» သတင်း

ဂုတ်တွင်း၌ တိုက်ပွဲများကြောင့် ဒေသခံ ၇၀ ကျော် ထပ်မံစစ်ဘေးရှောင်ရ

“ဒီမနက်မှ လုံကြိမ်ရွာဘက်က စစ်ဘေးရှောင်တွေပြန်သွားတာ။ ညကျတော့ တိုက်ပွဲက အသံတွေကကြားနေတယ်။ ကျွန်တော်တို့ ကားလေးစီးနဲ့ သူတို့ကိုသွားပြန်ခေါ်လာခဲ့တယ်။ ပြီးတော့မှ စစ်ရှောင်စခန်းကိုပို့ပေးတယ်။” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေးမြို့တွင် နေအိမ်အလုံး ၅၀ မီးလောင်ကျွမ်း၊ လူဦးရေ ၁၆၀ မီးဘေးသင့်

ရေးမြို့နယ်၊ ဇီဖြူသောင်ကျေးရွာ ငွေသောင်ဖြူ (၁) ရပ်ကွက်၊ သဲပုံစေတီအနီးရှိ နေအိမ်တစ်လုံး မီးကြွင်းမီးကျန်များမှတဆင့် နေအိမ်အလုံး ၅၀ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး၊ လူဦး ၁၆၀ မီးဘေးသင့်ခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

လားရှိုး-သီပေါလမ်းပေါ်ရှိ စဉ့်အင်တံတား တိုက်ပွဲကြောင့် ပျက်စီး

ယမန်နေ့ နံနက်အစောပိုင်းက သီပေါမြို့နယ်၊ သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတားရဲစခန်းအနီးတွင် နစကတပ်များနှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားရာမှ တံတားပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးကားဈေးကွက်အတွင်း ကျပ်သိန်း ၅၀၀ အောက်ကားများ ပုံမှန်ဝယ်ရောင်းရှိ

မန္တလေးအကြိုက် Honda Fit ၊ Honda Insight ၊ Toyota Vitz ၊ Mazda Demio ၊ Toyota Wish စသည့်ကားများ ပို၍အရောင်းအဝယ်ဖြစ်နေပြီး Wish အမျိုးအစားများတွင် သိန်း…

မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၁၂၁ ဦးကို ပြန်လည်ကယ်တင်

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Datuk Mohamad Alamin က အောက်တိုဘာလတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် မြန်မာနိုင်ငံမြောက်ပိုင်း လောက်ကိုင်မြို့ တွင် ပိတ်မိနေသော မလေးရှားနိုင်ငံသား ၁၂၈ ဦးထဲမှ ၁၂၁ ဦးကို ဒီဇင်ဘာ ၁ ရက်နေ့တွင်…

မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဒေသအချို့ မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်

ယနေ့ နံနက် ၅ နာရီခွဲ မိုး/ဇလ၏ တိုင်းထွာချက်အရ မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော်အတွင်း ဆက်လက်ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းနှင့် ဟိုင်းကြီးကျွန်းမြို့၊ အိန္ဒိယနိုင်ငံရှိ မြို့နယ်အချို့တို့အနီး ပင်လယ်ပြင်ကို ဗဟိုပြုလျက်ရှိကြောင်း သိရသည်။

ရှမ်းမြောက်တိုက်ပွဲများအတွင်း ကြက်ခြေနီကားတစ်စီး ကျည်ထိမှန်

ယနေ့ ညနေ ၅ နာရီခန့်က မူဆယ် ၁၀၅ မိုင်ကြားတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ဘေးရှောင်စောင့်ရှောက်ရေး ကြက်ခြေနီကားတစ်စီး ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပရဟိတ အသင်းမှ အသင်းဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အစ္စရေးနှင့် ဟားမက်စ်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည်စတင်

အစ္စရေးစစ်တပ်က ဟားမက်စ် လက်နက်ကိုင်အဖွဲ့သည် အစ္စရေးပိုင်နက်များကို ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ၇ ရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များကို ချိုးဖောက်ခဲ့ ကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အငှားယာဉ်မောင်းကို တိုက်ပြေးသွားသည့် YBS ၄၃ ယာဥ်မောင်းအား တစ်လနီးပါး ကြာသည်အထိ ဖမ်းမမိသေး ဟုဆို

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်အနီး အငှားယာဥ်မောင်းအား တိုက်ပြေးသွားသည့် YBS ၄၃ ယာဥ်မောင်းမှာ တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိ သေးကြောင်း YRTC မှ သိရသည်။

သီပေါ၌ တိုက်ပွဲကြောင့် သီလရှင်အပါး ၂၀၀ ကျော် စစ်ဘေးရှောင်ရ

ယမန်နေ့ ညက စစ်ဘေးရှောင် သီလရှင်များအား မြို့နယ်ပရဟိတအသင်းသားများက မော်တော်ယာဉ်များဖြင့် မြို့ပေါ်သို့ ကူညီရွေ့ပြောင်းပေးခဲ့ပြီး ယနေ့ နံနက်တွင် စားသောက် ရေးအတွက် မြို့ခံများက ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။