» သတင်း

မိုင်းကွဲ၍ပျက်စီးသွားသော လမ်းဟောင်းပေါ်ရှိတံတားအား ပြင်ဆင်ပြီး ဟုဆို

အဆိုပါတံတားပျက်စီးမှုနှင့် ပတ်သတ်၍ ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ရာတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်း၊ ရထားလမ်းနှင့် ကာ ကင်းစစ်စခန်းအချို့အား ဇန်နဝါရီ ၄ ရက်၊ နံနက်ပိုင်းတွင် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်အိမ်ခြံမြေ​ ဈေးကွက်အရောင်းအဝယ်အေး၊ အငှားပိုများ ဟုဆို

"အရောင်းအဝယ်ကတော့ တော်တော်လေးကိုအေးတယ်။ သူက မှန်းရခက်တယ်။ ‌နှစ်သစ်ကူးကာလဖြစ်တာကြောင့်လည်းပါတာပေါ့။ ပြီးခဲ့တယ့်လကတည်းက အရောင်းအဝယ်က အေးသွားတာ။ နိုဝင်ဘာလထိတော့ အရောင်းအဝယ်က မှန်မှန်လေးသွားနေသေးတယ်။"

စက်သုံးဆီတင်သွင်းရန် ပို့ကုန်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေလဲနှုန်း ညှိနှိုင်းလျက်ရှိ ဟုဆို

UMFCCI မှ ဒုတိယဥက္ကဋ္ဌတစ်ဦး၏ ပြောပြချက်အရ ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ဒီဇယ်နှင့် ပရီမီယံဒီဇယ် တင်သွင်းခြင်း အတွက်ပဲ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဟူသီလက်နက်ကိုင်အုပ်စု၏ ဒရုန်းနှင့် ဒုံးကျည် ၂၁ခုကို အမေရိကန်နှင့် ဗြိတိန်ရေတပ် ပစ်ချဖျက်ဆီးနိုင်ခဲ့ ဟုဆို

အမေရိကန်စစ်တပ်၏ အမိန့်ပေးကွပ်ကဲမှုစင်တာက ၎င်းတို့သည် ဗြိတိန်ရေတပ်နှင့်ပူးပေါင်းပြီး ဟူသီလက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်သော ဒရုန်း ၁၈ စင်း၊ သင်္ဘောဖျက် ပဲ့ထိန်း ဒုံးကျည်တစ်စင်း၊ သင်္ဘောဖျက် ခရုဇ်ဒုံးကျည်နှစ်စင်းတို့ကို ပစ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလှပြင်ဆိုင်နှင့် အနှိပ်ခန်းများကို စီးနင်းချိန်အတွင်း မြန်မာနိုင်ငံသား ၃၄ ဦးအပါအဝင် နိုင်ငံခြားသား ၇၀ နီးပါး ဖမ်းဆီးရမိခဲ့ဟု မလေးရှားအာဏာပိုင်များ ဆို

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ အထူးတပ်ဖွဲ့ဝင်များသည် အလှပြင်ဆိုင်နှင့် အနှိပ်ခန်းစုစုပေါင်း ၇ ခုကို စီးနင်းခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားနိုင်ငံတွင်း တရားမဝင်နေထိုင်လုပ်ကိုင် ခွင့်မရှိသည့် နိုင်ငံခြားသားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖားကန့်၌ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံထောင်ချီ၍ စစ်ရှောင်ရ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါရွာရှိ ရဲကင်းစခန်းတစ်ခုအား ဇန်နဝါရီ ၆ ရက်က KIA နှင့် PDF လက်နက်ကိုင်ပူးပေါင်းအဖွဲ့က စတင်တိုက်ခိုက်ရာမှ ယနေ့အထိ နှစ် ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နေရာ အပြောင်းအလဲပြုလုပ်

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားသည့် နစကကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အစား ရေတပ်ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး မိုးအောင်အား အစားထိုးခန့်အပ်ခဲ့ကြောင်း ကြေညာချက်အရ သိရသည်

ထိုင်းသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့မှု အရှိန်တိုးမြှင့်ဆောင်ရွက်မည် ဟုဆို

မြန်မာ့ပြောင်းများကို နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်​ပြီး၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းတင်ပို့မှုကာလအတွင်း ပြောင်းတန်ချိန် ၁ ဒသမ…

အီဂျစ် နိုင်ငံအနေဖြင့် Philadelphia စင်္ကြန်လမ်းနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ် ဟုဆို

အစ္စရေးသည် ကြားခံဇုန်ကိုအသုံးချပြီး ဟားမက်စ် လက်နက်ကိုင်အဖွဲ့များအတွက် စစ်လက်နက်ပစ္စည်းများ ပေးပို့ကူညီမည်ကို စိုးရိမ်သည့်အတွက် ကြားခံဇုန်နားတွင် ထောက် လှမ်းရေးကိရိယာများ တပ်ဆင်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းများနှင့် ၂၆၅ ကြိမ်ဆွေးနွေးခဲ့ဟု အင်ဒိုနီးရှားအစိုးရ ဆို

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ဘရူးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနိးရှားနိုင်ငံတို့သည် မြန်မာနိုင်ငံရေးအခက်ခဲများကို ဖြေရှင်းနိုင်ရန် ကြားဝင်ကြိုး ပမ်းခဲ့သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။