» သတင်း

လားရှိုး- နမ္မတူလမ်းပေါ်ရှိ အီနိုင်းတံတား မိုင်းခွဲခံရ၍ ပျက်စီး

"ညက ပစ်ခတ်သံနည်းနည်းကြားရပြီး၊ မိုင်းပေါက်ကွဲတဲ့အသံလို ပေါက်ကွဲသံ သုံးကြိမ်လောက်ကြားရတယ်။ မနက် ၃ နာရီလောက်က ပေါက်ကွဲသံတစ်ချက်က တော်တော်ကျယ် တယ်။ အဲ့ဒီနောက်ပိုင်း အသံမကြားရတော့ပဲ ဒီမနက် တံတားပျက်စီးနေတာ တွေ့ရတာ။" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မတ္တရာရှိ ဥဒိန်ရွာ မီးရှို့ခံရပြီး ဒေသခံထောင်ချီ စစ်ရှောင်နေရ

စစ်ကြောင်းများ ဝင်ရောက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်၍ ဥဒိန်ရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာခြောက်ရွာထက်မနည်းမှ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ချောင်းနှစ်ခွတိုက်ပွဲ ပြင်းထန်မှုကြောင့် ဒေသခံနှစ်သောင်းနီးပါး စစ်ရှောင်ရ

"ချောင်းနှခွရွာရဲစခန်းနဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်တာလေးရက်လောက် ရှိပြီ။ လက်နက်ကြီးနဲ့ ပစ်တာတွေရော၊ တိုက်ပွဲပြင်းထန်တာကြောင့် ချောင်းနှစ်ခွရွာအနားက ဒေသခံ အားလုံးနီးပါး စစ်ရှောင်နေရတာ။" ဟု ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောသည်။

မြောက်ဦး၌ ငါးရက်အတွင်း လက်နက်ကြီးကျည်ကျ၍ သေဆုံးသူ ၁၅ ဦးထက်မနည်းရှိ

"နေ့တိုင်းပစ်နေတာ။ ကလေးတွေရောထိတယ်။ သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေများတယ်။ မြောင်းဘွေရဲစခန်းကို ဝင်စီးတဲ့အချိန် ဟိုဘက်ကလည်း ဆက်တိုက်ပစ်တာ၊ အိမ် တွေဘက်ကျတော့ ထိကုန်တယ်။" ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေး၌ အမျိုးသမီးဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

"အမှတ် ၃ နယ်မြေရဲစခန်းကနေ ချမ်းအေးသာစံမြို့နယ်မှူးရုံးမှာ ရုံးအလုပ်လုပ်ပြီးအပြန်မှာ ပစ်ခတ်ခံရတာ။ ဆေးရုံအရောက်မှာ သေဆုံးတယ်လို့ သိရပါတယ်" ဟု လုံခြုံရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နမ္မတူ၌ လေကြောင်းတိုက်ခိုက်ခံရ၍ ကျောင်းဆရာမတစ်ဦး သေဆုံး

"လေကြောင်းတိုက်ခိုက်ခံရတဲ့အချိန် ဆရာမက ဘုန်းကြီးကျောင်းနားမှာ ရှိနေတာ။ ဗုံးစထိမှန်တာသိသိချင်း ရွာသားတွေက အနီးကမန်စံဆေးရုံမှာ ဆေးကုသနိုင်ဖို့ ပို့ပေးသေးတယ်။ ဒဏ်ရာကပြင်းတော့ လမ်းတစ်ဝက်မှာပဲ သေဆုံးသွားတာ"

ကျိုက်မရောဒေသခံ သုံးသောင်းကျော် စစ်ရှောင်နေရ

တစ်လကျော်ကြာ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကျိုက်မရောမြို့ပေါ် အပါအဝင် ကျေးရွာ ၁၅ ရွာထက်မနည်းမှ ဒေသခံသုံးသောင်းကျော်မှာ ယနေ့အထိ ဘေး လွတ်ရာနေရာများတွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

ထိုင်းမှ မြန်မာ​လုပ်သားများ ဝင်ငွေခွန်နှစ်ရာခိုင်နှုန်း ပေးဆောင်ရမည် ဟုဆို

ထိုင်းနိုင်ငံတွင် စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများအနေဖြင့် လစဉ်ဝင်ငွေခွန် နှစိရာ ခိုင်နှုန်းကို ထိုင်းဘတ် ၁၅၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား သင်္ဘောများ ဆိုက်ကပ်နိုင်ရေး စစ်တွေဆိပ်ကမ်းကို ယာယီပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်

အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် စစ်တွေကုလားတန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကို ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်အထိ သတ်မှတ်လိုက်ကြောင်း သိရသည်။

ရွှေလွိုင်ကော် ပရဟိတအသင်းရုံးနှင့် လူနာတင်ကားများ မီးရှို့ဖျက်စီးခံရ

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက် ညပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ရွှေ လွိုင်ကော် ပရဟိတအသင်း၏ နေအိမ်၊ ရုံးခန်းဖွင့်လှစ်ထားသည့် အဆောက်အဦနှင့် လူနာတင်ယာဉ် ၇ စီးတို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း အသင်းနှင့်နီးစပ်သူများထံမှ သိရသည်။