» သတင်း

ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီပေးနေသူများသတင်း ပေးနိုင်လျှင် ဒေါ်လာ ၁၀ သန်း ဆုချီးမြှင့်မည်ဟု အမေရိကန်အစိုးရ ဆို

ဟားမက်စ်အဖွဲ့ကို ငွေကြေးကူညီထောက်ပံ့ပေးနေသူများထဲတွင် တူရကနိုင်ငံအခြေစိုက်သုံးဦး၊ ဆူဒန်နိုင်ငံအခြေစိုက်တစ်ဦးနှင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်တို့ အဓိကပါဝင်နေ ကြောင်း သိရသည်။

အုန်းမှုတ်ခွက်မီးသွေးထုတ်ရန် မြန်မာ့အုန်းသီးအား တရုတ်ဝယ်လက်များ ဟုဆို

"မန္တလေးကတစ်ဆင့် တရုတ်ပြည်ကိုသွားတယ်။ မြဝတီကတစ်ဆင့် ထိုင်းဘက်ကိုသွားတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း တက်ဝယ်တယ်။ သူတို့က သင်္ဘောတွေမှာ တက်ဝယ်တာ။ ပြည်ပကိုပို့တာတော့ ရာသီချိန်ပေါ့။ မိုးကုန်မှ ပြည်ပကိုထွက်တာ။ မိုးမကုန်မချင်းကတော့ ပြည်တွင်းမှာပဲ ရောင်းတယ်။"

ခင်ဦး၌ စစ်ရှောင်ထောင်ချီအတွက် အနွေးထည်နှင့်စောင်များလိုအပ်နေ ဟုဆို

"ဒီနေ့အထိ ဘယ်သူမှ အိမ်ပြန်လို့မရသေးဘူး။ စစ်ရှောင်နေရတုန်းပဲ။ ရာသီဥတုအခြေအနေအရ လောလောဆယ် စစ်ရှောင်တွေအတွက် အနွေးထည်နဲ့စောင်တွေ လိုအပ်နေတာရှိ တယ်။ ဒီမှာက နေ့ပိုင်းဆို နေပူပေမဲ့ ညပိုင်းဆို တော်တော်အေးတာ။"

ကျိုက်ထို၌ ပစ်ခတ်မှုဖြစ်၍ နှစ်ဦးသေဆုံး

"ဗလီစုရပ်မှာနေတဲ့ ဦးညီညီလွင်က ကွမ်းယာဝယ်ဖို့ စျေးပိုင်းရပ်ကိုရောက်နေတုန်း လူနှစ်ယောက်က သေနတ်နဲ့ပစ်သွားတာ။ ပစ်ခတ်မှုဖြစ်တဲ့အနားက အိမ်ရှေ့တံခါးပေါက်မှာ ထမင်းထိုင်စားနေတဲ့ မနှင်းရည်ထွေးရဲ့ ဦးခေါင်းကိုလည်း ကျည်ထိမှန်သွားတယ်။ နှစ်ဦးစလုံး ရရှိဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။"

ကျောက်တံခါး၌ မိုင်းကွဲ၍ လျှပ်စစ်တာဝါတိုင်သုံးတိုင် ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ရာတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တံတားတစ်စင်း၊ ရထားလမ်းနှင့် ကာကင်းစစ်စခန်းအချို့အား ယနေ့နံနက်ပိုင်း(ဇန်နဝါရီ ၄ ရက်) တွင် တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တောင်ကိုရီးယားရှိ တရားမဝင်အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအစီအစဉ် သက်တမ်းတိုးပေးထား ဟုဆို

အဆိုပါအစီအစဉ်ဖြင့် မိမိနေရပ်ပြန်လိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုကြောင်း စာရွက်စာတမ်းအထောက်အထားနှင့် လေယာဉ်လက်မှတ်တို့ တင်ပြ၍ တောင်ကိုရီးယားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

အင်းစိန်ထောင်မှ အကျဉ်းသား ၂၅၀၀ နီးပါးအပါအဝင် အကျဉ်းသားကိုးထောင်ကျော် လွတ်မြောက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ၏ စာရင်းများ အရ သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးဖြစ်စဉ်များနှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူ ၂၅,၀၀၀ ကျော်ရှိ ကာ ထိုအထဲမှ ၅၀၀၀ ခန့်သာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်ခြမ်းမှ ပစ်လိုက်သော အမြှောက်ကျည်ဆံများ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်သည့်အတွက် တရုတ်နိုင်ငံသားအချို့ ဒဏ်ရာရ ဟုဆို

မြန်မာနိုင်ငံ လောက်ကိုင်မြို့မှ ပစ်ခတ်လိုက်သော အမြှောက်ကျည်ဆံများသည် Nansan ဒေသကို ဇန်နဝါရီ ၃ ရက်နေ့ နေလည် ၂ နာရီကျော်က ကျရောက်ပေါက်ကွဲခဲ့ကြောင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် Zhenkang မြို့မှ တာဝန်ရှိသူများက ပြောသည်။

မြောက်ဒဂုံ Su Zin Pet Hotel မီးလောင်၊ ခွေးနှင့် ကြောင် အကောင် ၈၀ ခန့် မီးလောင်သေဆုံး

"အဲ့နားကလူတွေပြောတာတော့ အမှိုက်ပုံမီးရှို့ရင်း ဓာတ်ကြိုးပါထိပြီး ဂေဟာအထိမီးစွဲပြီး မီးကြီးတာတဲ့။ လူတွေတော့ ပြေးလို့လွှတ်တယ်။ ကလေး ၈၀ ကျော်လောက် မီးထဲပါသွား တယ်။" ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်း မိုင်းကွဲ၍ ပျက်စီး

ထိုသို့ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တံတားတစ်စင်းပျက်စီးခဲ့ကာ သွားလာ၍မရတော့၍ ကုန်တင်ယာဉ်များအပါအဝင် ယာဉ်အမျိုးမျိုးမှာ အမြန်လမ်းမှ ဖြတ်သန်းသွားလာ လျက်ရှိနေကြောင်း သိရသည်။