်မံတိုက်ခိုက်

ဇန်နဝါရီ ၁၁ နေ့က ယီမင်နိုင်ငံကို ပထမဆုံးအကြိမ် တိုက်ခိုက်ရာတွင် အမေရိကန်စစ်တပ်နှင့်အတူ နိုင်ငံပေါင်းလေးနိုင်ငံ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ် စု၏ အဆောက်အဦးစခန်းပေါင်း ၃၀ နီးပါးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲ၌ တိုက်ပွဲဖြစ်ပွား

သုံးလနီးပါးကြာကာလအတွင်း ကျောက်မဲမြို့နယ်နှင့် အနီးတဝိုက်၌ တိုက်ပွဲများကြောင့် ဒေသခံရာချီ၍ စစ်ဘေးတိမ်းရှောက်လျက်ရှိနေစဉ် ယနေ့နံနက်တိုက်ပွဲနှင့် ဆက်စပ်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်ဖွင့်နိုင်ရန် တရုတ်နိုင်ငံနှင့် ညှိနှိုင်းလုပ်ဆောင်မည် ဟုဆို

တိုက်ပွဲများမှာ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်းများရှိရာ မူဆယ်မြို့နှင့်အနီးတဝိုက်တွင်လည်း ဖြစ်ပွားခဲ့ပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလလယ်ပိုင်းမှစ၍ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေခြင်းဖြစ်သည်။

တံတားစီမံကိန်းရလဒ်ကြောင့် ဒလအိမ်ခြံမြေဈေး သိန်းသောင်းနှင့်ချီ ပေါက်ဈေးရှိလာ

ဒလမြို့နယ်ရှိ မြေကွက်ဈေးနှုန်းများသည် တစ်လထက်တစ်လမြင့်တက်နေပြီး ယခင်က ကျပ်သိန်း ၈၀၀ တန်မြေကွက်များမှာ လက်ရှိတွင် ကျပ်သိန်း ၁၀,၀၀၀ အထိ ဈေးပေါက်နေ ကြောင်း အကျိုးဆောင်အသိုင်းအဝိုင်းက ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ နှင့် မြန်မာတပ်မတော်ကြား အပစ်ခတ်ရပ်စဲရန် သဘောတူညီမှုရခဲ့ကြောင်း တရုတ်အစိုးရ ထုတ်ဖော်ပြောဆို

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုများအရ မြန်မာတပ်မတော်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကြား ချက်ချင်းအပစ်ခတ်ရပ်စဲရန် သဘော တူညီမှုရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝမ်းတွင်းမြို့၌ ယက္ကန်းရုံလုပ်သားက အလုပ်ရှင်မိသားစုအား သတ်ဖြတ်လုယက်

"ကျွန်တော့်အသက် ၅၀ ကျော်မှာ တစ်ခါမှ ဒီလိုဆိုးတဲ့ဖြစ်ရပ် ဒီနယ်မှာမဖြစ်ဖူးဘူး။ အရမ်းကြောက်စရာကောင်းတယ်ဗျာ။ အလုပ်သမားက တူနဲ့ထုသတ်ပြီး ငွေသားနဲ့ ရွှေတွေ အကုန်ယူသွားတာတဲ့။" ဟု ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးအနီးရှိ အီနိုင်းရွာ ရှောင်ကွင်းလမ်းမှ တံတားတစ်စင်း မိုင်းကွဲ၍ ပျက်စီး

"ညက ပေါက်ကွဲသံတစ်ချက်ကြားရပြီး မနက်ကျတော့ တံတားကျိုးသွားတာတွေ့ရတာ။ ပြီးခဲ့တဲ့ရက်ပိုင်းက အီနိုင်းတံတားကျိုးသွားတော့ ရှောင်ကွင်းလမ်းကိုအသုံးပြုပြီး သွားနေ ရတာ။ အခုကျတော့ ရှောင်ကွင်းလမ်းကတံတားပါပျက်သွားတော့ ဘယ်လိုမှ သွားမရတော့ဘူး။"

ယီမင်နိုင်ငံကို အမေရိကန်နှင့် ဗြိတိန်တိုက်လေယာဉ်များပူးပေါင်းပြီး ပထမဆုံးအကြိမ် တိုက်ခိုက်

ပင်လယ်နီဒေသမှ ဖြတ်သန်းနေသော ကုန်စည်သင်္ဘောများ တိုက်ခိုက်နေခြင်းများကို ရပ်တန့်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုပြီး ရက်အပိုင်းအကြာတွင် အမေရိ ကန်နှင့် ဗြိတိန်တို့သည် ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ် လေးဦးသေဆုံး

Mark II ကားက အရှိန်မထိန်းနိုင်ပဲ တစ်ဖက်ကလာတဲ့ ကားကိုဝင်တိုက်တာ။ Mark II ကားပေါ်မှာ စုစုပေါင်းခြောက်ယောက်ပါတယ်။ ခြောက်ယောက်မှာ နှစ်နှစ်ကလေးတစ် ယောက်နဲ့ လူကြီးသုံးယောက် ဆုံးသွားတယ်။

အိုမန်ကမ်းလွန်ပင်လယ်ပြင်တွင် အမေရိကန်သင်္ဘောတစ်စီးကို အီရန်စစ်တပ် ဖမ်းဆီး

အမေရိကန်အစိုးရက ကုန်စည်သင်္ဘောကို ဖမ်းဆီးလိုက်သော အီရန်၏လုပ်ရပ်ကို ဝေဖန်ပြစ်တင်ထားပြီး ဥပဒေနှင့်မညီသော ဖမ်းဆီးမှုဖြစ်ကြောင်း၊ သင်္ဘောနှင့်အတူ သင်္ဘောသား များကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း တိုက်တွန်းတောင်းဆိုထားသည်။