» သတင်း

မိုးညှင်း၌ လက်နက်ကြီးကျည်ထိမှန်၍ ကလေးတစ်ဦးသေဆုံးကာ ကလေးနှစ်ဦးနှင့် မိခင်တို့ဒဏ်ရာရ

ယနေ့ နံနက် ၉ နာရီကျော်က မိုးညှင်းမြို့၊ ထန်းတပင်ကျေးရွာအနီး၊ တက္ကသိုလ်ကျောင်းလမ်းဘေးတွင် သားအမိလေးဦးတို့ လမ်းလျှောက်လာကြစဉ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ၍ ကလေးငယ်သုံးဦးနှင့် မိခင်တို့အား ထိမှန်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြိုနယ်တွင် လင်း ရေသန့်စက်ရုံ မီးလောင် ၈၈ သိန်းခန့်ဆုံးရှုံး

“လင်း ရေသန့်စက်ရုံထဲမှာက အရက်ဆီပုံးတွေထားတယ်။ အဲဒီက အလုပ်သမားက အရက်ဆီပုံးကို ဖွင့်တာ။ အဲဒီမှာမော်တာပွင့်ပြီး မီးလောင်တာ။ ဝန်ထမ်းနှစ်ဦး ဒဏ်ရာထိခိုက်မှု တော့ရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ၈၈ သိန်းခန့်ရှိတယ်ဗျ။”

ရန်ကုန်၌ စက်သုံးဆီပြတ်လပ်မှု ထပ်မံဖြစ်

"မနက် ၄ နာရီထဲက လာတန်းစီကြတာ။ ၈ နာရီခွဲလောက်မှ ဝယ်လို့ရတယ်။ ဒါတောင် လိုသလောက်ဝယ်မရဘူး။ သူတို့ရောင်းပေးသလောက်ပဲ ဝယ်လို့ရတယ်။" ဟု ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ဆီဝယ်ယူခဲ့သူတစ်ဦးက ပြောသည်။

ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းအပြောင်းအလဲသည် သွင်းကုန်သမားများအတွက် အခက်အခဲရှိ ဟုဆို

ပို့ကုန်သမားတွေအတွက်က အဆင်ပြေတယ်။ သွင်းကုန်သမားတွေအတွက် အဆင်မပြေဘူး။ ဒီဟာကြောင့် ဒေါ်လာဈေးတွေက တတ်လာနိုင်တယ်။ တစ်ဖက်က ပစ္စည်းတွေပြန်သွင်းတဲ့အခါ ပြည်တွင်းမှာ ဈေးကတတ်လာနိုင်တယ်

ကော့ကရိတ်ဒေသတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်ရ

"နေ့ရော၊ ညရော ပစ်နေတာလေ။ လေယာဥ်နဲ့ရော လက်နက်ကြီးကျတာတွေရော၊ ဘယ်သူမှ မနေရဲတော့ဘူး။ မြို့ထဲမှာ အလွယ်တကူမပြေးနိုင်တဲ့ လူကြီးတချို့နဲ့ ရွေ့ပြောင်းဖို့ ခက်ခဲသူတချို့ပဲ ကျန်ခဲ့တာ။" ဟု ဒေသတွင်းစစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။

ဘုတ်ပြင်း၌ တရားရုံးသို့လာသည့် လင်မယားနှစ်ဦး လမ်း၌ပစ်ခတ်ခံရ

"ဦးခင်ဦးနဲ့ ဒေါ်စန်းကြူတို့ လင်မယားနှစ်ယောက်က တရားရုံး ရုံးချိန်းရှိလို့ ဘုတ်ပြင်းကို ဆိုင်ကယ်နဲ့ထွက်လာတုန်း ဟန်ကပြုရွာ၊ တောင်ဒဂုံဆီအုန်းလမ်းအရောက်မှာ အနောက်က ဆိုင်ကယ်နဲ့ကပ်လိုက်လာတဲ့ လူနှစ်ဦးက သေနတ်နဲ့ပစ်သွားတာ။ နှစ်ဦးစလုံး ဒဏ်ရာပြင်းတယ်။"

သီပေါတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၀၀၀ ကျော်ခန့်ရှိလာ

ယနေ့ နံနက် ၈ နာရီကျော်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီးတဝိုက်တွင် တိုက်ပွဲများပြင်ထန်နေပြီး စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကော့ကရိတ်၌ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်

"သူတို့က ညမထွက်ရအမိန့်သာ ထုတ်ပြန်နေတာ။ မြို့ပေါ်က လူတွေအများစုက ပြီးခဲ့တဲ့ရက်ထဲက စစ်ရှောင်နေကြရတာ။ မြို့ပေါ်မှာ လူတောင် သိပ်မကျန်တော့ဘူး။ ကျန်တဲ့သူတွေ လည်း နီးစပ်ရာကို ထွက်ပြေးကြဖို့ လုပ်ဆောင်နေကြတယ်။"

နိုဝင်ဘာလတွင် ပြည်ပဆန်တင်ပို့မှုမှ ဝင်ငွေအများဆုံးရရှိခဲ့ ဟုဆို

"အခုကတော့ နယ်စပ်လမ်းကြောင်းကနေ ဆန်တင်ပို့မှုကတော့ မရှိတော့ဘူး။ ပင်လယ်ရေကြောင်းကနေ တချို့ကုန်သည်တွေက ပြောင်းပြီးတင်ပို့ကြတယ်။ နယ်စပ်ကတော့ တိုက်ပွဲတွေမဖြစ်ခင်ကတည်းက ပို့ကုန်ဝင်ငွေ ၅၀/၅၀ ကြောင့် သိပ်မပို့ကြတော့ဘူး။ အခုဆိုပိုဆိုးပေါ့။"

အိမ်သုံးမီတာတပ်ဆင်ခမှာ သတ်မှတ်နှုန်းထက် ပိုမိုကုန်ကျသည် ဟုဆို

ယခင်က အိမ်သုံးမီတာတပ်ဆင်ခမှာ အထွေထွေကုန်ကျစရိတ် စုစုပေါင်း ၁၃၀,၀၀၀ ကျပ်သာ ကုန်ကျမည်ဟု သတ်မှတ်ထားသော်လည်း အမှန်တကယ်တပ်ဆင်ခဲ့သူများ မှာ ထိုနှုန်းထားထက် ပိုမိုကုန်ကျပြီး၊ မီတာဘောက်ချပေးရန် အလွန်ကြာမြင့်ကြောင်း တပ်ဆင်ထားသူများထံမှ သိသည်။