» သတင်း

တာမွေမြို့နယ် သီတာလမ်းထိပ်၌ ဆန္ဒပြလူငယ်နှစ်ဦး ပစ်ခတ်ခံရ၍သေဆုံး ဟုဆို

ယမန်နေ့ ညနေ ၆ နာရီကျော်က လူငယ်တစ်စုသည် ဗညားဒလလမ်းနှင့် သီတာလမ်းထိပ်၌ တာယာကွင်းကိုမီးရှို့ကာ ဆန္ဒပြနေစဉ် လုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာကာ ပစ်ခတ်ဖမ်း ဆီးခဲ့၍ နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အခေါက်ရွှေတစ်ကျပ်သား ရည်ညွှန်းစျေး ၃၅ သိန်းကျော်သို့ ရောက်ရှိ

ဒီဇင်ဘာ ၅ ရက်က ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းသတ်မှတ်ချက်အား ပယ်ဖျက်ခဲ့ပြီးနောက် ယခုအခါ ပြင်ပပေါက်စျေးဖြင့်သာ တွက်ချက်ရောင်းဝယ်လျက်ရှိစဉ် ရွှေအသင်း၏ ရည်ညွှန်းစျေးမှာလည်း မြင့်တက်လာခြင်းဖြစ်သည်။

ကျောက်ဆည်နှင့် ပဲခူး၌ စက်သုံးဆီဘောက်ဆာကားနှစ်စီး မီးလောင်

"တွဲစလစ်ဖြစ်ပြီး နောက်ချိတ်ပြုတ်သွားတာ။ ကားကခေါင်းကျန်ခဲ့ပြီး၊ ဆီအပြည့်နဲ့တွဲကြီး မီးလောင်သွားတာ။ တွဲတစ်ခုလုံးတော့ ကုန်သွားတယ်။" ဟု ကျောက်ဆည်လူမှုကူညီရေး အသင်းမှ အသင်းသားတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရန်ကုန်သာမက ဒေသအသီးသီးတွင်လည်း စက်သုံးဆီဝယ်ယူရ ခက်ခဲနေ

ပြီးခဲ့သည့် ရက်ပိုင်း၌စ၍ ဒေသအသီးသီးတွင် စက်သုံးဆီဝယ်ယူရ ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယနေ့တွင်လည်း စက်သုံးဆီရရှိနိုင်ရန် ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးရှိ ဆီဆိုင်များတွင် နာရီနှင့်ချီကာတန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

ဖယ်ခုံအရှေ့ခြမ်းရှိ စစ်ရှောင် ၅၀၀၀ နီးပါး အရေးပေါ် အကူအညီ လိုအပ်နေ

လွိုင်ကော်မြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များတွင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများပါဝင် ပြီး ၎င်းတို့တွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

စက်သုံးဆီတင်သင်္ဘောများ ရန်ကုန်မြစ်ဝတွင် ရောက်ရှိနေသော်လည်း ငွေမချေပေးသဖြင့် ဆီမချပေး ဟုဆို

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်တွင် မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ စက်သုံးဆီများတင်ဆောင်လာသည့် သင်္ဘော ၁၁ စီး ရန်ကုန်၊ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်လာပြီး မြန်မာနိုင်ငံ ဘက်မှ ဆီဖိုးငွေကို အကျေမချေသည့်အတွက် ဆီမချပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း အထည်လိပ်ကုန်ကြမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင်သွင်းနေ ဟုဆို

နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံများအတွက် လိုအပ်နေသည့် CMP အထည်လိပ်ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံထားသည့်နိုင်ငံများက တရုတ်နိုင်ငံဈေးကွက်မှတစ်ဆင့် ကုန်ကြမ်းပစ္စည်းများ အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျပေါက်ကွဲ မိသားစုငါးဦးသေဆုံး ကလေးတစ်ဦးဒဏ်ရာရ

“မနေ့ညက ၁၁ နာရီကျော်လောက်က ဖြစ်ဖို့များတယ်။ မိသားစု ငါးယောက်တော့ သေဆုံးသွားတယ်။ တစ်ဦးတော့ ကျန်ခဲ့တယ်။ မိန်းကလေးပဲ ဒဏ်ရာတော့ပြင်းတယ်။ အိမ်က တော့ အကုန်လုံးပျက်စီးသွားတာ။ တခြားအိမ်တွေလဲ ထိခိုက်တာပါတယ်။ ကလေးမလေးကိုတော့ ရွှေလီဆေးရုံကိုပိုခဲ့တယ်။”

နှစ်ဖက်တိုက်ပွဲကြောင့် မုန်းဒေသခံ ခုနစ်သောင်းနီးပါး စစ်ရှောင်နေရ

ဒီဇင်ဘာ ၃ ရက်၊ နံနက်အစောပိုင်းမှစတင်၍ မုန်းမြို့ရှိ တပ်စခန်းအချို့နှင့် ရဲစခန်းအချို့ကို KNU နှင့် PDF ပူးပေါင်းအဖွဲ့များက စတင်တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ဆက်လက်ဖြစ်နေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

မြန်မာ့သကြား တန်ချိန်တစ်သောင်း ဗီယက်မှဝယ်ယူမည့် အမှာစာရရှိထားပြီး ဘဂ်လားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့နိုင်ရန်လည်းစီစဉ်နေ ဟုဆို

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် အခြားပြည်ပနိုင်ငံများသို့ သကြားတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ သို့သော်လည်း ဗီယက်နမ်၏ ဝယ်ယူမှုအမှာစာ အရ သကြားတင်ပို့မှုကို ထိုနိုင်ငံသို့ ဦးစွာတင်ပို့ရန် စီစဥ်ရခြင်းဖြစ်ကြောင်း သိရသည်။