» သတင်း

လားရှိုးအနီး၌ လေကြောင်းတိုက်ခိုက်ခံရ၍ နေအိမ် ၂၀ လုံးထက်မနည်း ပျက်စီး

"တိုက်ပွဲမဖြစ်ဘဲနဲ့ လေကြောင်းတိုက်ခိုက်ခံရတာပါ။ မိုင်းယော် စျေးတန်းရပ်ကို ဗုံးကျတာ။ အိမ်အလုံး ၂၀ လောက်တော့ ပျက်စီးသွားတယ်။ လူထိခိုက်မှု အခြေအနေတော့ မသိရ သေးဘူး။" ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖယ်ခုံနှင့် ဒီမော့ဆိုရှိ စစ်ရှောင်ပြည်သူအချို့ အရေပြားကူးစက်ရောဂါ ဖြစ်ပွားနေ

ဖယ်ခုံမြို့နယ်၊ အနောက်ပဒေါင် တောင်ပေါ်ဒေသရှိ စစ်ရှောင်စခန်းမှ ပြည်သူအချို့နှင့် ဒီမော့ဆိုအနောက်ခြမ်းကျေးရွာများရှိ စစ်ရှောင်စခန်းများမှ ပြည်သူအချို့မှာ မသန့်ရှင်းသော ရေများကြောင့် လတ်တလောတွင် အရေပြားကူးစက်ရောဂါ ခံစားနေရကြောင်း သိရသည်။

ဂါဇာစစ်ပွဲကို ကျယ်ပြန့်သောစစ်ပွဲမဖြစ်လာစေရေး ဝိုင်းဝန်းကြိုးပမ်းရန် အရှေ့အလယ်ပိုင်းနိုင်ငံများကို အမေရိကန်အစိုးရ တိုက်တွန်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က "လက်ရှိအချိန်မှာ စစ်ပွဲဟာ အရှေ့အလယ်ပိုင်းဒေသကို တင်းမာမှုအရှိန် မြင့်တက်စေခဲ့တယ်။ စစ်ပွဲက ပိုမိုကျယ်ပြန့်လာမယ် ဆိုရင် မလုံခြုံမှုတွေ၊ ထိခိုက်နာကျင်မှုတွေ ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်။" ဟု ပြောသည်။

တိုက်ပွဲများကြောင့် ထိုင်းပို့ကုန် ခွင့်ပြုချက်အား နေရာပြောင်းရွှေ့ တင်ပို့ခွင့်ပြု

"အဓိက တိုက်ပွဲ‌တွေဖြစ်နေတာရယ်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် နယ်စက်ဂိတ်ပေါက်ပြောင်းပြီး ပို့ခိုင်းတာပေါ့။ ဒါပေမယ့်လည်း ကုန်ကျစရိတ်က ပိုများသွား မှာပဲ။ အဆင်မပြေဘူး။ အခု မြဝတီလမ်းကြောင်းက သွားတော့သွားနေတယ်။ အရင်လောက် မများတော့ဘူး။"

ဂျပန်ငလျင်ကြောင့် ပျောက်ဆုံးနေသူအရေအတွက် ပိုမိုမြင့်တက်လာနေ

ငလျင်ကြောင့် ပျောက်ဆုံးနေသူအများစုသည် ဝါဂျီမာဒေသမှဖြစ်ပြီး ငလျင်စတင်လှုပ်ခတ်ချိန်က ယင်းဒေသတွင် ပျောက်ဆုံးသူ ၃၁ ဦးသာ ကနဦးရှိခဲ့သော်လည်း လက်ရှိအချိန် တွင် ၂၈၁ ဦးပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေထွက်ကုန်တင်ပို့မှု လုံးဝရပ်ဆိုင်းနေသဖြင့် ကုန်သည်များ အခက်ကြုံ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လမ်းပိုင်းအားလုံးကို နစကဘက်မှ ပိတ်ထားသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရေးသည်လည်း အဓိကရပ်ဆိုင်း သွားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲတွင် အေဝါမီလိဂ်ပါတီအနိုင်ရပြီးနောက် ရှိတ်ဟာစီနာ ဝန်ကြီးချုပ်အဖြစ် ငါးကြိမ်မြောက် တာဝန်ယူခွင့်ရမည်

အဆိုပါ ရွေးကောက်ပွဲကို ဘင်္ဂလားဒေရှ့်အတိုက်ခံပါတီများ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိပဲ သပိတ်မှောက်ထားသည့်အတွက် ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ဦးဆောင်သော အေဝါမိလိဂ် ပါတီ က အခက်ခဲမရှိ အနိုင်ရသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်းသို၌ ကလေးများအပါအဝင် သေဆုံးသူအလောင်း ၁၉ လောင်းတွေ့

"မနေ့က နေ့လည်က ငါးမိုင်နားမှာ အလောင်းတွေတွေ့တာလို့ သိရတယ်။ သေဆုံးတဲ့အထဲမှာ ကလေးအလောင်းတွေလည်းတွေ့ရတယ်။ အားလုံးက သေနတ်နဲ့ပစ်ခံရတဲ့ ဒဏ်ရာမျိုး နဲ့ သေဆုံးနေတာ။ သူတို့ဘယ်သူတွေလည်းဆိုတာတော့ မသိရဘူး။"

ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၆၄ ဘီလီယံရရှိရန် ခန့်မှန်း

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း အိန္ဒိယအစိုးရက မြန်မာ့ပဲစဉ်းငုံတန်ချိန် ၄ သိန်းနှင့် မတ်ပဲတန်ချိန် ၁ သန်း ဝယ်ယူတင်သွင်းရန်ရှိကြောင်းလည်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခမ်းပတ်မြို့အနီး လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံဆယ်ဦးထက်မနည်းသေဆုံး ဟုဆို

"လေကြောင်းကနေ ဗုံးနှစ်ကြိမ်ကြဲတာလို့ကြားတယ်။ ကနန်ရွာ စာသင်ကျောင်းနားကအိမ်တွေကို ထိမှန်တာ။ ကနဦးက ဆယ်ဦးသေဆုံးတယ်။ ဒီညနေပိုင်းအထိ ဒဏ်ရာရတဲ့သူ တွေထဲက သေဆုံရသူတွေ ထပ်တိုးလာတယ်လို့လည်း သိရတယ်။"