» သတင်း

၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ထိပ်ဆုံးတွင်ရပ်တည်

မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ဘိန်းတန်ချိန် ၁၀၈၀ မက်ထရစ်တန် ထုတ်လုပ်ခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်နှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ (UNODC) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျွန်းလှ၌ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရ၍ ကျွန်းလှမြို့နယ်၊ ဆည်အနောက်ဘက်ခြမ်း ရှိ တပူတော၊ လိပ်ဆင်းတောင်၊ အေးချမ်းသာနှင့် အင်လှရွာတို့မှ ဒေသခံ ငါးထောင်ထက်မနည်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

မူဆယ် ၁၀၅ မိုင်၌ လက်နက်ကြီးကျ ပရဟိတသမားတစ်ဦး သေဆုံး

"သူတို့က မိသားစုသုံးယောက်ဗျ။ သေသွားတဲ့အမျိုးသားက အသက် ၅၀ ကျော်လောက်ရှိတယ်။ သူတို့လင်မယားက ကျန်းမာရေးပရဟိတလုပ်ကြတယ်။ ဒဏ်ရာရတဲ့အမျိုးသမီး နှစ်ဦးက သူ့မိန်းမနဲ့ သမီး။ တိုက်ပွဲတွေက ပြီးခဲ့တဲ့လတည်းကဖြစ်နေတာ ဒီနေ့အထိပဲ။ အခုလဲ နှစ်ဘက် အပြန်အလှန်ပစ်နေကြတုန်းပဲ။"

ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သား ခေါ်ဆိုရန်မရှိဟု ကိုရီးယားသံရုံးမှ ထပ်မံအသိပေး

"ဒီသတင်းတွေထွက်လာပြီး မကြာဘူး။ ကိုရီးယားဘက်က မဟုတ်ပါဘူးလို့ ငြင်းထားပြီးပြီ။ ဒါကို ပြည်တွင်းမှာရှိတဲ့ အေဂျင်စီတစ်ချို့က လိုင်းပေါ်မှာရော၊ မြေပြင်မှာပါ ရာသီချိန် လုပ်သားတွေ ခေါ်နေပါတယ်ဆိုပြီး သတင်းတွေလွှင့်၊ ကြော်ငြာနေလို့ ကိုရီးယားဘက်က ထပ်ငြင်းတာ။"

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဆို

တရုတ်နိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုအပေါ်မူတည်၍ ယခုလကုန်ခန့်တွင်လည်း ထပ်မံဆွေးနွေးသွားရန်ရှိ ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

စင်ကာပူရောက် မြန်မာနိုင်ငံသားများ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရမည် ဟုဆို

အောက်တိုဘာလမှ လာရောက်ဆောင်ရွက်သည့် ကာလအထိ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ မြန်မာသံရုံး၊ စင်ကာပူမြို့တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခြင်းနှင့် ကောင်စစ်ဝန်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်၌ စက်သုံးဆီ​စျေးကြောင့် ဘေးတွဲဆိုင်ကယ်စီးနင်းခများ အဆမတန် မြင့်တက်နေ ဟုဆို

အဆိုပါ သီလဝါဆိပ်ကမ်းမှ ခွဲတန်းစနစ်ဖြင့် ​ရောင်းချ​ပေးသည့် စက်သုံးဆီများကို တန်းစီစနစ်ဖြင့်ဝယ်ယူပြီး ဆိုင်တွင်ပြန်လည်ရောင်းချရာ နှစ်နာရီအတွင်း ရောင်းကုန်ခဲ့​ကြောင်း ရတနာစက်သုံးဆီအ​ရောင်းဆိုင်မှ တာဝန်ခံတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

စက်သုံးဆီမရ၍​ ကုန်စည်သယ်ယူပို့ဆောင်ရေးယာဉ်များ အခက်တွေ့နေ ဟုဆို

"စက်သုံးဆီတွေက မရတော့ ကုန်ကားတွေကမထွက်နိုင်ဘူး။ ကုန်ကားတွေက မထွက်နိုင်တော့ တောင်သူတွေလည်း ဒုက္ခရောက်တာပေါ့။ ကုန်စည်ပို့တာ‌လည်း နောက်ကျတယ်။ စရိတ်ကလည်း ပိုကုန်တယ်။ အရင်ကထက် နှစ်ဆလောက်တတ်သွားတယ်။"

သိန္ဒီ၌ လက်နက်ကြီးကျည်ထိမှန်၍ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီး

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်က သိန္ဒီမြို့နှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်​ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရပ်ကွက်(၁)အတွင်းသို့ ကျရောက်ခဲ့ပြီး လူနေအိမ်အချို့သို့ ထိမှန်ကာ မီးလောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြောက်ပိုင်း တိုက်ပွဲများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ အပြုသဘောဆောင် ဟုဆို

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပြုသဘောဆောင်သောရလဒ်များ ရရှိခဲ့ကြောင်း တရုတ် အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။