» သတင်း

လှည်းကူး၌ ယာဉ်သုံးစီးဆင့်တိုက်၊ ၂၃ ဦးဒဏ်ရာရ

ယာဉ်တိုက်မှု​ဖြစ်ပွားခဲ့သည့်ယာဥ်မှာ အထည်ချုပ်စက်ရုံတစ်ခု၏ ဖယ်ရီဖြစ်ပြီး၊ ယာဉ်မောင်းမှာ ခြေထောက်ကျိုးသွားကာ၊ ဖယ်ရီပေါ်၌ စီးနင်းလိုက်ပါလာသည့် အမျိုးသမီး ၂၀ ဦးနှင့် အမျိုးသား ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သုဝဏ္ဏရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်

"အသံကတော့ တော်တော်ကျယ်တယ်။ အုန်းခနဲ တစ်ချက်ကြားရတာ။ ရဲစခန်းအနီးမှာပေါက်ကွဲတာလို့ သိရတယ်။ လူထိခိုက်မှု မရှိဘူး။" ဟု အနီးရှိရပ်ကွက်အတွင်း၌ နေထိုင်သူ တစ်ဦးက ပြောသည်။

ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းနှင့် နှစ်စဉ်ကြေးပေးသွင်းခြင်းကို ဒီဂျစ်တယ်ငွေချေစနစ်ဖြင့် ဆောင်ရွက်သွားမည် ဟုဆို

ဆေးဝါးမှတ်ပုံတင် သက်တမ်းတိုးခြင်းကို FDA ၏ e-Submission System တွင် ဆေးဝါးမှတ်ပုံတင်သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း (၁၅၀) ကြိုတင်၍ ဝင်ရောက်လျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။

စစ်​ဘေး​ရှောင်များကို လူသားချင်း စာနာ​ထောက်ထားမှုအ​နေဖြင့် ယာယီ​နေထိုင်ခွင့် လက်မှတ်ထုတ်​ပေးရန် UWSA ​ကြေညာ

နှစ်ဘက်တိုက်ပွဲများ​ကြောင့် "ဝ"ဒေသအတွင်းကို ဝင်ရောက်လာ​သော စစ်ဘေးရှောင်များအား လူသားချင်း စာနာ​ထောက်ထားမှုအ​နေဖြင့် ယာယီနေထိုင်ခွင့်လက်မှတ် ထုတ်​​ပေးရန် ဒီဇင်ဘာ ၃ ရက်၊ နေ့စွဲဖြင့် UWSA က ထုတ်ပြန်ကြေညာလိုက်​ကြောင်း သိရသည်။

ကျောက်မဲ၌ တစ်နေ့လျှင် လေးနာရီသာ လျှပ်စစ်မီးရ၍ ဒေသခံများ အခက်အခဲဖြစ်နေ

ကျောက်မဲမြို့အား မူဆယ်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားလိုင်းများမှတဆင့် လျှပ်စစ်မီးပေးနေခြင်းဖြစ်ကာ၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲကြောင့် တာဝါတိုင်အချို့ ပျက်စီးခဲ့၍ ကျောက်မဲမြို့၌ ယခုရက်ပိုင်းတွင် တစ်နေ့လျှင် လေးနာရီသာ လျှပ်စစ်မီးရရှိခြင်းဟု သိရသည်။

မူဆယ်မြို့၊ နမ့်ခွမ်စစ်ရှောင်စခန်းတွင် ဖျားနာသူ ၅၀ ဦးခန့်ရှိနေ

“နမ့်ခွမ်စစ်ရှောင်စခန်းမှာ အနည်းငယ်ဖျားနာနေသူများကို ဆေးကုဖို့အတွက် မူဆယ်လှိုဏ်ဂူဘုရားနားက ဘုံဆွမ်းလောင်းအသင်းကို့ ပို့ထားတယ်။ ရောဂါပျောက်သွားရင် စစ်ရှောင်စခန်းကို ပြန်ပို့ပေးမယ်။” ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ

"အခုက ကုန်သွယ်မှုက လုံးဝမရှိသလောက်ဖြစ်သွားပြီ။ ရပ်တန့်နေတဲ့သဘောပေါ့။ ကိုဗစ်ကာလနောက်ပိုင်း ကုန်သွယ်မှုက လျော့ကျသွားတာရှိသလို နိုင်ငံရေးအပြောင်းအလဲတွေ ကြောင့်လည်း ကုန်သွယ်မှုက ကျဆင်းနေတာ။ အခုတော့ လုံးဝမရှိသလောက်ပေါ့။" ဟု တမူးနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

မူဆယ်မြို့ လွယ်တိန်ခမ်း တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းထဲ ဒရော့ဗုံးကျ

“ဒီနေ့ ၁၁ နာရီလောက်က ကျတာ။ ဘုန်းကြီးကျောင်းထဲကို။ ဒရော့ဗုံးက ခုနှစ်လုံးရှိတယ်လို့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ ပျက်စီးဆုံးရှုံးတာလဲ ရှိတာပေါ့နော်။ တောင်ပေါ် က ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတယ်ထင်ပြီး ပစ်တာလဲ နေမယ်။” ဟု ဒေသခံတစ်ဦးက…

ကျိုက်မရော တိုက်ပွဲကြောင့် ဒေသခံနှစ်သောင်းကျော် စစ်ရှောင်ရ

တိုက်ပွဲများကြောင့် ကျိုက်မရောမြို့နယ်၊ ထရံ၊ မီးသွေးကုန်း၊ ကော့ဒွန်း၊ ကြံတော၊ ချောင်းနှစ်ခွ စသည့်ကျေးရွာများအပါအဝင် ကျေးရွာ ၂၀ ခန့်မှ ဒေသခံနှစ်သောင်းကျော် စစ်ရှောင် နေရခြင်းဖြစ်ကာ ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

အစ္စရေးနှင့် ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကြား သုံးရက်ဆက်တိုက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားလာပြီး စစ်ပွဲအရှိန်မြင့်တက်လာ

ဟစ်ဘိုလာအုပ်စုသည် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့ များထဲတွင် ခေတ်မီလက်နက်များနှင့် လူအင်အားအများဆုံးရှိနေသည့် အဖွဲ့အစည်းဖြစ်ရာ အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့် စစ်ပွဲထဲကိုတိုက်ရိုက်ပါဝင်လာမည်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။